၂၀၂၀အထွေထွေရွေးကောက်ပွဲဟာ တိုင်ပြည်ရဲ့အနာဂတ်အတွက်အလွန်အရေးပါပြီး သက်ရောက်မှုကြီးမားတဲ့ ရွေးကောက်ပွဲဖြစ်လိမ့်မည်ဟု NLD သဘာပတိပြော – iSeeMedia
Local News

၂၀၂၀အထွေထွေရွေးကောက်ပွဲဟာ တိုင်ပြည်ရဲ့အနာဂတ်အတွက်အလွန်အရေးပါပြီး သက်ရောက်မှုကြီးမားတဲ့ ရွေးကောက်ပွဲဖြစ်လိမ့်မည်ဟု NLD သဘာပတိပြော

ရန်ကုန်၊စက်တင်ဘာ ၂၁

လာမည့် ၂၀၂၀ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသည် တိုင်းပြည်၏ အနာဂတ်အတွက် အရေးပါပြီး သက်ရောက်မှုကြီးမားသည့် ရွေးကောက်ပွဲတစ်ခုဖြစ်လာလိမ့်မည်ဖြစ်ကြောင်း သဘာပတိဦးတင်ထွဋ်ဦးက ပြောကြားခဲ့သည်။

ယနေ့(စက်တင်ဘာ ၂၁ရက်)တွင် ရန်ကုန်တိုင်းဒေသကြီး၊ဗဟန်းမြို့နယ်၊အနောက်ရွှေဂုံလမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ ပါတီဌာနချုပ်တွင်ပြုလုပ်သည့် ဒုတိယဗဟိုကော်မတီ တတိယအကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် သဘာပတိ အဖြစ်ဆောင်ရွက်သူ ဦးတင်ထွဋ်ဦးက အခမ်းအနားအဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“အထူးသဖြင့် ၂၀၂၀အထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်တဲ့အချက်အလက်တွေလည်း ပါဝင်ဆွေးနွေးလာပါ လိမ့်မယ် ဆိုလို့ထင်ရပါတယ်။ ၂၀၂၀အထွေထွေရွေးကောက်ပွဲဟာ ဒီမိုကရေစီအုပ်မြစ် ခိုငိခိုင်မာမာဖြစ်ထွန်းစေမယ့် တနည်းအား ဖြင့်ပြောရရင် တိုင်ပြည်ရဲ့အနာဂတ်အတွက်အလွန်အရေးပါတဲ့ သက်ရောက်မှုကြီးမားတဲ့ ရွေးကောက်ပွဲဖြစ်ပါလိမ့်မယ်”ဟု သဘာပတိဦးတင်ထွဋ်ဦးက ပြောကြားသည်။

လက်ရှိပါတီအနေဖြင့် လွှတ်တော်အတွင်း ဖွဲ့စည်းပုံပြင်ရေးလုပ်ငန်းများဆောင်ရွက်နေခြင်းသည် ပါတီအကျိုးစီးပွား၊ လူတစ်ဦးတစ်ယောက်၏ အကျိုးစီးပွားအတွက်လုပ်ဆောင်နေခြင်းမဟုတ်ဘဲ ဒီမိုကရေစီနိုင်ငံတစ်ခုအတွက် မဖြစ်မနေပြင် ဆင်ရန်လိုအပ်နေသည့်အတွက် ပြင်ဆင်ခြင်းဖြစ်ကြောင်း၊ လက်ရှိအဖွဲ့ချုပ်အစိုးရလက်ထက်တွင် ပြောင်းလဲမှုများရှိ သော်လည်း အဖွဲ့ချုပ်အစိုးရ၏ ပြောင်းလဲရေးလုပ်ငန်းစဉ်တွင် တိုင်းပြည်နှင့်လူထုအပေါ် မဆုပ်မနစ်ကြိုးပမ်းအားထုတ် လုပ်ခြင်းကြောင့် ထင်သာမြင်သာဖြစ်သည့် ပြောင်းလဲမှုများ၊တိုးတက်မှုများကို နှလုံးသား၊ဥာဏ်မျက်စိတို့ဖြင့် ခံစားပါက သိမြင်နိုင်မည်ဖြစ်ကြောင်းလည်း သဘာပတိဦးတင်ထွဋ်ဦးက ပြောကြားသည်။

သို့သော် ၄င်းပြောင်းလဲခြင်းလုပ်ငန်းများအားဖော်ဆောင်ရာတွင် အဖွဲ့ချုပ်အစိုးရတာဝန်မယူစဉ်ကတည်းကပင် ရှိခဲ့ သားဖြစ်သည့် ကံတရားများကြောင့် မျှော်မှန်ထားသလောက် ခရီးမပေါက်သေးကြောင်းနှင့် ပြောင်းလဲရန်အတွက် ဖြတ်သန်းရင်ဆိုင်ခဲ့ရသည့် အတွေ့အကြုံအရ အခက်အခဲ၊အတားအဆီးများကြောင့် ပြောင်းလဲရန်အတွက် နတ်ရေကန် အတွင်းပစ်ချသကဲ့သို့ နေ့ချင်းညချင်ပြောင်းလဲသွားမည်မဟုတ်သည်ကို အများပြည်သူအနေဖြင့်သိရှိလိမ့် မည်ဖြစ်ကြောင်း လည်း ၄င်းက ဆက်လက်ပြောကြားသည်။

“ပြောင်းလဲဖို့အတွက် ဖြတ်သန်းရင်ဆိုင်ခဲ့ရတဲ့အခါမှာ အတွေ့အကြုံတွေအရ ဘယ်လိုအခက်အခဲ တွေ၊အတား အဆီးတွေ ရှိမယ်ဆိုတာကို ဘယ်၍ဘယ်မျှအချိန်ယူလုပ်ဆောင်ရမယ်ဆိုတာ ပြည်သူအများစုက နားလည်းသဘောပေါက် လက်ခံ ထား ပြီး ဖြစ်ပါတယ်။ အပြောင်းအလဲဆိုတာဟာ နတ်ရေကန်ထဲကိုပစ်ချသလို နေ့ချင်းညချက်းပြောင်းလဲသွားမှာ မဟုတ်တာကို အများစုက သဘောပေါက်ထားပြီးဖြစ်သလို တချို့က့ေ ချက်ချင်းဆိုသလိုပြောင်းလဲစေချင်တဲ့ ၊လွန်ကဲတဲ့စိတ်ဆန္ဒတွေရှိနေတာကိုလည်း သိရှိကျပါလိမ့်မယ်” ဟု သဘာပတိဦးတင်ထွဋ်ဦးက ပြောကြားသည်။

အဆိုပါ ဒုတိယဗဟိုကော်မတီ တတိယအကြိမ်မြောက်ပုံမှန်အစည်းအဝေးသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ နာယကဖြစ်သူ ဦးတင်ဦး၊ ပါတီဒုတိယဥက္ကဋ္ဌ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ရန်ကုန်တိုင်းဒေသ ကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းအပါအဝင် ပါတီထိပ်ပိုင်းခေါင်းများတက်ရောက်ခဲ့ပြီး ဗဟိုကော်မတီအစည်းအဝေးကိုမူ ယနေ့စက်တင်ဘာ ၂၁ရက်နှင့် စက်တင်ဘာ ၂၂ရက်နေ့အထိ နှစ်ရက်တိုင်တိုင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

၄င်းအစည်းအဝေးတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ၏ နိုင်ငံရေးအစီရင်ခံစာတင်သွင်းခြင်း၊ ဗဟိုလုပ်ငန်းကော်မတီများ၏ အစီရင်ခံစာများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးကိုယ်စားပြုဗဟိုကော်မတီဝင်များ၏ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ တင်သွင်းသည့် စာတမ်းများဖတ်ကြားခြင်းတို့ကို ဆောင်ရွက်သွားမည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်ပြီး ၄င်းဆွေးနွေးမည်အချက်များအပြင် လာမည့် ၂၀၂၀ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင် ရွက် ရမည်အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးသွားနိုင်ဖွယ်ရှိကြောင်းလည်း အဖွဲ့၏ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ မုံရွာဦးအောင်ရှင် iSee Media နှင့်တွေ့ဆုံစဉ်ပြောကြားထားသည်။

အဖြူရောင်

Click to comment

Most Popular

To Top