ဆူးလေစေတီတော်ကို အသုတ်အမတ်ကြီး တည်ခဲ့တဲ့အတွက် ကျိုက် အသုတ်စေတီ၊ နတ်လူတို့ စုဝေးရာအရပ်မို့ စုဝေးစေတီ၊ ဘုရားလေးဆူကို မီခဲ့တဲ့ လေးဆူနတ်ကြီး (ခ) ဆူးလေနတ်ကြီးကို အစွဲပြုပြီး ဆူးလေ စေတီ စသဖြင့် ခေါ်တွင်ခဲ့တဲ့ ဆူးလေ စေတီတော်ကြီးဟာ ယခုအချိန်မှာတော့ ဘက်စုံမွမ်းမံမှုများ...
ဗိုလ်တစ်ထောင်စေတီတော်ကြီးဟာ ပဲခူးရိုးမ တောင်ရဲ့ အစွန်း၊ အကုန်၊ အဆုံးမှာ တည်ရှိတာကြောင့် (ကျိုက်=ဘုရား၊ ဒေး=တောင်၊ အပ်=အစွန်း) ကျိုက်ဒေးအပ်၊ တောင်ကုန်းဘုရား၊ တောင်စွန်းဘုရား၊ တောင်ဆုံးဘုရားလို့ ခေါ်ဝေါ်ခဲ့ကြတာ ဖြစ်ပါတယ်။
(ပြဒါးရှင်ဘုရား) ရွှေတိဂုံဘုရားရင်ပြင်တော် အရှေ့ဘက်မုခ်နဲ့ အင်္ဂါထောင့်အကြားမှာရှိတဲ့ စေတီတစ်ဆူရဲ့ တောင်ဘက်မုခ်အတွင်းမှာ ရှိတဲ့ ကြေးဆင်းတုတော် တစ်ဆူ ဖြစ်ပါတယ်။ အလွန် အချိုးအစား ကျန ပြေပြစ်လှပါတယ်။ နဖူးတော်မို့မောက်နေတာကြောင့် ပြဒါးရှင်လုံး ဌာပနာထားတယ်လို့ ပြောစမှတ် ပြုကြပါတယ်။ ပြဒါးရှင်လုံး ရှိ၊ မရှိ...
(လက်ပက်လက်ဘုရား) ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ် အာရုံခံတန်ဆောင်းအတွင်းရှိ ကကုသန် မြတ်စွာဘုရားရဲ့ ရုပ်ပွားတော် ဖြစ်ပါတယ်။ လိုဏ်ဂူအတွင်းရှိ ကကုသန်ဘုရားရှင် ရုပ်ပွားတော်ရဲ့ လက်ယာဘက် လက်တော်ဟာ တခြား ရုပ်ပွားတော်များလို လက်မှောက်ခုံမဟုတ်ဘဲ လက်တော် ပက်လက်ထား၍ ထုထားတဲ့အတွက် လက်ပက်လက်ဘုရားလို့ ခေါ်ဝေါ်ခြင်းဖြစ်ပါတယ်။
(ဘိုးဘိုးအောင်ဘုရား) ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ် အနီးရှိ ဘိုးဘိုးအောင်တန်ဆောင်းမှာ တည်ရှိပါတယ်။ တန်ဆောင်းတွင်းရှိ ရုပ်ပွားတော်ကို ဘိုးဘိုးအောင် တည်ခဲ့တယ်လို့ ပြောစမှတ်ရှိပြီး ဘိုးဘိုးအောင် တန်ဆောင်းအနောက်ဘက် ကျောချင်းကပ်လျက် ဓမ္မစေတီမင်းရဲ့ ကောင်းမှုတော် စေတီ တည်ရှိပါတယ်။ ဓမ္မစေတီ ဘုရားရှေ့မှာ ခြင်္သေ့နဲ့ ကျားရုပ်ရှိတာကို...
(ဆံတော်တွင်း ရုပ်ပွားတော်) တန်ဆောင်းတွင်းရုပ်ပွားတော်အနောက်တွင် ယခင်နှစ်ပေါင်း ၅၀ ကျော်က ဆံတော်တွင်းသို့ဆင်းရာ ဥမင်လိုဏ်ခေါင်းရှိ သည်ဟု ပြောစမှတ်ရှိသည်။ဆံတော်တွင်းမှ ရေသည် ဧရာဝတီမြစ်ရေးနှင့်တစ်ကြောတည်းဖြစ်ပြီး ရေတက်၊ရေကျရှိတိုင်း ဆံတော်တွင်းမှာလည်း အတက်၊အကျရှိတယ်လို့ဆိုကြပါတယ်။ဆံတော်တွင်း အုတ်ပြဿဒ်ကိုငုံပြီး ၁၈၇၉ ခုနှစ်က တန် ဆောင်းဆောက်လုပ်ခဲ့ပါတယ်။
(ရှင်အဇ္ဇဂေါဏဘုရား) ရွှေတိဂုံရင်ပြင်တော် ရင်ပြင်တော် တနင်္ဂနွေထောင့်မှာရှိတဲ့ နောင်တော်ကြီး ဘုရားရဲ့ တောင်ဘက် အာရုံခံတန်ဆောင်းအတွင်း ရုပ်ပွားတော် ဖြစ်ပါတယ်။ ရှင်အဇ္ဇဂေါဏဟာ ဆိတ်မျက်လုံးတစ်ဖက်၊ နွားမျက်လုံးတစ်ဖက်ရှိတဲ့ ကိုယ်တော်လို့ ထင်ရှားပါတယ်။ အဂ္ဂိရပ်တန်ခိုးနဲ့ ပုဂံခေတ်က ရွှေမိုး၊ ငွေမိုးရွာအောင် စောင့်မခဲ့သော ကိုယ်တော်လို့လည်း ရှေးက...
(၄) ရှင်မထီးဘုရား ရွှေတိဂုံဘုရားရင်ပြင်တော် တနင်္ဂနွေထောင့်ရှိ နောင်တော်ကြီး ဘုရား မြောက်ဘက် အာရုံခံတန်ဆောင်း (ရှင်မထီးတန်ဆောင်း) အတွင်းရှိ ဘုရားဖြစ်ပါတယ်။ နှစ်ပေါင်း ၁၀၀၀ ခန့်က ရှင်မထီးဆရာတော် တည်သွားတဲ့ ဘုရားဖြစ်ပါတယ်။
(၃) ဆုတောင်းပြည့်ဘုရား (ရှင်စောပုဘုရား) ရွှေတိဂုံရင်ပြင်တော် ရာဟုထောင့် သံတန်ဆောင်းကြီး နံဘေးမှာ တည်ရှိပါတယ်။ အချို့က ဘားလေးဘား ဘုရားလို့လည်း ခေါ်ကြပါတယ်။ ရှင်စောပုဘုရားလို့လည်း ခေါ်တွင်ကြပါတယ်။ ဘုရားအနီးမှာ စကားစိမ်း၊ စကားဝါ စတဲ့ စကားပင် လေးပင်ရှိပါတယ်။ ဘုရားရဲ့ဥာဏ်တော် (ထီးတော်)...
(၂) ဝိဇ္ဇာဇော်ဂျီဘုရား ရွှေတိဂုံကုန်းတော် ရင်ပြင်တော် စနေထောင့် တည့်တည့်မှာ တည်ရှိပါတယ်။ စေတီငယ်ပေါ် ဇော်ဂျီရုပ်များ ထုလုပ်ထားတာကို တွေ့ရပြီး လောကီအစီအမံဖြင့် ပြုလုပ်ထားတဲ့ ဘုရားလို့ ယူဆရပါတယ်။