နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လာရောက်မည့် မိုးကုတ်ခရီးစဉ်တွင် လူထုတွေဆုံပွဲ ပြုလုပ်ပေးရန် မြို့ခံများလိုလား – iSeeMedia
Local

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လာရောက်မည့် မိုးကုတ်ခရီးစဉ်တွင် လူထုတွေဆုံပွဲ ပြုလုပ်ပေးရန် မြို့ခံများလိုလား

နိုဝင်ဘာ ၈

မိုးကုတ်မြို့သို့ နိုဝင်ဘာ ၉ ရက်နေ့တွင် လာရောက်မည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တွင် မြို့ခံများနှင့်လူထုတွေ့ဆုံပွဲပြုလုပ်ပေးရန် ဒေသခံများအနေဖြင့်လိုလားလျှက်ရှိပြီး တိုင်ကြားစာများအဆင်သင့် ရေးသား ထားကြကြောင်း ဈေးအကျိုးတော်ဆောင်ဥက္ကဌ ဒေါ်ဖြူဖြူမြင့်က ပြောသည်။

အဆိုပါခရီးစဉ်မှာ နေ့ချင်းပြန်ဖြစ်ပြီး ညောင်သုံးပင်ပရိယတ္တိစာသင်တိုက်၊သာမဏေကျော်စာမေးပွဲပြုလုပ်ရာ သာသနာဗိမ္မာန်ဖွင့်ပွဲတက်ရောက်ကာ လှူဖွယ်များလှူဒါန်းပြီးနောက် ပြန်လည်ထွက်ခွာသွားမည်ဆိုသည့်အတွက် ဒေသခံများက တောင်းဆိုခြင်းဖြစ်ကြောင်းလည်း ၄င်းကဆိုသည်။

“မြို့ခံတွေကတော့ အမေစုရောက်လာတုန်းလေးမှာ လူထုတွေ့ဆုံပွဲလေးဖြစ်ချင်တာပေါ့။ခုလိုရောက်လာဖို့က ခဲယဉ်းတယ် လေ။လူထုတွေ့ဆုံပွဲ လုပ်ဖြစ်၊မဖြစ်ကတော့ မသိရသေးဘူး။တိုင်ကြားချင်တဲ့သူတွေကများနေတော့ တွေ့ဆုံပွဲ မလုပ်ဖြစ်လည်း တိုင်မယ့်သူတွေက စာတွေအဆင်သင့်လုပ်ထားကြတယ်”ဟု ဒေါ်ဖြူဖြူမြင့်က ပြောသည်။

မိုးကုတ်ဒေသတွင် ကျောက်မျက်ရတနာပြဿာနာများ၊ယခင်အစိုးရလက်ထက်ကတည်းက ရှိနေသည့် သစ်တော၊ ကျောက်မျက်၊စည်ပင်သာယာနှင့်ဆိုင်သည့် မြေယာပြဿနာအရှုပ်အရှင်းများနှင့်ပတ်သက်၍ တိုင်ကြားရန်စီစဉ်နေကြပြီး လူထုတွေ့ဆုံပွဲမလုပ်ဖြစ်ပါကလည်း တိုင်ကြားစာများပေးပို့ရန် ပြင်ဆင်နေကြသည် ဟုသိရသည်။

မိုးကုတ်မြို့တွင် သာသာနာဆိုင်ရာ နိကာယ်စာမေးပွဲနှင့် ယခုနှစ်တွင် စတင်သည့် သာမဏေကျော်စာဖြေပွဲ တိုဖြစ်ပြီး ယခုဖွင့်လှစ်မည့် ဗိမ္မာန်သည် ပုဂ္ဂလိက အလှူရှင်များလှူဒါန်းခြင်းဖြစ်ပြီး နိုင်ငံတော်အတိုင်၏ပင်ခံ ပုဂ္ဂိုလ်ရောက်ရှိမည်ဖြစ်၍ မြို့နယ်ထွေ/အုပ်မှ ဦးဆောင်ကာပြင်ဆင်နေကြောင်းသိရသည်။

ကျော်ထက်

Click to comment

Most Popular

To Top