ကွေး မြသလွန်စေတီတော် ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီးတွင် ဘုရားဖူး (၁၂၀၀) ဝန်းကျင် တစ်ပြိုင်နက်ထဲ တည်းခိုနေထိုင်နိုင်ရန် တည်းခိုဆောင်များ စီစဉ်ထားရှိ – iSeeMedia
Local

ကွေး မြသလွန်စေတီတော် ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီးတွင် ဘုရားဖူး (၁၂၀၀) ဝန်းကျင် တစ်ပြိုင်နက်ထဲ တည်းခိုနေထိုင်နိုင်ရန် တည်းခိုဆောင်များ စီစဉ်ထားရှိ

မကွေး၊ အောက်တိုဘာ ၅

မကွေးမြို့၏ ကျက်သရေဆောင် မြသလွန်စေတီတော်မြတ်ကြီး၏ ၂၅၈၃ ကြိမ်မြောက် ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီးကို ရက်(၂၀) ကြာကျင်းပမည်ဖြစ်ရာ ဘုရားဖူးလာပြည်သူများအတွက် စေတိယသန္တကအဆောက်အဦများနှင့် အလှူရှင်များ ဆောက်လုပ်လှူဒါန်းထားသည့် သာလာယံဇရပ်များကို တစ်ပြိုင်နက်ထဲတွင် လူပေါင်း (၁၂၀၀) ခန့်အထိ တည်းခိုနေထိုင်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

“စေတိယသန္တကနဲ့ တည်ဆောက်ထားတဲ့အဆောင်က ၂ ဆောင်ရှိပါတယ်။ အဲဒီအဆောင်တွေမှာ တစ်ခန်း ကို လူ ၆ ယောက်၊ ၇ ယောက်လောက် တည်းခိုနေထိုင်နိုင်တာကိုမှ တစ်ည ၁၀၀၀ ကျပ်ပဲ ကောက်ခံမှာပါ။ ဒါကလည်း ပြန်လည်ပြုပြင်ရေးလုပ်ဆောင်ရတဲ့အခါမှာ ဘုရားဖူးပြည်သူတွေရဲ့ ထည့်ဝင်လှူဒါန်းငွေ ပါရှိစေချင်တဲ့သဘောပါပဲ။ အလှူရှင်တွေက သာလာယံဇရပ်အဖြစ် ဆောက်လုပ်လှူဒါန်းထားတဲ့ အဆောင်တွေမှာတော့ အခမဲ့တည်းခိုနေထိုင်နိုင်မှာဖြစ်ပါတယ်။ ဘုရားဖူး ၁၂၀၀ ခန့်အထိ တစ်ပြိုင်နက်ထဲ တည်းခိုနေထိုင်နိုင်ပါတယ်” ဟု မြသလွန်စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အတွင်းရေးမှူး (၂) ဦးဝင်းနိုင်က I See Media သို့ ပြောသည်။

ဘုရားဖူးများအတွက် တည်းခိုနေထိုင်နိုင်ရန် စီစဉ်ထားရှိမှုအပြင် အဆင့်မြင့်ရေလောင်းအိမ်သာများကိုလည်း နေရာ (၃) ခု၌ တည်ဆောက်ထားရှိပြီး တစ်နေရာတွင် (ရ) လုံးတန်း (၂) တန်း (၁၄) လုံးဖြင့် ဗိုလ်ထိုင် (၁) လုံးစီပါရှိကြောင်းနှင့် အသုံးပြုသူများထံမှ သန့်ရှင်းရေးစရိတ် (၁၀၀ိ) သာ ကောက်ခံရယူမည်ဖြစ်ကြောင်း သိရသည်။

မြသလွန်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကြီးအား ၁၃၈၁ ခုနှစ် သီတင်းကျွတ်လဆန်း (၁၀) ရက်၊ ၂၀၁၉ ခုနှစ် အောက်တိုဘာလ (၈) ရက်နေ့မှ သီတင်းကျွတ်လကွယ်၊ အောက်တိုဘာလ(၂၇) ရက်နေ့အထိ အနယ်နယ်အရပ်ရပ်မှ ဒေသထွက်ကုန်များ ရောင်းချကြမည့် ဆိုင်ခန်းပေါင်း (၁၂၀၀) ဝန်းကျင်၊ ကြည့်ချင်ပွဲ၊ ဇာတ်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ချမ်းမြေ့

Click to comment

Most Popular

To Top