အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရား ထူထောင်နေပြီး အဓမ္မစေခိုင်းမှုများကို လုံခြုံစိတ်ချစွာ တိုင်ကြားနိုင်ကြောင်း အသိပေး – iSeeMedia
Local

အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရား ထူထောင်နေပြီး အဓမ္မစေခိုင်းမှုများကို လုံခြုံစိတ်ချစွာ တိုင်ကြားနိုင်ကြောင်း အသိပေး

၂၀၁၉ ခုနှစ်မှစ၍ အဓမ္မခိုင်းစေမှု တိုင်ကြားချက်များကို ဖြေရှင်းဆောင်ရွက်နိုင်ရန် အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရား (National Complaints Mechanism – NCM) ထူထောင်ရေးဆောင်ရွက်လျက်ရှိပြီး ယင်းယန္တရား ထူထောင်နေဆဲ ကြားကာလတွင်လည်း အဓမ္မခိုင်းစေမှုများကို လုံခြုံစိတ်ချစွာဆက်သွယ် တိုင်ကြားနိုင်ပါကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိအချိန်တွင် အဆို ယန္တရား ထူထောင်ဆဲ ကာလတွင် အဓမ္မစေခိုင်းမှု တိုင်ကြားချက်များကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ ပါဝင် ဖွဲ့စည်းထားသော အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီ (High Level Working Group- HLWG)မှ ကိုယ်တွင် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဓမ္မခိုင်းစေမှု တိုင်ကြားချက်များကို အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO) အပါအဝင် ဖုန်းနံပါတ် ၀၆၇-၃၄၃၀၁၈၄၊ ၀၆၇-၃၄၃၀၂၂၉၊ ၀၆၇-၃၄၃၀၂၇၄ နှင့် mol@mptmail.net.mm , molipoffice@gmail.com များသို့လည်း အီးမေးလ်ပေးပို့ကာ လုံခြုံစိတ်ချစွာ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေနှင့် ILO အဖွဲ့ဝင် နိုင်ငံဖြစ်ပြီးချိန်မှစ၍ ILO နှင့်ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ၂၀၀၇ ခုနှစ်မှ စတင်၍ တိုင်ကြားမှုယန္တရား ထူထောင်ကာ အဓမ္မခိုင်းစေမှု တိုင်ကြားချက်များကို ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

AS

Click to comment

Most Popular

To Top