သေဒဏ်ချမှတ်ခံထားရသည့် ဝင်းနှင့်ဇော်အတွက် ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာ ယနေ့တင်မည် – iSeeMedia
Business

သေဒဏ်ချမှတ်ခံထားရသည့် ဝင်းနှင့်ဇော်အတွက် ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာ ယနေ့တင်မည်

အောက်တိုဘာဟ၂၄

ထိုင်းတရားရုံးက သေဒဏ်ချမှတ်ခြင်းခံထားရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့ကို ပြစ်ဒဏ်မှလွှတ်ငြိမ်းချမ်းသာခွင့်ပြုရန်အတွက် ထိုင်းဘုရင်ထံအသနားခံစာကို ယနေ့ (အောက်တိုဘာ ၂၄ရက်) နံနက်ပိုင်းတွင် တင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမား ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့ကို ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ်၊ စက်တင်ဘာလအတွင်းက ခိုတောင်ကျွန်းတွင် ဗြိတိန်နိုင်ငံသားနှစ်ဦး သတ်ဖြတ်ခံခဲ့ရမှုဖြစ်စဉ်နှင့် ပတ်သက်၍ ကျူးလွန်ကြောင်းစွပ်စွဲချက်ဖြင့် တရားရုံးက သေဒဏ်ချမှတ်ခြင်းခဲ့ခြင်းဖြစ်သည်။

ထိုသို့ မြန်မာရွှေ့ပြောင်းအလုပ်သမား ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းအပေါ် သေဒဏ်ပြစ်ဒဏ်ချမှတ်ခဲ့မှုအတွက် ကိုဝင်းဇော်ထွန်းနှင့်ကိုဇော်လင်းတို့အတွက် လိုက်ပါဆောင်ရွက်ပေးနေသည့် ဥပဒေအထောက်အကူအဖွဲ့များက နွန်ထဘူရီခရိုင်တရားရုံးတွင် အယူခံတင်ခဲ့သော်လည်း ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်တွင် နွန်ထဘူရီခရိုင်တရားရုံးက နောက်ဆုံးအယူခံကို ပယ်ချခဲ့ကြောင်းသိရသည်။

သေဒဏ်အယူခံအားပယ်ချခံရပြီးနောက်တွင် ၄င်းတို့နှစ်ဦးလွတ်မြောက်ရေးအတွက် မြန်မာနိုင်ငံအစိုးရက ကူညီဆောင်ရွက်ပေးမှုများအပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း၌လည်း ထိုင်းနိုင်ငံမှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာပြော ကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှလည်း ထိုင်းနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ထံအကူအညီပေးနိုင်ရန် စာရေးသားတောင်းခံထားကြောင်း သိရသည်။

ခရိုင်တရားရုံးမှအယူခံအား ပယ်ချခဲ့သည့်အတွက် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့၏ အသက်ရှင်လွတ်မြောက်ရေးသည် ထိုင်းဘုရင်မင်းမြတ်ထံ သနားခံစာတင်ပြတောင်းဆိုခြင်းသာ ကျန်ရှိတော့သည့်အတွက် ယခုကဲ့သို့ တင်သွင်းရန်စီစဉ်ခြင်းဖြစ်ကြောင်း လည်း သိရသည်။

YN

Click to comment

Most Popular

To Top