အရှိန်မထိန်းနိုင်သောမော်တော်ယာဉ် လမ်းဘေးထမင်းဆိုင်အိပ်နေသူ နှစ်အားတိုက်မိ၊ တစ်ဦးသေဆုံး – iSeeMedia
Local

အရှိန်မထိန်းနိုင်သောမော်တော်ယာဉ် လမ်းဘေးထမင်းဆိုင်အိပ်နေသူ နှစ်အားတိုက်မိ၊ တစ်ဦးသေဆုံး

နိုဝင်ဘာ ၁ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့ တောင်ငူ – သံတောင်ကားလမ်းတွင် TOYOTA TUNDRA FORCE မော်တော်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ပဲ လမ်းဘေးထမင်းဆိုင်အတွင်းဝင်ရောက်ပြီး ဆိုင်အတွင်းအိပ်နေသူ နှစ်ဦးအားတိုက်မိမှုဖြစ်ပွားခဲ့ရာ တိုက်မိခံရသူ နှစ်ဦးအနက် တစ်ဦးသေဆုံးခဲ့ကြောင်း တောင်ငူ အမှတ်(၃) နယ်မြေရဲစခန်းမှ စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ နေ့ မနက် ၁ နာရီခွဲအချိန်ခန့် တောင်ငူမြို့၊ (၂၃) ရပ်ကွက်၊တောင်ငူ – သံတောင်ကားလမ်းအတိုင်း သံတောင် ဘက်မှ တောင်ငူဘက်သို့ ယာဉ်မောင်း ကျော်စိုးမိုး(၄၉)နှစ် မောင်းနှင်လာသော အနက်ရောင်TOYOTA TUNDRA FORCE ယာဉ်သည် မိုင်တိုင် ဝ/၄ နှင့် ၅ အကြားအရောက်တွင် အရှိန်မထိန်းနိုင်ပဲဖုန်းကြိူးတိုင်အားတိုက်မိခဲ့ပြီးနောက် ၄င်းအရှိန် ဖြင့် လမ်းဘေးရှိ ထမင်းဆိုင်အတွင်းဝင်ရောက်သွားရာ ဆိုင်အတွင်းအိပ်နေသူ တောင်ငူမြို့၊ သာယာကုန်းကျေးရွာနေ စောမိုက်ကယ်(ခ) ဦးကြည်ညွန့်(၆၄) နှစ် နှင့်ကုလား(ခ)သိန်းစိုး(၂၉)နစ်၊ သာယာကုန်းကျေးရွာ၊တောင်ငူမြို့နေသူတို့အား ဝင်ရောက်တိုက်မိကာ စောမိုက်ကယ်(ခ)ဦးကြည်ညွန့်သည် အခင်းဖြစ်နေရာ၌သေဆုံးပြီး၊ ကုလား(ခ)သိန်းစိုးတွင် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ တောင်ငူ အမှတ်(၃) နယ်မြေရဲစခန်းမှ ယာဉ်မောင်းဖြစ်သူ ကျော်စိုးမိုး (၄၉)နှစ် အား လက်ရှိတွင် ယာဉ်(ပ)၃၉/၂၀၁၉ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၀၄ – က/ ၂၀၂ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက် လျှက်ရှိကြောင်း သိရသည်။

ကျော်သူဝင်း(တောင်ငူ)

Click to comment

Most Popular

To Top