ပြည်သူတို့၏မျှော်လင့်ချက်များကို ဖြည့်ဆည်းပေးနိုင်မှသာ လူထုက ရွေးကောက်ပွေဲအပေါ် စိတ်ဝင်စားမည်ဟု ဆို – iSeeMedia
Local

ပြည်သူတို့၏မျှော်လင့်ချက်များကို ဖြည့်ဆည်းပေးနိုင်မှသာ လူထုက ရွေးကောက်ပွေဲအပေါ် စိတ်ဝင်စားမည်ဟု ဆို

၂၀၂၀ရွေးကောက်ပွဲတွင် လက်တွေ့ကျသည့်ပြည်သူ့ဘဝမျှော်လင့်ချက် အခင်းအကျင်းကို လုပ်ဆောင်နိုင်မှသာလျှင် ပြည်သူလူထုအနေဖြင့်ရွေးကောက်ပွဲအပေါ်စိတ်ပါဝင်စားမှုရှိလာလိမ့်မည်ဖြစ်ကြောင်း
ပြည်သူ့ပါတီဒုဥက္ကဌ ဦးမင်းဇေယျက အောက်တိုဘာလ ၉ ရက်တွင်ပြောသည်။

“ခေတ်ကာလအနေအထားအရ ပြည်သူတွေရဲ့နိုင်ငံရေးအရဖြစ်ချင်တဲ့ဆန္ဒတွေမျှော်လင့်ချက်တွေဟာ ပိုမြင့်လာတာပေါ့။ အားမလိုအားမရမှုတွေဖြစ်လာတာတွေလည်းရှိလာတာတွေ့ရတယ်။ ရွေးကောက်ပွဲအပေါ်စိတ်မပါတာတွေဟာ နိုင်ငံရေးပါတီတွေအနေနဲ့အထူးသတိထားရမယ် ဒီလိုအခြေအနေမှာ ပြည်သူတွေရွေးကောက်ပွဲအပေါ်ပြန်လည်စိတ်ဝင်စားလာဖို့ဆိုရင် ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို လက်တွေ့ကျကျလုပ်ဖို့လိုသလို ပြည်သူလူထုရဲ့နိုင်ငံရေးမျှော်လင့်ချက်တွေ လက်တွေ့ကျတဲ့အခင်းအကျင်းတွေကို နိုင်ငံရေးပါတီတွေအနေနဲ့လုပ်နိုင်ဖို့လိုအပ်တယ်လို့မြင်တယ်” ဟု၎င်းကပြောသည်။

လက်ရှိအချိန်တွင် ရွေးကောက်ပွဲနှင့်ပတ်သတ်၍ ပြည်သူများအကြားတွင် စိတ်ပါဝင်စားမှုမှ ာအလွန်နည်းပါးနေကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ထားကြသည်။

“အမှန်တော့ ရွေးကောက်ပွဲ ဆိုတာကို တီုင်းဒေသကြီးတွေမှာပဲ စိတ်ဝင်စားကြတာ ပြည်နယ်တွေက ဒီလောက်စိတ်ဝင်စားကြတာမဟုတ်ဘူးကွ နောက်တစ်ချက်က လက်ရှိအစိုးရရဲ့ဆောင်ရွက်ချက်တွေနဲ့ပတ်သတ်ပြီ ပြည်သူလူထုရဲ့ စိတ်ပျက်အားလျော့မှုတွေရှိလာတယ်။အစိုးရကလည်း လူထုမျှော်လင့်ထားသလောက်မလုပ်နိုင်တာ တွေ့ရသလို တစ်ရက်ထက်တစ်ရက် တက်လာတဲ့ကုန်ဈေးနှုန်းကြီးမြင့်မှုတွေကလည်း ရွေးကောက်ပွဲအပေါ် လူထုရဲ့ယုံကြည်မှုလျော့လာတာပဲ” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကပြောသည်။

လာမည့်၂၀၂၀ ရွေးကောက်ပွဲသည် ၂၀၂၀လခုနှစ် နိုဝင်ဘာလအတွင်းတွင် ပြုလုပ်ကျင်းပဖွယ်ရှိနေပြီး နိုင်ငံရေးပါတီအများစုကရွေးကောက်ပွဲ အနိုင်ရရှီရေးအတွက် ယခုအချိန်ကတည်းက ကြိုတင်ဆောင်ရွက်နေမှုများရှိနေကြောင်းသိရသည်။

ကိုဖူးသစ်

Click to comment

Most Popular

To Top