အဝေးသင်ကျောင်းသားမောင်းနှင်လာသည့်ဆိုင်ကယ်ကို ယာဉ်တစ်စီးက အနောက်မှဝင်တိုက်မှုကြောင့် သေဆုံး – iSeeMedia
Local

အဝေးသင်ကျောင်းသားမောင်းနှင်လာသည့်ဆိုင်ကယ်ကို ယာဉ်တစ်စီးက အနောက်မှဝင်တိုက်မှုကြောင့် သေဆုံး

နိုဝင်ဘာ ၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ထီးလှိုင်ကွန်ကရစ်လမ်းပေါ်တွင် တောင်ငူတက္ကသိုလ်မှအဝေးသင်ကျောင်းသားတစ်ဦး မောင်းနှင်လာသည့် ဆိုင်ကယ်အား အမည်မသိ(စုံစမ်းဆဲ)ယာဉ်က အနောက်မှဝင်တိုက်မှုကြောင့် ၄င်းအဝေးသင်ကျောင်း သားမှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၆ ရက်၊ မွန်းလွဲပိုင်းက တောင်ငူအဝေးသင်တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သူ မောင်ဝေမိုး (၂၁)နှစ်သည် ဆိုင်ကယ်မောင်းနှင်လာစဉ် အမည်၊နေရပ်နှင့် ယာဉ်အမျိုးအစား (စုံစမ်းဆဲ)ယာဉ်သည် အနောက်ဝင်တိုက် ပြီးနောက် မောင်းနှင်ထွက်ပြေးသွားခဲ့ရာ ၄င်းယာဉ်တိုက်မှုကြောင့် မောင်ဝေမိုး (၂၁)နှစ်တွင် ယာပေါင်ကျိုး၊ယာခြေသလုံး ကျိုး၊ မေ့စေ့ပွန်းပဲ့ဒဏ်ရာ၊ပေါင်ရင်းပေါက်ပြဲသွေးထွက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ ယာဉ်တိုက်မှုဖြစ်စဉ်အတွင်း ဒဏ်ရာများရရှိခဲ့သည့်အတွက်လည်း အနီးပတ်ဝန်းကျင်နှင့်တာဝန်ရှိသူများက မောင်ဝေမိုး (၂၁)နှစ်အား အချိန်မှီဆေးကုသမှုခံယူနိုင်ရန် တောင်ငူပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ခဲ့သော်လည်း ၄င်းရရှိ သည့်ဒဏ်ရာများကြောင့် သေဆုံးသွားခဲ့ကြောင်းတောင်ငူ အမှတ် ၂ နယ်မြေရဲစခန်းမှ သိရသည်။

အဆိုပါ ယာဉ်တိုက်မှုနှင့်ပတ်သက်၍ ယာဉ်အား လက်ရှိတွင် တောင်ငူအမှတ်(၂) နယ်မြေရဲစခန်း၌ ယာဉ်(ပ)၃၁/၂၀၁၉၊

ရာဇသတ်ကြီးပုဒ်မ ၃၀၄ – က/၂၀၂ဖြင့် အမှုဖွင့်ထားပြီး ၄င်းမဆင်မခြင်မောင်းနှင်ပြီး ထွက်ပြေးတိမ်းရှောင်သွားသည့် အမည်/နေရပ်(စုံစမ်းဆဲ)အား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် စုံစမ်းဖော်ထုတ်လျှက်ရှိကြောင်းတောင်ငူ အမှတ်(၂) နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကျော်သူဝင်း(တောင်ငူ)

Click to comment

Most Popular

To Top