မူဝါဒနှင့်နှစ်စဉ်ဆောင်ရွက်မည့် လုပ်ငန်များအား ပြည်သူများသိရှိရန် ပွင့်လင်းမြင်သာစွာတင်ပြဆောင်ရွက်မည်ဟု မွန်ဝန်ကြီးချုပ်ပြောဆို – iSeeMedia
Local

မူဝါဒနှင့်နှစ်စဉ်ဆောင်ရွက်မည့် လုပ်ငန်များအား ပြည်သူများသိရှိရန် ပွင့်လင်းမြင်သာစွာတင်ပြဆောင်ရွက်မည်ဟု မွန်ဝန်ကြီးချုပ်ပြောဆို

နိုဝင်ဘာလ ၁

မွန်ပြည်နယ်အစိုးရအနေဖြင့် မူဝါဒနှင့်နှစ်စဉ်ဆောင်ရွက်မည့်လုပ်ငန်များအား ပြည်သူများသိရှိရန် ပွင့်လင်းမြင်သာစွာ တင်ပြဆောင်ရွက်မည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံက ပြောဆိုလိုက်သည်။

မော်လမြိုင်မြို့ရှိ ပြည်နယ်ခမ်းမတွင် ယနေ့နိုဝင်ဘာလ ၁ ရက်၌ပြုလုပ်သော ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် Citizen’s Budget စာစောင်မိတ်ဆက်ရှင်းလင်းပွဲအခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံက ပြောကြားခဲ့ခြင်းဖြစ်သည်။

“မွန်ပြည်နယ်အစိုးရအနေနဲ့ နိုင်ငံတော်ရဲ့စီးပွားရေးမူဝါဒ ၁၂ ချက်အနက်မှ ပထမအချက်ဖြစ်တဲ့ “ပွင့်လင်းမြင်သာပြီး ကောင်းမွန်တောင့်တင်းသည့်ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုစနစ်ဖြင့် ဘဏ္ဍာရေးအရင်းအမြစ်များ တိုးတက်ပွားများ လာအောင်ဆောင်ရွက်ရန်”ဆိုတဲ့ မူဝါဒနဲ့အညီ ဘဏ္ဍာငွေရရှိရေးနဲ့ ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးများကို အလေးထား အ ကောင် ထည်ဖော်ဆောင်ရွက်နေတယ်။ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ တိုင်းဒေသကြီး ပြည်နယ်ရန်ပုံငွေဆိုတာ ပြည်သူ့ ဘဏ္ဍာငွေများတာဖြစ်တယ်။ မွန်ပြည်နယ်ဘဏ္ဍာရန်ပုံငွေဟာပြည်သူများကိုယ်စား မွန်ပြည်နယ်အစိုးရက ကိုင်တွယ်ပြီး တော့ စီမံခန့်ခွဲပေးခြင်းဖြစ်တယ်။ နောင်မှာလဲ အစိုးရ၏ ပြည်သူနဲ့အတူဆိုသည့် ဆောင်ပုဒ်နဲ့အညီ နှစ်စဉ်မွန်ပြည်နယ် အစိုးရရဲ့ မူဝါဒ၊ ဆောင်ရွက်မည့်လုပ်ငန်းတွေကို ပြည်သူတွေသိဖို့ ပွင့်လင်းမြင်သာစွာတင်ပြသွားမယ်”ဟု ဝန်ကြီးချုပ်ဒေါက်တာအေးဇံကပြောသည်။

ပြည်နယ်အစိုးရ၏ မူဝါဒရည်မှန်းချက်များ၊ ဘဏ္ဍာရေးစီမံခန့်ခွဲမှုအခြေနေများ၊ မည်သည့်လုပ်ငန်းဆောင်ရွက်မည်ကို ပြည်သူများသိရှိစေရန် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေအားအခြေခံကာ ဘတ်ဂျတ်ဆိုင်ရာ ပွင့်လင်းမြင်သာမှုမှတ်တိုင်အဖြစ် မွန်ပြည်နယ်အစိုးရ၏ မူဝါဒနှင့်နှစ်စဉ်ဆောင်ရွက်မည့် လုပ်ငန်းများအား အများပြည်သူပွင့်လင်းမြင်သာစွာဖြင့် သိရှိနိုင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဒေါက်တာအေးဇံက ဆိုသည်။

မွန်ပြည်နယ်အစိုးရအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရေး၊ လျှပ်စစ်မီး ရရှိရေး၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး၊ ကျေားလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေရရှိရေးနှင့်ရေကြီးနစ်မြုပ်မှုမှကာကွယ် ရေး၊ သန့်ရှင်းသောသောက်သုံးရေရရှိစေရေး၊ အားကစားဖွံ့ဖြိုးတိုးတက်ရေး၊ နှင့်သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ အမှိုက်သိမ်းစနစ်ကောင်းမွန်စေရေး၊ စက်မှုလယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ရုံးနှင့် ဝန်ထမ်းအိမ်ရာဖွံ့ဖြိုးရေး၊ တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုအမွေအနှစ်များဖွံ့ဖြိုးတိုးတက်ရေစ၊ ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရန်နှင့်လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ဦးစားပေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း Citizen’s Budget တွင် ဖော်ပြရေးသားထားသည်။

မွန်ပြည်နယ်အစိုးရအနေဖြင့် ပြည်နယ်အသုံးစရိတ်သုံးစွဲမှုအနေဖြင့် ၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ်တွင် ကျပ်သန်း ၈၁၈၄၈.၃၈၄ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျပ်သန်း ၉၅၈၇၂.၈၉၅ သန်း၊ ၂၀၁၈ ၆လတာအတွက် ကျပ်သန်း ၄၃၂၁၅.၁၂၁ သန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် ကျပ်သန်း ၁၁၀၁၀၆.၇၁၀ သန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ကျပ်သန်း ၁၃၉၁၄၀.၉၃၃ သန်းအား သုံးစွဲထားကြောင်း ပြည်နယ် အစိုးရအဖွဲ့ ထုတ်ပြန်စာတွင် ရေးသားထားသည်။

သုတ

Click to comment

Most Popular

To Top