ထိုင်းနိုင်ငံက အဓိက ရင်းနှီးမြှပ်နှံသွားမည့် ထားဝယ်အထူးစီးပွားရေးဇုန်အား အဆင့် ၄ ဆင့်ဖြင့်ဆောင်ရွက်မည် – iSeeMedia
Local

ထိုင်းနိုင်ငံက အဓိက ရင်းနှီးမြှပ်နှံသွားမည့် ထားဝယ်အထူးစီးပွားရေးဇုန်အား အဆင့် ၄ ဆင့်ဖြင့်ဆောင်ရွက်မည်

နေပြည်တော်၊အောက်တိုဘာ ၃

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကို အဆင့်လေးဆင့်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဌ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်ကပြောသည်။

နေပြည်တော် Park Royal ဟိုတယ်တွင် ပြုလုပ်သည့် ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်း ဖွံ့ဖြိုးတိုးတက်ရေး ပူးတွဲကော်မတီ အစည်းအဝေး အပြီးတွင် သတင်းမီဒီယာများ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကို ၂၀၁၈ ခုနှစ်တွင် စတင်ခဲ့ပြီး အီတာလျံ- ထိုင်းကုမ္ပဏီသို့နှစ်ရှည်လုပ်ငန်း ဆောင်ရွက်ခွင့်ပြုထားကာ ၂၇ စတုရန်း ကီလိုမီတာ အကျယ်အဝန်းတည်ဆောက်သွားမည် ဖြစ်ကြောင်းသိရသည်။

“အဲဒီလို ဆောင်ရွက်မယ်ဆိုတာဟာ မူလ စာချုပ်ကတည်းမှာကိုက သဘောတူထားတဲ့ အချက်ဖြစ်ပါတယ်။ဆောင်ရွက်မဲ့ဟာက၇ ၊ ရ၊ ရ၊၆ စတုရန်း ကီလိုမီတာ အကျယ်အဝန်းနဲ့ သွားမယ်ဆိုပြီးတော့ မူလကတည်းက သဘောတူထားတဲ့အတိုင်း သွားခြင်းဖြစ်ပါတယ်”ဟု ဒေါက်တာ ထွန်းနိုင်ကပြောသည်။

ထားဝယ် အထူးစီးပွားရေးဇုန် ပြီးစီးပါက သည် ပြည်တွင်းပြည်ပ ချိတ်ဆက်မှု ပိုမိုအားကောင်းလာမည်ဖြစ်ပြီး မြန်မာပြည်၏ တောင်ဘက်ပိုင်းရှိ ပင်လယ် ငါးဖမ်းလုပ်ငန်းနှင့် ရေထွက်ကုန် ဆက်စပ်လုပ်ငန်းများသည် လည်း စီးပွားရေးးဇုန် ကို ဆွဲဆောင်နိုင်မည့် အလားအလာ ကောင်းများ ဖြစ်ကြောင်း ၊အစည်းအဝေးတွင် ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ထိုင်းနယ်စပ်တွင်ဖောက်မည့် နှစ်လမ်းသွားလမ်း ဖောက်လုပ်ရေးနှင့် ပတ်သက်သည့် တိုးတက်မှုများကို ဆွေးနွေးခဲ့ကြောင်းသိရသည်။

ထားဝယ်အထူးစီးပွားရေးဇုန်အတွက် ရင်းနှီးမြှပ်နှံမည့် သူများကိုလည်း နှစ်နိုင်ငံစလုံးမှ ဖိတ်ခေါ်သွားမည်ဖြစ်ကာ နောက်ထပ် ညှိနှိုင်းအစည်းအဝေးကိုထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်ရန် သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။

ဇွဲခန့်


ထိုင္းနိုင္ငံက အဓိက ရင္းႏွီးျမႇပ္ႏွံသြားမည့္ ထားဝယ္အထူးစီးပြားေရးဇုန္အား အဆင့္ ၄ ဆင့္ျဖင့္ေဆာင္ရြက္မည္

ေနျပည္ေတာ္၊ေအာက္တိုဘာ ၃

ထားဝယ္အထူးစီးပြားေရးဇုန္ စီမံကိန္းကို အဆင့္ေလးဆင့္ျဖင့္ ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း ထားဝယ္အထူးစီးပြားေရးဇုန္ စီမံခန႔္ခြဲမွုေကာ္မတီဥကၠဌ လၽွပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ေဒါက္တာထြန္းနိုင္ကေျပာသည္။

ေနျပည္ေတာ္ Park Royal ဟိုတယ္တြင္ ျပဳလုပ္သည့္ ထားဝယ္အထူးစီးပြားေရးဇုန္ ကနဦးစီမံကိန္း ဖြံ့ၿဖိဳးတိုးတက္ေရး ပူးတြဲေကာ္မတီ အစည္းအေဝး အၿပီးတြင္ သတင္းမီဒီယာမ်ား၏ ေမးျမန္းမွုကို ျပန္လည္ ေျဖၾကားခဲ့ျခင္းျဖစ္သည္။

ထားဝယ္အထူးစီးပြားေရးဇုန္ စီမံကိန္းကို ၂၀၁၈ ခုႏွစ္တြင္ စတင္ခဲ့ၿပီး အီတာလ်ံ- ထိုင္းကုမၸဏီသို့ႏွစ္ရွည္လုပ္ငန္း ေဆာင္ရြက္ခြင့္ျပဳထားကာ ၂၇ စတုရန္း ကီလိုမီတာ အက်ယ္အဝန္းတည္ေဆာက္သြားမည္ ျဖစ္ေၾကာင္းသိရသည္။

“အဲဒီလို ေဆာင္ရြက္မယ္ဆိုတာဟာ မူလ စာခ်ဳပ္ကတည္းမွာကိုက သေဘာတူထားတဲ့ အခ်က္ျဖစ္ပါတယ္။ေဆာင္ရြက္မဲ့ဟာက၇ ၊ ၇၊ ၇၊၆ စတုရန္း ကီလိုမီတာ အက်ယ္အဝန္းနဲ႔ သြားမယ္ဆိုၿပီးေတာ့ မူလကတည္းက သေဘာတူထားတဲ့အတိုင္း သြားျခင္းျဖစ္ပါတယ္”ဟု ေဒါက္တာ ထြန္းနိုင္ကေျပာသည္။

ထားဝယ္ အထူးစီးပြားေရးဇုန္ ၿပီးစီးပါက သည္ ျပည္တြင္းျပည္ပ ခ်ိတ္ဆက္မွု ပိုမိုအားေကာင္းလာမည္ျဖစ္ၿပီး ျမန္မာျပည္၏ ေတာင္ဘက္ပိုင္းရွိ ပင္လယ္ ငါးဖမ္းလုပ္ငန္းႏွင့္ ေရထြက္ကုန္ ဆက္စပ္လုပ္ငန္းမ်ားသည္ လည္း စီးပြားေရးးဇုန္ ကို ဆြဲေဆာင္နိုင္မည့္ အလားအလာ ေကာင္းမ်ား ျဖစ္ေၾကာင္း ၊အစည္းအေဝးတြင္ ထားဝယ္ အထူးစီးပြားေရးဇုန္ႏွင့္ ထိုင္းနယ္စပ္တြင္ေဖာက္မည့္ ႏွစ္လမ္းသြားလမ္း ေဖာက္လုပ္ေရးႏွင့္ ပတ္သက္သည့္ တိုးတက္မွုမ်ားကို ေဆြးေႏြးခဲ့ေၾကာင္းသိရသည္။

ထားဝယ္အထူးစီးပြားေရးဇုန္အတြက္ ရင္းႏွီးျမႇပ္ႏွံမည့္ သူမ်ားကိုလည္း ႏွစ္နိုင္ငံစလုံးမွ ဖိတ္ေခၚသြားမည္ျဖစ္ကာ ေနာက္ထပ္ ညႇိႏွိုင္းအစည္းအေဝးကိုထိုင္းနိုင္ငံတြင္ က်င္းပျပဳလုပ္ရန္ သေဘာတူညီမွုရရွိခဲ့ေၾကာင္း သိရသည္။

ဇြဲခန႔္

Click to comment

Most Popular

To Top