ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲတော် ကျင်းပ – iSeeMedia
Local

ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲတော် ကျင်းပ

၂၀၁၉ ခုနှစ်၊ ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲတော် (၁၅) ကြိမ်မြောက် ဖွင့်ပွဲအခမ်းအနားကို ပြင်ဦးလွင်မြို့၊ မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားကြီး (ပြည်ချစ်ဘုရား) အနီးရှိ မီးပုံးပျံကွင်းအတွင်း၌ နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြင်ဦးလွင် ပညာရေး မိသားစု ကျောင်းသူလေးများ၏ ပြင်ဦးလွင်မီးပုံးပျံပွဲတော် သီချင်းဖြင့် သရုပ်ဖော် တင်ဆက်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ပြင်ဦးလွင် တန်ဆောင်တိုင် ပွဲတော် ဦးစီးကော်မတီ နာယက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းက ပွဲတော် ဖွင့်လှစ်ကြောင်း ကြေညာ၍ ဖွင့်လှစ်ပေးခဲ့ရာ တက်ရောက်လာသော မီးပုံးပျံအသင်းများမှ မီးပုံးငယ် အလုံး (၁၀၀၀) အား လွှတ်တင်ခြင်း၊ မီးအလှဆင် ထားသော မြင်းရထား ပုံစံငယ်၊ နာရီစင် ပုံစံငယ်နှင့် ၂၀၁၉ ခုနှစ်၊ ပြင်ဦးလွင်တန်ဆောင်တိုင် စာတန်းထွက်ပေါ်လာခြင်း၊ မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်းများဖြင့် စည်ကားလျက်ရှိပြီး ပညာရေး မိသားစု ကျောင်းသား/သူများ၊ ပြိုင်ပွဲဝင် မီးပုံးပျံအသင်းများက ဂါရဝြပု နှုတ်ဆက်၍ ကွင်းအတွင်းမှ ပြန်လည် ထွက်ခွာခဲ့ကြသည်။

ယင်းနောက် ပွဲတော်ကျင်းပရေး ဦးစီးကော်မတီမှ စီစဉ်ထားသည့် စိန်နားပန် မီးပုံးဖြင့် တာဝတိံသာ နတ်ပြည် စူဠာမဏီစေတီတော်ကို မျှော်မှန်းပူဇော်သော မီးပုံးပျံကို လွှတ်တင်ပြီး တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံ လွှတ်ပြိုင်ပွဲများကို ပြိုင်ပွဲအစီအစဉ်များအတိုင်း နေ့အရုပ်လှ (၄၄) လုံး ၊ စိန်နားပန် (၁၈)လုံး ၊ ညမီးကျည် (၂၀) လုံး၊ စုစုပေါင်း (၈၂)လုံး ဆက်လက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။

အဖြူရောင်

Click to comment

Most Popular

To Top