အင်းလေးကန် ရေရှည်တည်တံ့စေရေး သဲနုံးဆယ်ယူရေးလုပ်ငန်းဆောင်ရွက် – iSeeMedia
Local

အင်းလေးကန် ရေရှည်တည်တံ့စေရေး သဲနုံးဆယ်ယူရေးလုပ်ငန်းဆောင်ရွက်

Sed ut perspiciatis unde omnis iste natus error sit voluptatem accusantium doloremque laudantium, totam rem aperiam.

နေပြည်တော် စက်တင်ဘာ ၅

ကမ္ဘာလှည့် ခရီးသည်များကို ဆွဲဆောင်နေသည့် မြန်မာနိုင်ငံမှ အင်လေးကန်အတွင်း သဲနုံးများမြင့်တက်လာခြင်းနှင့် ကန်တိမ်ကောလာခြင်းများကြောင့် ရေရှည်တည်တံ့စေရေး အတွက် သဲနုံးများဆယ်ယူနေရပြီး သဘာဝပတ်ဝန်းကျင်နှင့် ဆက်စပ်ဂေဟစနစ်များ မပျက်သုဉ်းစေရေးတို့အတွက်လည်း ဆောင်ရွက်နေရသည်ဟု စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

အင်းလေးကန်မှာ ပြည်တွင်းသာမက ပြည်ပကမ္ဘာလှည့် ခရီးသွားများကိုပါ ဆွဲဆောင်နိုင်သည့် ခရီးစဉ်ဒေသတစ်ခုဖြစ်ပြီး တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်တွင်တည်ရှိကာ ကန် ဧရိယာ ၆၃ စတုရန်းမိုင်၊ ကန်ရေပြင်အကျယ် ဧရိယာ ၂၄ စတုရန်းမိုင်ခန့်ရှိနေသည်။

၁၉၉၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ၂၅ နှစ်အတွင်း နှစ်စဉ်ပျမ်းမျှမိုးရေချိန် ၃၆.၅ လက်မခန့်ရွာသွန်းခဲ့ပြီး ချောင်း ၂၉ ချောင်းမှ ရေစီးဝင်လျက်ရှိနေရာ ၎င်းချောင်းများမှ စီးဝင်သည့်ရေလမ်းကြောင်း တစ်လျှောက်ရှိ ပတ်ဝန်းကျင် ၌ တောင်ယာခုတ်ထွင်ရှင်းလင်း ထွန်ယက်လုပ်ကိုင်မှုများကြောင့် အပေါ်ယံမြေများ အချပ်လိုက် တိုက်စား စီးဆင်းလာခြင်း၊ ကမ်းပါးပြိုတိုက်စားခြင်းများ ဖြစ်ပေါ်ခဲ့ပြီး ကန်အတွင်းသဲနုန်းပို့ချမှု မှတဆင့်တိမ်ကောလာခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ကျေးရွာခြင်းဆက်သွယ်သည့် ရေလမ်းကြောင်းများ တိမ်ကောလာခြင်း၊ ရေနည်းချိန်တွင် ကမ်းစပ်ရေတိမ်ဒေသများ၌ သွားလာရခက်ခဲခြင်း၊ ရေအရည်အသွေး ကျဆင်းလာမှုနှင့်အတူ ရေမှော်၊ ဗေဒါများ ထူထပ်စွာ ပေါက်ရောက်ခြင်း၊ ရေလမ်းကြောင်းပိတ်ဆို့ လာမှုကြောင့် ရေပြင်ဧရိယာ နှင့် ရေလှောင်ပမာဏလျော့နည်းလာခြင်းများ ကြုံတွေ့နေရသည့် အင်းလေးကန်၏ သဘာဝ အနေအထားများ အရှည်သဖြင့်တည်တံ့စေရန် သုတေသနလုပ်ငန်းများ၊ သဲနုန်းများဆယ်ယူခြင်းလုပ်ငန်းများ၊ နုန်းဖမ်းတမံ နုန်းဖမ်းဆည်တည်ဆောက်ခြင်းလုပ်ငန်းများ၊ ကျွန်းမျော ရိုင်းများ ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိနေခြင်းဖြစ်သည်။

“အင်းလေးကန် အစဉ်အမြဲ သန့်ရှင်း သာယာလှပစေပြီး သဘာဝပတ်ဝန်းကျင်နှင့် ဆက်စပ်ဂေဟစနစ်တွေ မပျက်သုဉ်းစေဖို့နဲ့အင်းလေးကန်ရဲ့ သဘာဝအနေအထားတွေ အရှည်သဖြင့်တည်တံ့နေစေဖို့တို့အတွက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန က ဒေသဆိုင်ရာ အာဏာပိုင်တွေ၊ ဆက်စပ် ဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး နှစ်စဉ်သဲနုန်း ကျင်းပေါင်း တစ်သိန်းခန့် ကိုတူးဖော် ဖယ်ရှားပေးနေရပါတယ်” ဟု ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးကျော်မြင့်လှိုင် က ပြောသည်။

ထို့ပြင် အင်းလေးကန် ကဲ့သို့ အလားတူ နုန်းများပြည့်နေသည့် ကန့်ထောင့်ကန်၊ နဒီကန်၊ သာစည်ကန်၊ ကန်တော်ကန်၊ လွယ်တန့်ကန်၊ လွယ်မောကန် စသည့်ကန်များကိုလည်း နုန်းစစ်ကန်များအဖြစ် ပြန်လည် အသုံးပြု နိုင်ရန် အဆိုပါကန်များအတွင်းရှိ သဲနုန်းများကို ဖယ်ရှားခြင်းလုပ်ငန်း၊ ရေပယ်နုန်းထိန်းတမံ၊ သနပ်ခါး နုန်းထိန်းတမံ တို့မှ သဲနုန်းများအားဖယ်ရှားခြင်းလုပ်ငန်း ၊ အင်းလေးကန် အတွင်း စီးဝင်သည့် ရေလမ်းကြောင်းရှိ ချောင်းများအား စနစ်တကျ ပြန်လည်တူးဖော်ပြီး ရေစီးရေလာ ကောင်းမွန်ရေး ဆောင်ရွက်ခြင်းလုပ်ငန်း၊ နမ့်ကတ်ချောင်းဝ၊ ငါးဖယ်ချောင်းဝ နှင့် မြေနီကုန်း မြောင်းထိပ် အပါအဝင် အင်းရေပြင်ရှိ သဲနနုန်းများတူးဖော်ခြင်းလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်သည်။

အောင်ခန့်(နေပြည်တော်)

Click to comment

Most Popular

To Top