စည်းကမ်းမဲ့ အသံချဲ့စက်ဖွင့်ကြောင်း လွှတ်တော်တွင် မေးခွန်းမေးခံရပါက သက်ဆိုင်ရာမြို့နယ်ထွေအုပ်နှင့်ရပ်ကျေးအုပ်ချုပ်ရေးမှူ းများအား အရေးယူမည်ဟုဆို – iSeeMedia
Local

စည်းကမ်းမဲ့ အသံချဲ့စက်ဖွင့်ကြောင်း လွှတ်တော်တွင် မေးခွန်းမေးခံရပါက သက်ဆိုင်ရာမြို့နယ်ထွေအုပ်နှင့်ရပ်ကျေးအုပ်ချုပ်ရေးမှူ းများအား အရေးယူမည်ဟုဆို

မွန် ၊အောက်တိုဘာ ၃

အသံချဲ့စက်ဖွင့်သူများ၏စည်းကမ်းမလိုက်နာမှုကြောင့် လွှတ်တော်တွင် မေးခွန်းမေးခံရပါက သက်ဆိုင်ရာမြို့နယ်ထွေအုပ်နှင့်ရပ်ကျေးအုပ်ချုပ်ရေးမှူ းများအား အရေးယူမည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူ းကြီး နေထွဋ်ဦးက ပြောဆိုလိုက်သည်။

“အသံချဲ့စက်ဖွင့်သူတွေကို ဥပဒေထက်ကျော်လွန်ပြီး မလုပ်ကြဖို့ သက်ဆိုင်ရာ ခရိုင်ထွေအုပ်တွေကနေတဆင့် ညွှန်ကြားခိုင်းထားပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး နောက်တစ်ကြိမ်လွှတ်တော်မှာ အသံချဲ့စက်တွေကြောင့် ဘယ်နေ့ဘယ်နေရာမှာ ဘယ်လိုဖွင့်ပါတယ်လို့ တက်လာခဲ့ရင် သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူ းတွေ မြို့နယ်အုပ်ချုပ်ရေးမှူ းတွေကို အရေးယူမယ်။ ဆိုလိုတာက သူတို့တွေက ကြီးကြပ်ရမယ့်သူတွေ ပြည်သူက ဒါတွေနဲ့ပတ်သက်ပြီး သူတို့က သတင်းပို့မယ် တားဆီးရမယ်။ တားဆီးတဲ့အချိန်မှာ အသံလျော့သွားတာ၊ မလိုတဲ့ဆောင်းဘောက်တွေဖြုတ်သွားတာ သူတို့ဟာသူတို့ဆောင်ရွက်သွားရင် ပြသနာကမဖြစ်တော့ဘူး။ ဒါကိုမလိုက်နားဘူးဆိုရင် အရေးယူဆောင်ရွက်ရမယ်။ တစ်ဖက်ကိုဘဲ မနစ်နာအောင် ဥပဒေကြောင်းအရ လိုက်နာတတ်အောင် ပြောဆိုရမယ် ”ဟု ဗိုလ်မှူ းကြီးနေထွဋ်ဦးကပြောသည်။

ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် မွန်ပြည်နယ်အတွင်း အသံချဲ့စက်ဖွင့်သူများအနေဖြင့် သတ်မှတ်ဥပဒေထက် ကျော်လွန်လုပ်ဆောင်ပါက မည်သို့ဆောင်ရွက်မည်ကို သတင်းထောက်များမှ မေးမြန်းစဉ်ပြောကြားခဲ့ဖြစ်ကြောင်း သိရသည်။

အသံချဲ့စက်အသုံးပြုခြင်းနှင့်ပတ်သက်ပြီး သတ်မှတ်အသံနှုန်းထားအတိုင်းနှင့်စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးတာဝန်ရှိသူများမှ တဆင့် လုပ်ငန်းရှင်များထံချပြရှင်းလင်းအသိပေးရန် မှာကြားထားပြီး မှာကြားချက်ညွှန် ကြားချက်အား မလိုက်နာဘဲ ကျော်လွန်လုပ်ဆောင်သူများအား ဥပဒေအရ ထိရောက်စွာအရေးယူသွားမည်ဖြစ် ကြောင်းလည်း ၄င်းကဆိုသည်။

မွန်ပြည်နယ်တွင် ပွင့်လင်းရာသီရောက်ရှိလာပါက မင်္ဂလာပွဲများ၊ အလှူ ပွဲများ၊ ပွဲလမ်းသဘင်များ ကျင်းပပြုလုပ်ရာတွင် လော်စပီကာများ၊ အတွဲလိုက်တပ်ဆင်ထားသော ဆောင်းဘောက်များအသုံးပြုကာ သီချင်းများဖွင့်လှစ်တတ်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် သတ်မှတ်ဥပဒေစည်းကမ်းအား လိုက်နာပြီးဆောင်ရွက်ကြသူများရှိသလို စည်းကမ်းမလိုက်နာသူများကြောင့် အသံချဲ့စက်များဖွင့်လှစ်အသုံးပြုရာပတ်ဝန်းကျင်နေ ပြည်သူများမှာ မကြာခဏစိတ်အနှောင်ယှက်ဖြစ်ရမှုများလည်း ရှိကြောင်း သိရသည်။

“ဒီဘက်တွေမှာက ဆောင်းဘောက်တွေဖွငိ့ပြီးဆိုရင်လဲ အသံကုန်ဘဲ ရပ်ကွက်ကမတိုင်မချင်းကို နားမခံနိုင်အောင်လုပ်တာ တာဝန်ရှိသူတွေကို တိုင်လဲခဏဘဲ ပြီးရင်ပြန်ဖြစ်တာဘဲ အချို့ဆို ဘာပွဲလမ်းသဘင်မှ မရှိဘဲ ဆောင်းဘောက်တွေအကျယ်ကြီးဖွငိ့ပြီး မူးရူးကခုန်နေသူတွေတောင်ရှိတယ်”ဟု ဒေသခံ ကိုရင်ထွေးကပြောသည်။

ရပ်ကျေးဥပဒေအရ အသံချဲစက်အသုံးပြုသူအနေဖြင့် သတ်မှတ်ခွင့်ပြုချိန်(နံနက် ၆ နာရီမှ ည ၉ နာရီထိ)ထိသာ ဖွင့်လှစ်ရန်၊ခွင့်ပြုထာသော ရက်အတွင်းသာ ဖွင့်ရန်၊ ခွင့်ပြုထားသည့်နေရာ၌ သာဖွင့်ရန်၊ သတ်မှတ်အသံနှုန်းထားအတိုင်းသာဖွင့်ရန်၊ ပြည်သူများအေးချမ်းတည်ငြိမ်စွာ လုပ်ကိုင်နေထိုင်မှုအား အနှောက်အယှက်မဖြစ်စေရ၊ အမျိုးဘာသာသာသနာကို ထိခိုက်စေသော ဂုဏ်သိက္ခာကျဆင်းစေသော အကြောင်းအရာများ မဖွင့်လှစ်ရန်၊ တာဝန်ရှိသူများမှ အခါအားလျော်စွာ စစ်ဆေးမှုကို ခံယူလိုက်နာရမည်ဖြစ်ကြောင်း သိရသည်။
အသံချဲ့စက်အသုံးပြုဖွင့်လိုသူများသည် သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူ းများထံတွင် ၃ ရက်ကြိုတင် ခွင့်ပြုချက်တောင်းခံရပြီး သတ်မှတ်စည်းကမ်းမလိုက်နာသူများအား ရပ်ကျေးဥပဒေဖြင့် အရေးယူနိုင်ပြီး သက်ဆိုင်ရာမြို့နယ် တရားသူကြီးမှကျပ် ၅၀၀၀ ထက်မပိုသော ငွေဒဏ်နှင့်ငွေဒဏ်မဆောင်ပါက ၇ ရက်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ကျခံရန် အမိန့်ချမှတ်နိုင်ကြောင်း သိရသည်။

သုတ


စည္းကမ္းမဲ့ အသံခ်ဲ႕စက္ဖြင့္ေၾကာင္း လႊတ္ေတာ္တြင္ ေမးခြန္းေမးခံရပါက သက္ဆိုင္ရာၿမိဳ႕နယ္ေထြအုပ္ႏွင့္ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴ းမ်ားအား အေရးယူမည္ဟုဆို

မြန္ ၊ေအာက္တိုဘာ ၃

အသံခ်ဲ႕စက္ဖြင့္သူမ်ား၏စည္းကမ္းမလိုက္နာမႈေၾကာင့္ လႊတ္ေတာ္တြင္ ေမးခြန္းေမးခံရပါက သက္ဆိုင္ရာၿမိဳ႕နယ္ေထြအုပ္ႏွင့္ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴ းမ်ားအား အေရးယူမည္ဟု မြန္ျပည္နယ္အစိုးရအဖြဲ႕ဝင္ လံုၿခံဳေရးႏွင့္နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မွဴ းႀကီး ေနထြဋ္ဦးက ေျပာဆိုလိုက္သည္။

“အသံခ်ဲ႕စက္ဖြင့္သူေတြကို ဥပေဒထက္ေက်ာ္လြန္ၿပီး မလုပ္ၾကဖို႔ သက္ဆိုင္ရာ ခရိုင္ေထြအုပ္ေတြကေနတဆင့္ ညႊန္ၾကားခိုင္းထားပါတယ္။ ဒါေတြနဲ႕ပတ္သက္ၿပီး ေနာက္တစ္ႀကိမ္လႊတ္ေတာ္မွာ အသံခ်ဲ႕စက္ေတြေၾကာင့္ ဘယ္ေန႔ဘယ္ေနရာမွာ ဘယ္လိုဖြင့္ပါတယ္လို႕ တက္လာခဲ့ရင္ သက္ဆိုင္ရာ ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴ းေတြ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴ းေတြကို အေရးယူမယ္။ ဆိုလိုတာက သူတို႔ေတြက ႀကီးၾကပ္ရမယ့္သူေတြ ျပည္သူက ဒါေတြနဲ႕ပတ္သက္ၿပီး သူတို႔က သတင္းပို႕မယ္ တားဆီးရမယ္။ တားဆီးတဲ့အခ်ိန္မွာ အသံေလ်ာ့သြားတာ၊ မလိုတဲ့ေဆာင္းေဘာက္ေတြျဖဳတ္သြားတာ သူတို႔ဟာသူတို႔ေဆာင္ရြက္သြားရင္ ျပသနာကမျဖစ္ေတာ့ဘူး။ ဒါကိုမလိုက္နားဘူးဆိုရင္ အေရးယူေဆာင္ရြက္ရမယ္။ တစ္ဖက္ကိုဘဲ မနစ္နာေအာင္ ဥပေဒေၾကာင္းအရ လိုက္နာတတ္ေအာင္ ေျပာဆိုရမယ္ ”ဟု ဗုိလ္မွဴ းႀကီးေနထြဋ္ဦးကေျပာသည္။

ပြင့္လင္းရာသီေရာက္ရွိလာၿပီျဖစ္သည့္အတြက္ မြန္ျပည္နယ္အတြင္း အသံခ်ဲ႕စက္ဖြင့္သူမ်ားအေနျဖင့္ သတ္မွတ္ဥပေဒထက္ ေက်ာ္လြန္လုပ္ေဆာင္ပါက မည္သို႔ေဆာင္ရြက္မည္ကို သတင္းေထာက္မ်ားမွ ေမးျမန္းစဥ္ေျပာၾကားခဲ့ျဖစ္ေၾကာင္း သိရသည္။

အသံခ်ဲ႕စက္အသံုးျပဳျခင္းႏွင့္ပတ္သက္ၿပီး သတ္မွတ္အသံႏႈန္းထားအတိုင္းႏွင့္စည္းကမ္းခ်က္မ်ားအတိုင္း လိုက္နာေဆာင္ရြက္ရန္ သက္ဆိုင္ရာ အေထြေထြအုပ္ခ်ဳပ္ေရးတာဝန္ရွိသူမ်ားမွ တဆင့္ လုပ္ငန္းရွင္မ်ားထံခ်ျပရွင္းလင္းအသိေပးရန္ မွာၾကားထားၿပီး မွာၾကားခ်က္ညႊန္ ၾကားခ်က္အား မလိုက္နာဘဲ ေက်ာ္လြန္လုပ္ေဆာင္သူမ်ားအား ဥပေဒအရ ထိေရာက္စြာအေရးယူသြားမည္ျဖစ္ ေၾကာင္းလည္း ၄င္းကဆိုသည္။

မြန္ျပည္နယ္တြင္ ပြင့္လင္းရာသီေရာက္ရွိလာပါက မဂၤလာပြဲမ်ား၊ အလွဴ ပြဲမ်ား၊ ပြဲလမ္းသဘင္မ်ား က်င္းပျပဳလုပ္ရာတြင္ ေလာ္စပီကာမ်ား၊ အတြဲလိုက္တပ္ဆင္ထားေသာ ေဆာင္းေဘာက္မ်ားအသံုးျပဳကာ သီခ်င္းမ်ားဖြင့္လွစ္တတ္ေၾကာင္း သိရသည္။

ထိုသို႔ေဆာင္ရြက္ရာတြင္ သတ္မွတ္ဥပေဒစည္းကမ္းအား လိုက္နာၿပီးေဆာင္ရြက္ၾကသူမ်ားရွိသလို စည္းကမ္းမလိုက္နာသူမ်ားေၾကာင့္ အသံခ်ဲ႕စက္မ်ားဖြင့္လွစ္အသံုးျပဳရာပတ္ဝန္းက်င္ေန ျပည္သူမ်ားမွာ မၾကာခဏစိတ္အေႏွာင္ယွက္ျဖစ္ရမႈမ်ားလည္း ရွိေၾကာင္း သိရသည္။

“ဒီဘက္ေတြမွာက ေဆာင္းေဘာက္ေတြဖြငိ့ၿပီးဆိုရင္လဲ အသံကုန္ဘဲ ရပ္ကြက္ကမတိုင္မခ်င္းကို နားမခံႏိုင္ေအာင္လုပ္တာ တာဝန္ရွိသူေတြကို တိုင္လဲခဏဘဲ ၿပီးရင္ျပန္ျဖစ္တာဘဲ အခ်ိဳ႕ဆို ဘာပြဲလမ္းသဘင္မွ မရွိဘဲ ေဆာင္းေဘာက္ေတြအက်ယ္ႀကီးဖြငိ့ၿပီး မူးရူးကခုန္ေနသူေတြေတာင္ရွိတယ္”ဟု ေဒသခံ ကိုရင္ေထြးကေျပာသည္။

ရပ္ေက်းဥပေဒအရ အသံခ်ဲစက္အသံုးျပဳသူအေနျဖင့္ သတ္မွတ္ခြင့္ျပဳခ်ိန္(နံနက္ ၆ နာရီမွ ည ၉ နာရီထိ)ထိသာ ဖြင့္လွစ္ရန္၊ခြင့္ျပဳထာေသာ ရက္အတြင္းသာ ဖြင့္ရန္၊ ခြင့္ျပဳထားသည့္ေနရာ၌ သာဖြင့္ရန္၊ သတ္မွတ္အသံႏႈန္းထားအတိုင္းသာဖြင့္ရန္၊ ျပည္သူမ်ားေအးခ်မ္းတည္ၿငိမ္စြာ လုပ္ကိုင္ေနထိုင္မႈအား အေႏွာက္အယွက္မျဖစ္ေစရ၊ အမ်ိဳးဘာသာသာသနာကို ထိခိုက္ေစေသာ ဂုဏ္သိကၡာက်ဆင္းေစေသာ အေၾကာင္းအရာမ်ား မဖြင့္လွစ္ရန္၊ တာဝန္ရွိသူမ်ားမွ အခါအားေလ်ာ္စြာ စစ္ေဆးမႈကို ခံယူလိုက္နာရမည္ျဖစ္ေၾကာင္း သိရသည္။
အသံခ်ဲ႕စက္အသံုးျပဳဖြင့္လိုသူမ်ားသည္ သက္ဆိုင္ရာ ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴ းမ်ားထံတြင္ ၃ ရက္ႀကိဳတင္ ခြင့္ျပဳခ်က္ေတာင္းခံရၿပီး သတ္မွတ္စည္းကမ္းမလိုက္နာသူမ်ားအား ရပ္ေက်းဥပေဒျဖင့္ အေရးယူႏိုင္ၿပီး သက္ဆိုင္ရာၿမိဳ႕နယ္ တရားသူႀကီးမွက်ပ္ ၅၀၀၀ ထက္မပိုေသာ ေငြဒဏ္ႏွင့္ေငြဒဏ္မေဆာင္ပါက ၇ ရက္ထက္မပိုေသာ ေထာင္ဒဏ္ျဖစ္ေစ က်ခံရန္ အမိန္႕ခ်မွတ္ႏိုင္ေၾကာင္း သိရသည္။

သုတ

Click to comment

Most Popular

To Top