AA ဖမ်းဆီးထားသော အမျိုးသားလွှတ်တော်အမတ် ဦးဝှေ့တင် အား အကြမ်းဖက်ခြင်း ဖြစ်သဖြင့် ပြည်တောင်စု လွှတ်တော်တွင် အရေးကြီး အဆိုတင် – iSeeMedia
Local

AA ဖမ်းဆီးထားသော အမျိုးသားလွှတ်တော်အမတ် ဦးဝှေ့တင် အား အကြမ်းဖက်ခြင်း ဖြစ်သဖြင့် ပြည်တောင်စု လွှတ်တော်တွင် အရေးကြီး အဆိုတင်

နိုဝင်ဘာ ၁၃

ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) မှ ဖမ်းဆီးထိမ်းသိမ်းခြင်းခံထားရသည့် ချင်းပြည်နယ်၊မဲဆန္ဒနယ် အမှတ် (၁၁) မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်ဦးဝှေ့တင်နှင့် ပတ်သက်ပြီး နိုဝင်ဘာလ ၁၃ရက်နေ့ က ကျင်းပပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော် အစည်း အဝေးတွင် အောင်မြေသာဇံ မဲဆန္ဒနယ် မှ ပြည်သူ့လွှတ်တော် ကိုယ်စာလှယ် ဒေါက်တာ လှမိုးမှ အရေးကြီး အဆိုတင်သွင်းခဲ့သည်။

”နိုင်ငံတော် အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာတွင် ၊ အဓိကကျသည့် ဥပဒေပြုရေး၊အာဏာတည်ရှိရာဖြစ်သော ပြည်ထောင်စုလွှတ်တော်၏ ကိုယ်စားလှယ်အဖြစ် ပြည်သူလူထုကရွေးကောက်တင်မြှောက်ထားသည့် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၁) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အား နိုဝင်ဘာလ ၃ရက်နေ့တွင် ရခိုင်လက်နက်ကိုင် အဖွဲ့ (AA)က အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်ထားခြင်းသည် နိုင်ငံတော်က ဆောင်ရွက်နေသည့် အမျိုးသားရင်ကြားစေ့ ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုတို့အပြင် ပြည်သူလူထုဆန္ဒ နှင့် ကိုယ်စားပြုမှုအပေါ် တိုက်ရိုက်ဆန့်ကျင်အကြမ်း ဖက် ခြင်း ဖြစ်သဖြင့် ပြည်ထောင်စုလွှတ်တော်က ပြင်းထန်စွာကန့်ကွက်ရှုံ့ချကြောင်းနှင့် ယခုကဲ့သို ဦးဝှေ့တင် နှင့်တကွ ဝန်ထမ်း များ၊အရပ်သားများကို ဖမ်းဆီးထားခြင်းမှ လုံခြုံစိတ်ချ အန္တရာယ်ကင်းရှင်းစွာခြွင်းချက်မရှိ အမြန်ဆုံး ပြန်လည် လွှတ်ပေးရန် တောင်းဆိုကြောင်း ”အရေးကြီးအဆိုကို ပြည်ထောင်စုလွှတ်တော်တွင် အောင်မြေသာဇံ မဲဆ္ဒနယ် မှ ပြည်သူ့လွှတ်တော် ကိုယ်စာလှယ် ဒေါက်တာလှမိုးက တင်သွင်းခဲ့သည်။

အဆိုပါ အရေးကြီးအဆိုနှင့်ပတ်သက်ပြီး အဆိုတင်သွင်းခြင်း ၊တင်သွင်းဆွေးနွေးခြင်းထောက်ခံခြင်း နှင့် လက်ခံဆွေးနွေး ရန် သင့်မသင့် အဆုံးအဖြတ်ရယူခြင်း ကို ယနေ့ မွန်းလွဲပိုင်းတွင် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ် မှ ကြေညာခဲ့သည်။

ချင်းပြည်နယ်၊မဲဆန္ဒနယ် အမှတ် (၁၁) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်ကို ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)က ပြီးခဲ့သည့် နိုဝင်ဘာ ၃ရက်တွင် အိန္ဒိယနိုင်ငံသား ၅ဦး၊ယာဉ်မောင်း ၂ဦးနှင့်စကားပြန် ၂ ဦးတို့နှင့်အတူ ဖမ်းဆီး ထိန်းသိမ်းခဲ့ခြင်းဖြစ်ပြီး အိန္ဒိယနိုင်ငံသား ၅ဦး၊ယာဉ်မောင်း ၂ဦးနှင့်စကားပြန် ၂ ဦးတို့ကို ရခိုင်လက်နက်ကိုင်အဖွဲ့(AA)က ပြန်လည်လွှတ်တော်ပေးခဲ့သော်လည်း လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်ကိုမူ ဆက်လက်ဖမ်းဆီးထားရာ လက်ရှိတွင် ၁၀ တိုင်တိုင်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

အဖြူရောင်

Click to comment

Most Popular

To Top