လမ်းမတော် တန်ဆောင်တိုင် မီးထွန်းပွဲ ၅ရက်တိုင် ကျင်းပမည် – iSeeMedia
Local

လမ်းမတော် တန်ဆောင်တိုင် မီးထွန်းပွဲ ၅ရက်တိုင် ကျင်းပမည်

နိုဝင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီး၊လမ်းမတော်မြို့နယ်တွင် (၈၁) ကြိမ်မြောက် တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို လာမည့် နိုဝင်ဘာလ ၉ ရက်နေ့မှ နိုဝင်ဘာလ ၁၃ ရက်နေ့အထိ ၅ ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပွဲတော်ဖြစ်မြောက်ရေး ကော်မတီ ထံမှသိရသည်။

“အားလုံးပေါင်း ၅ရက်ပေါ့။ဖျော်ဖြေရေးအစီအစဉ်တွေလည်းပါမယ်။ အခု(၈၁)ကြိမ်မှာတော့ အရင်နှစ်တွေထက်လည်း အထူးစည်းကားသိုက်မြိုက်အောင် ကြိုးစားလုပ်ဆောင်နေပါတယ်” ဟု ပွဲတော်ဖြစ်မြောက်ရေး ကော်မတီတာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

(၈၁) ကြိမ်မြောက် လမ်းမတော်တန်ဆောင်တိုင် မီးထွန်းပွဲတော်ကို အနော်ရထာလမ်းတစ်လျှောက်၊လမ်းမတော်နှင့် (၁)လမ်းကြား၌ ကျင်းပသွားမည်ဖြစ်ပြီး ဖျော်ဖြေရေးအစီအစဉ်များအား အမျိုးသားကြက်တောင်ရုံအရှေ့တွင် ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။

ဖျော်ဖြေရေးစဉ်တွင် နိုင်ငံကျော်တေးသံရှင်များက သီဆိုဖျော်ဖြေသွားမည်ပြီး ယင်းပွဲတော်ကာလအတွင်း၌ဖျော်ဖြေရေးအစီ အစဉ်များကို ညစဉ်ထည့်သွင်းပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

အဖြူရောင်

Click to comment

Most Popular

To Top