တာဝန်သိသော ရင်းနှီးမြှုပ်နှံမှုများအား ရှာဖွေနေဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား – iSeeMedia
Local

တာဝန်သိသော ရင်းနှီးမြှုပ်နှံမှုများအား ရှာဖွေနေဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

တာဝန်သိသော ရင်းနှီးမြှုပ်နှံမှုများအား ရှာဖွေနေဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

တိုကျို၊ အောက်တိုဘာ ၂၃

မြန်မာနိုင်ငံအနေနဲ့ မကြာသေးမီ ကာလတွေက တိုးတက်မှုတွေ ရရှိနေသော်လည်း မိမိတို့ ကျော်ဖြတ်နိုင်မယ့် ကျော်လွှား ရမယ့် စိန်ခေါ်မှုများလည်း ရှိနေသေးဆဲ ဆိုတာကိုလည်း သိရှိထားပြီး အဲလို ကျော်လွှားနိုင်ဖို့ အတွက် တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ အရေးပါတဲ့အခန်းကဏ္ဍက ပါဝင်နေကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မိမိတို့အနေနဲ့ အလုပ်အကိုင်ဖန်တီးပေးနိုင်တဲ့၊ အခွင့်အလမ်းသစ်များ ဖော်ဆောင်ပေးနိုင်မယ့်၊ တိုးတက်မှုတွေကို ဆက်လက်တည်တံ့ စေနိုင်အောင် တာဝန်သိသော ရင်းနှီးမြှုပ်နှံမှုများကို ရှာဖွေလျက်ရှိနေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဂျပန်နိုင်ငံကိုရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ ဂျပန်စီးပွားရေး လုပ်ငန်းရှင်တွေနဲ့တွေ့ဆုံချိန်မှာ အခုလိုမျိုး ပြောသွားတာပါ။

ငြိမ်းချမ်းသာယာ ဝပြောမှုကိုရှေးရှုတဲ့ လမ်းကြောင်းပေါ်ကို လျှောက်လှမ်းနေတဲ့ အချိန်မှာ ဂျပန်နိုင်ငံအပါအဝင် ကမ္ဘာအနှံ့က မိတ်ဆွေများရဲ့ နားလည်မှုနဲ့ ထောက်ခံအားပေးမှုတွေကို ဆက်လက် ရရှိသွားလိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မြန်မာအစိုးရအနေနဲ့ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူတွေကို ကြိုဆိုလျက်ရှိပြီး အဲဒီ အသွင်ကူးပြောင်းမှုတွေမှာ အတူတကွ လက်တွဲပြီး ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပြီး ဂျပန်စီးပွားရှင်တွေကို မြန်မာနိုင်ငံမှာ လာရောက်လုပ်ကိုင်စေဖို့ ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ်ခဲ့ပါတယ်။

နေဝန်း

Click to comment

Most Popular

To Top