မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၃ ဖွဲ့က တဖက်သတ်အပစ်ရပ်သက်တမ်းတိုးမှုကို ၂၀၁၉ခုနှစ် နှစ်ကုန်ပိုင်းအထိတိုးမြှင့် – iSeeMedia
News

မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၃ ဖွဲ့က တဖက်သတ်အပစ်ရပ်သက်တမ်းတိုးမှုကို ၂၀၁၉ခုနှစ် နှစ်ကုန်ပိုင်းအထိတိုးမြှင့်

စက်တင်ဘာ ၂၀

မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၃ ဖွဲ့ဖြစ်သည့် တအောင်းလက်နက်ကိုင်အဖွဲ့(TNLA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNDAA) နှင့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့(AA)တို့က တစ်ဖက်သတ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲသည့်ကာလကို ၂၀၁၉ခုနှစ်၊နှစ်ကုန်ပိုင်း အထိ ထပ်မံသက်တမ်းတိုးခဲ့ကြောင်း သိရသည်။

အဆိုပါ တစ်ဖက်သတ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲသည့်ကာလသက်တမ်းတိုးမြှင့်မှု သတင်းထုတ်ပြန်ချက်ကို မြောက်ပိုင်းမ ဟာမိတ်အဖွဲ့ ၃ ဖွဲ့က ယနေ့ (စက်တင်ဘာ ၂၀)ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

၄င်းသတင်းထုတ်ပြန်ချက်တွင် ပြည်တွင်းစစ်ပွဲရပ်တန့်ပြီး အပစ်အခတ်ရပ်ဆိုင်းရေးစာချုပ် သဘေတူလက်မှတ်ရေး ထိုးနိုင်မည့် တွေ့ဆုံဆွေးနွေးညှိနှိုင်းရေးလုပ်ငန်းများကို လက်တွေ့ကျကျနှင့်ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန်နှင့် လက်ရှိ ဖြစ်ပွားနေသောတိုက်ပွဲများလျှော့ချရပ်တန့်နိုင်ရန် အပစ်ရပ်သက်တန်းကိုထပ်မံထုတ်ပြန်ခြင်းဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၃ ဖွဲ့အနေဖြင့် စက်တင်ဘာ ၉ရက်မှ အောက်တိုဘာ ၈ရက်နေ့အထိ တစ်လတာ အပစ်ရပ် သက်တမ်းတိုးမြင့်ခဲ့ခြင်းကို စက်တင်ဘာ ၉ရက်တွင် ထုတ်ပြန်ခဲ့ပြီးနောက် ယခုကဲ့သို့ထပ်မံသက်တမ်းတိုးမြှင့်ခြင်းဖြစ် ကြောင်းသိရသည်။

ထို့ပြင် တပ်မတော်အနေဖြင့် ဆန္ဒရှိပါက မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၃ ဖွဲ့အနေဖြင့်ပူးတွဲအပစ်အခတ်ရပ်ဆိုင်းရန် အဆင်သင့်ရှိကြောင်းနှင့် ၄င်းကာလအတွင်း တပ်မတော်ဘက်မှထိုးစစ်ဆင်တိုက်ခိုက်ခြင်း၊လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းအပါအဝင် ရေကြောင်း၊လေကြောင်းများမှတိုက်ခိုက်ခြင်းနှင့်စစ်ဘေးရှောင်ပြည်သူများအား အကြောင်းပြ ရိက္ခာဖြတ်တောက်မှုများပြုလုပ်ပါက ခုခံကာကွယ်သွားမည်ဟု ဖော်ပြထားကြောင်းလည်းသိရသည်။

လက်ရှိတွင် တပ်မတော်ဘက်မှ တစ်ဖက်သက်အပစ်ခတ်ရပ်စဲထားမှုသည် လေးကြိမ်မြောက်ရှိပြီး ယာယီသက်တမ်းထား မြင့်ထားသည့် တစ်ဖက်သက်အပစ်ရပ်သက်တမ်းသည် ကုန်ဆုံးတော့မည်ဖြစ်ပြီးကြောင်းသိရသည်။

iSee

Click to comment

Most Popular

To Top