နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၁ ဘီလီယံကျော် တိုးတက်လာ – iSeeMedia
Local

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၁ ဘီလီယံကျော် တိုးတက်လာ

ရန်ကုန်၊အောက်တိုဘာ ၃

ပြည်တွင်းသို့ဝင်ရောက်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏမှာ ယခင်နှစ်ထက် အမေရိကန် ဒေါ်လာ ၁ ဘီလီယံကျော် ပိုမိုတိုးတက်ရရှိခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁ ရက် မှ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်အတွင်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ယခုကဲ့သို့ ပိုမိုဝင်ရောက်လာခြင်းဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူ းချုပ် ဦးသန့်စင်လွင်က ပြောသည်။

” မနှစ်ကထက် အများကြီး တက်လာတာ တွေ့ရတယ်။ ကာလတူနဲ့ နှိုင်းယှဉ်ရင်တော့ တိုးတက်တယ်။”ဟု ၎င်းကပြောသည်။

သို့ရာတွင် Myanmar Investment Promotion Plan အရ အမေရိကန်ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံပြည့်ဖို့ ၁ ဒသမ ၃ ဘီလီယံ လိုနေသေးကြောင်း ၎င်းကဆက်လက်ပြောသည်။

ယခု ဘဏ္ဍာနှစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု ပမာဏသည် အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံကျော်အထိ ရှိခဲ့ပြီး ယခင်နှစ်က ကာလတူ ဝင်ရောက်ခဲ့သည့် ပမာဏမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၀၂ ဘီလီယံ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ရက်မှ စက်တင်ဘာလ ၂၇ ရက်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/အတည်ပြုပေးခဲ့သည့် လုပ်ငန်းပေါင်း ၂၈၂ ခုရှိပြီး သီလဝါအထူး စီးပွားရေးဇုန်နှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၄၅၂၀ ဒသမ ၇၅၄ သန်း ဖြစ်သည်။

ဇွဲခန့်


နိုင္ငံျခားရင္းႏွီးျမႇုပ္ႏွံမွု ကန္ေဒၚလာ ၁ ဘီလီယံေက်ာ္ တိုးတက္လာ

ရန္ကုန္၊ေအာက္တိုဘာ ၃

ျပည္တြင္းသို႔ဝင္ေရာက္သည့္ နိုင္ငံျခားရင္းႏွီးျမႇုပ္ႏွံမႈပမာဏမွာ ယခင္ႏွစ္ထက္ အေမရိကန္ ေဒၚလာ ၁ ဘီလီယံေက်ာ္ ပိုမိုတိုးတက္ရရွိခဲ့ေၾကာင္း သိရသည္။

၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ ၁ ရက္ မွ ၂၀၁၉ ခုႏွစ္ စက္တင္ဘာ ၃၀ ရက္အတြင္း နိုင္ငံျခားရင္းႏွီးျမဳပ္ႏွံမွု ယခုကဲ့သို႔ ပိုမိုဝင္ေရာက္လာျခင္းျဖစ္ေၾကာင္း ရင္းႏွီးျမႇုပ္ႏွံမွုႏွင့္ ကုမၸဏီမ်ား ညႊန္ၾကားမွုဦးစီးဌာနမွ ညႊန္ၾကားေရးမွဴ းခ်ဳပ္ ဦးသန႔္စင္လြင္က ေျပာသည္။

” မႏွစ္ကထက္ အမ်ားႀကီး တက္လာတာ ေတြ႕ရတယ္။ ကာလတူနဲ႔ ႏွိုင္းယွဥ္ရင္ေတာ့ တိုးတက္တယ္။”ဟု ၎ကေျပာသည္။

သို႔ရာတြင္ Myanmar Investment Promotion Plan အရ အေမရိကန္ေဒၚလာ ၅ ဒသမ ၈ ဘီလီယံျပည့္ဖို့ ၁ ဒသမ ၃ ဘီလီယံ လိုေနေသးေၾကာင္း ၎ကဆက္လက္ေျပာသည္။

ယခု ဘ႑ာႏွစ္ နိုင္ငံျခားရင္းႏွီးျမႇုပ္ႏွံမႈ ဝင္ေရာက္မွု ပမာဏသည္ အေမရိကန္ေဒၚလာ ၄ ဒသမ ၅ ဘီလီယံေက်ာ္အထိ ရွိခဲ့ၿပီး ယခင္ႏွစ္က ကာလတူ ဝင္ေရာက္ခဲ့သည့္ ပမာဏမွာ အေမရိကန္ေဒၚလာ ၃ ဒသမ ၀၂ ဘီလီယံ ဝင္ေရာက္ခဲ့ျခင္းျဖစ္သည္။

၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္ ေအာက္တိုဘာလ ၁ရက္မွ စက္တင္ဘာလ ၂၇ ရက္အထိ နိုင္ငံျခား ရင္းႏွီးျမႇုပ္ႏွံမွု ခြင့္ျပဳ/အတည္ျပဳေပးခဲ့သည့္ လုပ္ငန္းေပါင္း ၂၈၂ ခုရွိၿပီး သီလဝါအထူး စီးပြားေရးဇုန္ႏွင့္ ရင္းႏွီးျမႇုပ္ႏွံမွု တိုးျမႇင့္ျခင္း အပါအဝင္ စုစုေပါင္း နိုင္ငံျခားရင္းႏွီးျမႇုပ္ႏွံမွုပမာဏ အေမရိကန္ေဒၚလာ ၄၅၂၀ ဒသမ ၇၅၄ သန္း ျဖစ္သည္။

ဇြဲခန႔္

Click to comment

Most Popular

To Top