မြန်မာနိုင်ငံတွင် ဆယ်တန်းအောင်စာရင်းထွက်သည့်နေ့သည် ကလေးများ၏ဘဝကို စီရင်ချက်ချသည့်နေ့ဖြစ်နေဟု မင်းကိုနိုင်ပြော – iSeeMedia
Local

မြန်မာနိုင်ငံတွင် ဆယ်တန်းအောင်စာရင်းထွက်သည့်နေ့သည် ကလေးများ၏ဘဝကို စီရင်ချက်ချသည့်နေ့ဖြစ်နေဟု မင်းကိုနိုင်ပြော

အောက်တိုဘာလ ၂၅

မြန်မာနိုင်ငံတွင် တက္ကသိုလ်ဝင်တန်း(ဆယ်တန်း)အောင်စာရင်းထွက်သည့်နေသည် ကလေးများ၏ဘဝကို စီရင်ချက်ချ သည့်နေ့ ဖြစ်နေကြောင်း ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ မင်းကိုနိုင် ပြောဆိုလိုက်သည်။

မွန်ပြည်နယ်၊သထုံမြို့၊လိပ်အင်းရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့(အောက်တိုဘာလ ၂၅ ရက်နေ့)ကပြုလုပ်သည့် အနာဂတ်လူငယ်များနှင့်ပညာရေးဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျောင်းသားကျောင်းသူတွေက ဘယ်ကဏ္ဍမှာဘဲ ဘယ်လောက်ထူးချွန်နေပါစေ ဆယ်တန်းမှာ အမှတ်ပေါင်းပေးတာမျိုး မရှိဘူး။ ဆယ်တန်းအောင်စာရင်းထွက်ပြီဆိုရင် မင်းကဘာဖြစ်ပြီး၊ဘာကိုမဖြစ်တော့ဘူး။တစ်သက်လုံး မင်းကမျက်နှာ ငယ်ပြီး၊မင်းကဂုဏ်ယူရပြီ ဒီလိုမျိုးတွေဖြစ်နေတယ်။ အဲဒီတော့ လူတစ်ယောက်ရဲ့တန်ဖိုးဟာ တစ်နေ့ကို နှစ်နာရီ၊ သုံးနာရီ လောက် စာရွက်ပေါ်မှာရေးလိုက်တာနဲ့ဘဲ ဒီလူကိုတန်ဖိုးဖြတ်လို့ ပြည်စုံပါ့မလား။ ကမ္ဘာကြီးမှာ ပညာရေးနဲ့ပတ်သက်ပြီး ဘာတွေလုပ်နေကြလဲ။မြန်မာနိုင်ငံမှာ ဘယ်လိုသွားနေရလဲ သိဖို့လိုတယ်။ တကယ်တော့ ဆယ်တန်းအောင်စာရင်း အဆုံးအဖြတ်ဟာ လူဘဝရဲ့အဆုံးအဖြတ်မဟုတ်ဘူး။ ဘဝမှာနောက်ထပ်စဉ်းစားတွေးခေါ်လုပ်ဆောင်ရမယ့်အရာတွေ အများကြီးရှိသေးတယ်”ဟု ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ မင်းကိုနိုင် က ပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံ၏ပညာရေးသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ(ဆယ်တန်း)အောင်စာရင်းထွက်ပေါ်ပြီးနောက်တွင် ဖြေ ဆိုမှုမှရရှိလာသည့် အပေါ်မူတည်ကာ တက္ကသိုလ်ဝင်ခွင့်အား ခွဲခြားထားမှုရှိနေခြင်းအပေါ် ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ မင်းကိုနိုင်က ပြောကြားခဲ့ခြင်းသည်။

ယနေ့ မြန်မာနိုင်ငံတွင် ပညာရေးစနစ်အားပြောင်းလဲနေခြင်းသည် တစ်ဦးတစ်ယောက်၊ တစ်ပါတီ၊ လူပုဂ္ဂျိလ်အတွက် ရည် ရွယ်ခြင်းမဟုတ်ဘဲ နောင်လာမည့် မျိုးဆက်လူသားများအတွက် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြော သည်။

သုတ

Click to comment

Most Popular

To Top