မြန်မာနိုင်ငံသို့ပို့မည့် ဘိန်းမျိုးစေ့ တန်ချိန် ၁၇၀ ထိုင်းဆိပ်ကမ်းတွင် အကောက်အခွန် အရာရှိများက ဖမ်းမိ – iSeeMedia
Local

မြန်မာနိုင်ငံသို့ပို့မည့် ဘိန်းမျိုးစေ့ တန်ချိန် ၁၇၀ ထိုင်းဆိပ်ကမ်းတွင် အကောက်အခွန် အရာရှိများက ဖမ်းမိ

ချွန်ဘူရီ၊ အောက်တိုဘာ ၄

ချွန်ဘူရီ ခရိုင် စီရာချာ မြို့ လကဘန်ဆိပ်ကမ်း၌ ကုန်တင်နာ (၆) လုံးအတွင်း ဘိန်းမျိုးစေ့ တန်ချိန် ၁၇၀ (အိပ်ပေါင်း ၆၇၉၉) ကို ဆိပ်ကမ်းအကောက်အခွန် အရာရှိများမှ စစ်ဆေးဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

ဘတ်ငွေ ၂၅ သန်းတန်ဘိုးရှိ WHITE POPPY SEEDS ဘိန်းစေ့ အိတ်များအား အာဖကန်နစ္စတန်နိုင်ငံမှ ပါကစ္စတန်သို့ပို့ခဲ့ပြီး ထိုမှတဆင့် ထိုင်းနိုင်ငံဆီ ကုန်တင်သင်္ဘောဖြင့် ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ချွန်ဘူရီမှတဆင့် မဲဆောက်သို့ ကုန်တင်ကားများဖြင့် သယ်ယူ၍ မြန်မာနိုင်င့အတွင်း ပို့မည်ဖြစ်ကြောင်း၊ ကွန်တင်နာတွေကို စစ်ဆေးရာမှာ ကုန်စည်အဖြစ်ရေးထားသည့် နံမည်မှာ Quinoa seeds ဟု ဖေါ်ပြထားသော်လည်း တကယ်တမ်း စစ်ဆေးသည့်အခါတွင် ဘိန်းဖြူထုတ်လုပ်သည့် ဘိန်းမျိုးစေ့ WHITE POPPY SEEDS များ ဖြစ်နေသည်ကိုတွေ့ရကြောင်း သတင်းစာရှင်းလင်းပွဲ၌ ထိုင်းအကောက်ခွန် ညွှန်ကြားရေးမှုးချုပ် နိုင်ကစ်စဒါ Krisda ချီနာဗီချာနာ Chinavichana မှ ရှင်းလင်းပြောဆိုသွားသည်။

ထိုင်းနိုင်ငံတွင် ဘိန်းစေ့အား မူးယစ်ဆေးဝါး နံပါတ် (၅) အဆင့်အဖြစ် သတ်မှတ်ထားပြီး ရောင်ချခြင်း၊ သယ်ယူခြင်းမလုပ်ရန် တားမြစ်ထားကြောင်း သိရသည်။

Credit: SAW (Social Action for Women)

Click to comment

Most Popular

To Top