အောက်တိုဘာ ၂၄
မြန်မာနိုင်ငံအား “ ပြည့်ဝသောဒီမိုကရေစီ”သို့ ကူးပြောင်းရန် ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ရန်လိုအပ်သော်လည်း ၄င်း ဖွဲ့စည်းပုံအခြေခံဥပဒေကို လာမည့် ရွေးကောက်ပွဲမတိုင်မီအတွင်း ပြင်ဆင်နိုင်မည်မဟုတ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။
ဂျပန်ဧကရာဇ်မင်းနန်းတက်ပွဲသို့ တက်ရောက်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်က တိုကျိုရှိ Nikkei Asian Review နှင့်မိနစ် ၃၀ ကြာ တွေ့ဆုံမေးမြန်းခန်းတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
လက်ရှိချိန်၌ လွှတ်တော်တွင်ပါဝင်နေသော တပ်မတော် ၂၅ ရာခိုင်နှုန်းမှာလည်း ဖွံ့စည်းပုံပြင်ဆင်ရေး၌ အရေးကြီးသည့် အခန်းကဏ္ဍတွင် ရှိနေသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်များ ဆွေးနွေးရန် ပြည်ထောင်စုလွှတ်တော်၏ ဖွံ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းရာတွင် တပ်မတော်အနေဖြင့် အလွန်အမင်း စိတ်အားထက်သန်မှုမရှိဟု ဒေါ်အောင်ဆန်းစု ကြည်က ပြောကြားခဲ့သည်။
သူမအနေဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေးအကြောင်းပြကာ လာမည့်ရွေးကောက်ပွဲအနိုင်ရရှိရန် မျှော်လင့်လုပ်ဆောင်နေမည် မဟုတ်ကြောင်းနှင့် ရွေးကောက်ပွဲ အနိုင်ရရှိပါကလည်း ယင်းကိစ္စများကို အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းသွား မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် လာမည့်နှစ် ကျင်းပမည့် ရွေးကောက်ပွဲတွင် အသက် ၇၅ နှစ် ရှိမည်ဖြစ်ပြီး သူမနေရာ ဆက်ခံနိုင်မည် သူမှာ NLD ၏အကြီးတန်းခေါင်းဆောင်ပိုင်းမှ ဖြစ်လာနိုင်ကြောင်းလည်း အဆိုပါ အင်တာဗျူးတွင် ပြောဆိုသွားခဲ့သည်။
နေဝန်း
