နေရပ်စွန့်ခွာသူ နှစ်သောင်းကျော်ကို စိစစ်ပြီးဟုသိရ – iSeeMedia
Local

နေရပ်စွန့်ခွာသူ နှစ်သောင်းကျော်ကို စိစစ်ပြီးဟုသိရ

ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တိမ်းရှောင်သွားသော နေရပ်စွန့်ခွါသူများကို ပြန်လည်လက်ခံရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ ဆောင်ရွက်လျက်ရှိရာ လက်ရှိအချိန်တွင် နေရပ်စွန့်ခွာသူ ၂၂,၄၃၂ ဦးအနက် ၂၀,၉၆၃ ဦးအား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အနေဖြင့် စိစစ်မှုပြီးစီးပြီ ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက နိုဝင်ဘာ ၆ ရက်က သတင်းထုတ်ပြန်ခဲ့သည်။

လက်ရှိ စိစစ်ပြီးစီးမှုမှာ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလက နေရပ်စွန့်ခွာသူများကို ပြန်လည်ခေါ်ယူရေး တတိယ အကြိမ်မြောက် နှစ်နိုင်ငံအစည်းအဝေးတွင် ဘင်္ဂလားဒေ့ရှ်ဘက်မှ ပေးအပ် နေရပ်စွန့်ခွာသူ ၂၂,၄၃၂ ဦး၏ စာရင်းဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလ ၁ ရက်နေ့အထိ ဖြစ်ပြီး ပြန်လည်ဝင်ရောက်လာသူများအား နေရာချထားရာတွင် မြန်ဆန် ချောမွေ့စေရန် လုပ်ငန်းလိုအပ်ချက်အရ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စိစစ်ပြီးသူများအား ကျေးရွာအလိုက် ပြန်လည်စာရင်းပြုစုပြီး အသုတ်အလိုက် ပေးပို့လျက်ရှိရာ သတ္တမအသုတ်အထိ ကျေးရွာအလိုက် စိစစ်ပြီးသူ ၃,၄၅၀ ဦးစာရင်းအား ဘင်္ဂလားဒေ့ရှ်ဘက်သို့ ၁၁-ရ-၂၀၁၉ ရက်နေ့တွင် ပေးပို့ပြီးဖြစ်ကြောင်းလည်း သိရသည်။

AS

Click to comment

Most Popular

To Top