ကြော်ငြာ လက်ကမ်း စာစောင်များ ဝေငှခြင်း ၊နံရံကပ်ခြင်း ၊ဓာတ်တိုင်များတွင် ကပ်ပါကတည်ဆဲဥပဒေ နှင့်အညီ အရေးယူဆောင်ရွက် သွားမည် – iSeeMedia
Local

ကြော်ငြာ လက်ကမ်း စာစောင်များ ဝေငှခြင်း ၊နံရံကပ်ခြင်း ၊ဓာတ်တိုင်များတွင် ကပ်ပါကတည်ဆဲဥပဒေ နှင့်အညီ အရေးယူဆောင်ရွက် သွားမည်

ရန်ကုန်၊အောက်တိုဘာ ၃

ရန်ကုန်မြို့တော်၏ ပြယုဒ်ကိုထိခိုက်စေသော ကြော်ငြာ လက်ကမ်း စာစောင်များ၊ ဝေငှခြင်း ၊နံရံကပ်ခြင်း ၊ဓာတ်တိုင်များတွင် ကပ်ခြင်း များကို တည်ဆဲဥပဒေ နှင့်အညီ အရေးယူဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦး မောင်မောင်စိုး မှ ပြောကြား သည်။

”စည်ပင်သာယာရေးနယ်နိမိတ်အတွင်းမှာလည်း စည်ကမ်းမဲ့ ကြော်ငြာတာတွေ ၊လက်ကမ်းစာစောင်ဝေငှတာ တွေ နောက်ပြီး နရံနဲ့ ဓာတ်တိုင်တွေမှာ စည်းကမ်းမဲ့ကပ်ခြင်းကိုလည်း ခရိုင်အုပ်ချုပ်ရေးမှူးရဲ့ ကြီးကြပ်မှုနဲ့ မြို့နယ် အလိုက် လိုက်လံဖြုတ်သိမ်းဆောင်ရွက်နေပါတယ်။ တချို့မြို့နယ်တွေမှာ ကြော်ငြာတွေကို ချက်ချင်းချိတ်တယ်။ ချက်ချင်းဖြုတ်သိမ်းတာတွေဆောင်ရွက်ပေမယ့် မနက်ဖြုတ်၊ ညပြန်တက်တာ ချိတ်ဆွဲတာ တွေပြုနေပါတယ်။အခုနောက်ဆုံး ကျွန်တော်တို့ ညွှန်ကြားချက်အရတော့ YCDC အနေနဲ့ အဲ့ဒါတွေနည်းပါးသွားအောင် ဘာလုပ်သလဲဆိုတော့ စည်းကမ်းမဲ့ကြော်ငြာတွေကိုလုပ်နေတာ ကို ကျွန်တော်တို့က ဒါကိုမှတ်တမ်းမှတ်ရာ ရယူပါတယ်။ မှတ်တမ်းမှတ်ရာရ ယူပြီးအဲ့ဒီလိပ်စာနဲ့ တယ်လီဖုန်း နံ ပါတ်တွေဆက်သွယ်ခေါ်ယူပြီးတော့ တည်ဆဲဥပဒေနဲ့ အညီ လုပ်ငန်းလိုင်စင်တွေမဆောင်လို့ရှိရင်လည်း ဆော င်ခိုင်တယ်။အခွန်တွေဆောင်ခိုင်တယ်။အဲ့ဒါကြတော့ အတော်ကိုနည်းသွားပါတယ်။ ဒါကိုလည်းဆက် လက် လုပ်ကိုင်နေပါတယ်။သူတို့ လိပ်စာတွေနဲ့ တယ်လီဖုန်းနံပါတ်တွေကို ဆက်သွယ်ခေါ်ယူပြီးတော့ တစ်ဖက်က တည်ဆဲဥပဒေနဲ့ အညီလည်း ဆက်လက်ဆောင်ရွက်နေပါတယ်”ဟု ရန်ကုန်မြို့တော်ဝန်က ပြောကြားသည်။

ယနေ့ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေးတွင် အလုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)မှ လွှတ်တော်ကိုယ်စာလှယ် ဒေါ်နွယ်နွယ်ဝင်း မေးမြန်းသည့် ”ရန်ကုန်မြို့တော် ပြယုဒ်ကိုထိခိုက်စေသော ကြော်ငြာ လက်ကမ်း စာစောင်များ ဝေငှခြင်း ၊နံရံကပ်ခြင်း ၊ဓာတ်တိုင်များတွင် ကပ်ခြင်း တို့ ဆောင်ရွက်နေမှုအပေါ်တွွင် မည်ကဲ့သို့ ထိန်းသိမ်း ကြပ်မတ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ သိလိုကြောင်း ”မေးခွန်း နှင့် ဆပ်လျှဉ်း၍ မြို့တော်ဝန်ဦးမောင်မောင်စိုးက ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ရန်ကုန်မြို့တော်၏ ပြယုဒ်ကိုထိခိုက်စေသည့် လက်ကမ်းကြော်ငြာစာ ဝေငှခြင်း ၊နရံကပ်ခြင်း၊ ဓာတ်တိုင်များတွင် ကပ်သည့် ကိစ္စရပ်များအား အရေးယူဆောင်ရွက်နေသော်လည်း တစ်နေ့တခြား ပိုများလာခြင်း၊ စည်းကမ်းမဲ့ ကြော်ငြာများဖြစ်ခြင်းကြောင့် ရန်ကုန်မြို့တော်ဥပဒေနှင့်အညီအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ရန်ကုန်မြို့တော်နေပြည်သူများအား အသိပေး ပန်ကြားချက်ကို နိုင်ငံတော်ပိုင်သတင်းစာဖြစ်သည့် မြန်မာ့အလင်းသတင်းစာနှင့် ကြေမုံသတင်းစာများ ၊ ရန်ကုန်မြို့တာ်စည်ပင်သာယာရေးကော်မတီမှ ထုတ်ဝေသည့် မြို့တော်သတင်းစာ၊ City FM တွင်လည်း ထုတ်ပြန်ကြေညာပြီးဖြစ်ကြောင်း မြို့တော်ဝန်ဦးမောင်မောင်းစိုးက ပြောကြားသည်။

အဖြူ ရောင်


ေၾကာ္ျငာ လက္ကမ္း စာေစာင္မ်ား ေဝငွျခင္း ၊နံရံကပ္ျခင္း ၊ဓာတ္တိုင္မ်ားတြင္ ကပ္ပါကတည္ဆဲဥပေဒ ႏွင့္အညီ အေရးယူေဆာင္ရြက္ သြားမည္

ရန္ကုန္၊ေအာက္တိုဘာ ၃

ရန္ကုန္ၿမိဳ႕ေတာ္၏ ျပယုဒ္ကိုထိခိုက္ေစေသာ ေၾကာ္ျငာ လက္ကမ္း စာေစာင္မ်ား၊ ေဝငွျခင္း ၊နံရံကပ္ျခင္း ၊ဓာတ္တိုင္မ်ားတြင္ ကပ္ျခင္း မ်ားကို တည္ဆဲဥပေဒ ႏွင့္အညီ အေရးယူေဆာင္ရြက္ သြားမည္ ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ဝန္ ဦး ေမာင္ေမာင္စိုး မွ ေျပာၾကား သည္။

”စည္ပင္သာယာေရးနယ္နိမိတ္အတြင္းမွာလည္း စည္ကမ္းမဲ့ ေၾကာ္ျငာတာေတြ ၊လက္ကမ္းစာေစာင္ေ၀ငွတာ ေတြ ေနာက္ျပီး နရံနဲ႔ ဓာတ္တိုင္ေတြမွာ စည္းကမ္းမဲ႔ကပ္ျခင္းကိုလည္း ခရိုင္အုပ္ခ်ဳပ္ေရးမွဴးရဲ့ ၾကီးၾကပ္မႈနဲ႔ ၿမိဳ႕နယ္ အလုိက္ လုိက္လံျဖဳတ္သိမ္းေဆာင္ရြက္ေနပါတယ္။ တခ်ိဳ႕ျမိဳ႕နယ္ေတြမွာ ေၾကာ္ျငာေတြကို ခ်က္ခ်င္းခ်ိတ္တယ္။ ခ်က္ခ်င္းျဖဳတ္သိမ္းတာေတြေဆာင္ရြက္ေပမယ့္ မနက္ျဖဳတ္၊ ညျပန္တက္တာ ခ်ိတ္ဆြဲတာ ေတြျပဳေနပါတယ္။အခုေနာက္ဆံုး ကၽြန္ေတာ္တုိ႔ ညႊန္ၾကားခ်က္အရေတာ့ YCDC အေနနဲ႔ အဲ့ဒါေတြနည္းပါးသြားေအာင္ ဘာလုပ္သလဲဆိုေတာ့ စည္းကမ္းမဲ့ေၾကာ္ျငာေတြကိုလုပ္ေနတာ ကိုိ ကၽြန္ေတာ္တုိ႔က ဒါကိုမွတ္တမ္းမွတ္ရာ ရယူပါတယ္။ မွတ္တမ္းမွတ္ရာရ ယူျပီးအဲ့ဒီလိပ္စာနဲ႔ တယ္လီဖုန္း နံ ပါတ္ေတြဆက္သြယ္္ေခၚယူျပီးေတာ့ တည္ဆဲဥပေဒနဲ႔ အညီ လုပ္ငန္းလိုင္စင္ေတြမေဆာင္လုိ႔ရွိရင္လည္း ေဆာ င္ခိုင္တယ္။အခြန္ေတြေဆာင္ခိုင္တယ္။အဲ့ဒါၾကေတာ့ အေတာ္ကိုနည္းသြားပါတယ္။ ဒါကိုလည္းဆက္ လက္ လုပ္ကိုင္ေနပါတယ္။သူတို႔ လိပ္စာေတြနဲ႔ တယ္လီဖုန္းနံပါတ္ေတြကို ဆက္သြယ္ေခၚယူျပီးေတာ့ တစ္ဖက္က တည္ဆဲဥပေဒနဲ႔ အညီလည္း ဆက္လက္ေဆာင္ရြက္ေနပါတယ္”ဟု ရန္ကုန္ၿမိဳ႕ေတာ္ဝန္က ေျပာၾကားသည္။

ယေန႔က်င္းပျပဳလုပ္သည့္ ဒုတိယအႀကိမ္ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ ပုံမွန္အစည္းအေဝးတြင္ အလံုၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္ (၂)မွ လႊတ္ေတာ္ကိုယ္စာလွယ္ ေဒၚႏြယ္ႏြယ္ဝင္း ေမးျမန္းသည့္ ”ရန္ကုန္ၿမိဳ႕ေတာ္ ျပယုဒ္ကိုထိခိုက္ေစေသာ ေၾကာ္ျငာ လက္ကမ္း စာေစာင္မ်ား ေဝငွျခင္း ၊နံရံကပ္ျခင္း ၊ဓာတ္တိုင္မ်ားတြင္ ကပ္ျခင္း တို႔ ေဆာင္ရြက္ေနမႈအေပၚတြြင္ မည္ကဲ့သို႔ ထိန္းသိမ္း ၾကပ္မတ္ ေဆာင္ရြက္ေပးရန္ အစီအစဥ္ ရိွ/မရိွ သိလိုေၾကာင္း ”ေမးခြန္း ႏွင့္ ဆပ္လ်ွဥ္း၍ ၿမိဳ႕ေတာ္ဝန္ဦးေမာင္ေမာင္စိုးက ျပန္လည္ေျဖၾကားရာတြင္ ထည့္သြင္းေျပာၾကားခဲ့ျခင္း ျဖစ္သည္။

ယင္းသို႔ ရန္ကုန္ၿမိဳ႕ေတာ္၏ ျပယုဒ္ကိုထိခိုက္ေစသည့္ လက္ကမ္းေၾကာ္ျငာစာ ေ၀ငွျခင္း ၊နရံကပ္ျခင္း၊ ဓာတ္တုိင္မ်ားတြင္ ကပ္သည့္ ကိစၥရပ္မ်ားအား အေရးယူေဆာင္ရြက္ေနေသာ္လည္း တစ္ေန႔တျခား ပိုမ်ားလာျခင္း၊ စည္းကမ္းမဲ့ ေၾကာ္ျငာမ်ားျဖစ္ျခင္းေၾကာင့္ ရန္ကုန္ၿမိဳ႕ေတာ္ဥပေဒႏွင့္အညီအေရးယူေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္းကို ရန္ကုန္ၿမိဳ႕ေတာ္ေနျပည္သူမ်ားအား အသိေပး ပန္ၾကားခ်က္ကို ႏိုင္ငံေတာ္ပိုင္သတင္းစာျဖစ္သည့္ ျမန္မာ့အလင္းသတင္းစာႏွင့္ ေၾကမံုသတင္းစာမ်ား ၊ ရန္ကုန္ၿမိဳ႕တာ္စည္ပင္သာယာေရးေကာ္မတီမွ ထုတ္ေ၀သည့္ ၿမိဳ႕ေတာ္သတင္းစာ၊ City FM တြင္လည္း ထုတ္ျပန္ေၾကညာၿပီးျဖစ္ေၾကာင္း ၿမိဳ႕ေတာ္ဝန္ဦးေမာင္ေမာင္းစိုးက ေျပာၾကားသည္။

အျဖဴ ေရာင္

Click to comment

Most Popular

To Top