ဘင်္ဂါလီအရေး အရှေ့အာရှထိပ်သီးအစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးမည် မဟုတ် – iSeeMedia
News

ဘင်္ဂါလီအရေး အရှေ့အာရှထိပ်သီးအစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးမည် မဟုတ်

အောက်တိုဘာ ၃၁

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၌ လာမယ့်လတွင်ကျင်းပမည့် အရှေ့အာရှထိပ်သီးအစည်းအဝေးတွင် ဘင်္ဂါလီအရေးနှင့် ပတ်သက်၍ ဆွေးနွေးရန် အစည်းအဝေး မူကြမ်းတွင် ထည့်သွင်းထားခြင်းမရှိကြောင်း သိရသည်။

အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့သံတမန်များ၏ပြောဆိုချက်အရ အစည်းအဝေးအစီအစဉ်များတွင် ဘင်္ဂါလီအရေး မထည့်သွင်းရန် ဖိအားပေးမှုများရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးအစီအစဉ်ကို ထိုင်းနိုင်ငံကရေးဆွဲခြင်းဖြစ်ပြီး နိုဝင်ဘာ ၄ ရက်နေ့တွင်ကျင်းပမည့် အစည်းအဝေးကို အရှေ့တောင်အာရှအဖွဲ့ဝင် နိုင်ငံများအပြင် ရုရှား၊ တရုတ် ၊ ဂျပန်နှင့် အမေရိကန် နိုင်ငံများပါ တက်ရောက်ဖွယ်ရှိ နေကြောင်းလည်း သိရသည်။

ထိုင်းနိုင်ငံသည် အဖွဲ့ဝင် ၁၀ နိုင်ငံ ပါဝင်သည့် အာဆီယံအဖွဲ့တွင် လက်ရှိဥက္ကဋ္ဌတာဝန်ယူထားပြီး ပြီးခဲ့သည့်နှစ်က စင်ကာပူနိုင်ငံကအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။

ယင်းအစည်းအဝေးကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာဖြစ်ပြီး အာဆီယံထိပ်သီး ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

နေဝန်း

Click to comment

Most Popular

To Top