အထက်မင်းလှမြို့နယ်အတွင်းရှိရွာ ၂၁ ရွာကို တစ်အိမ်သုံးဆိုလာစနစ်ဖြင့် မီးလင်း​နိုင်ရေး​​ဆောင်ရွက်​နေ – iSeeMedia
Local News

အထက်မင်းလှမြို့နယ်အတွင်းရှိရွာ ၂၁ ရွာကို တစ်အိမ်သုံးဆိုလာစနစ်ဖြင့် မီးလင်း​နိုင်ရေး​​ဆောင်ရွက်​နေ

မကွေး၊စက်တင်ဘာ ၂၀

မ​ကွေးတိုင်း​ဒေသကြီး၊အထက်မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၁ ရွာမှ အိမ်ထောင်စုများအား တစ်အိမ်သုံး ဆိုလာ စနစ်ဖြင့် မီးလင်းနိုင်​ရေးလုပ်ငန်းများကို အထက်မင်းလှမြို့နယ် ၊ကျေးလက်​ဒေသဖွံ့ဖြိုး​ရေးဦးစီးဌာနမှ ဆောင်ရွက် လျှက်ရှိကြောင်း သိရသည်။

မင်းလှမြို့နယ်အတွင်း မဟာဓာတ်အားလိုင်း​ရောက်ရှိ​နေသည့်​နေရာမှစတင်ကာ (၁၀)မိုင်အထက်ဝေးကွာသော​ကျေးရွာ များတွင် တစ်အိမ်ထောင်သုံးဆိုလာစွမ်းအင်ဖြင့် မီးရရှိနိုင်ရန်ရည်မှန်းချက်ထားကာ ကြိုးပမ်း​နေကြခြင်းဖြစ်ကြောင်း မင်းလှမြို့နယ်၊ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနထံမှ စုံစမ်းသိရသည်။

“မဟာဓာတ်အားလိုင်းနဲ့(၁၀)မိုင်အထက် ကွာဝေးတဲ့ ကျေးရွာတွေကို စတင်တပ်ဆင်သွားမှာဖြစ်ပါတယ်။ မီးလင်းနိုင်​ရေးသီးသန့်​ဆောင်ရွက်​ပေးသွားမှာပါ”ဟုအထက်မင်းလှမြို့နယ်​ ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး​ဒေါ်ခင်နန္ဒာအိက ရှင်းပြသည်။

ယင်းလုပ်ငန်းများအတွက် အသုံးပြုမည့်တစ်အိမ်သုံးဆိုလာများမှာ ဝပ်(၆၀)နှင့်ဝပ်(၁၀၀)ဟူ၍​အမျိုးအစားနှစ်ခုရှိ ပြီး​ မီးလင်းနိုင်​ရေးကြိုးပမ်း​နေသည့် ​ကျေးရွာ(၂၁)ရွာမှ အိမ်​ခြေ​ပေါင်း(၁၁၈၀)အိမ်​ခြေရှိသည့်အနက် သုံးစွဲလိုသည့် အနေအထားအပေါ်မူတည်၍ တစ်အိမ်သုံးဆိုလာများကို တပ်ဆင်​ပေးသွားမည်ဖြစ်ကြောင်း ယင်းမြို့နယ်ကျေးလက်ဌာမှ ဦးစီးမှူးက ထပ်လောင်းပြောဆိုသည်။

၂၀၁၈/၁၉ဘဏ္ဍာနှစ်တွင် ခန့်မှန်းကုန်ကျငွေ(၃၅၀)ကျပ်သန်းကို မီးလင်းနိုင်​ရေးအတွက်ထည့်သွင်းအသုံးပြုသွားမည် ဖြစ်ပြီးဆိုလာတစ်ချပ်ကျသင့်​ငွေ၏ ​​လေးပုံတစ်ပုံကိုသာ​ကျေးလက်​ဒေသရှိသုံးစွဲသူ​များဘက်က ကျခံ​ပေးရမည်ဖြစ်ကြောင်း အဆိုပါဌာနမှ ရရှိသောအချက်အလက်များမှ သိရသည်။

လက်ရှိတွင် အဆိုပါကျေးရွာများအတွက် W 60 ဆိုလာအချပ်ရေ(၆၈၂)ချပ်နှင့် ဝပ်100 ဆိုလာအချပ်ရေ(၄၉၈)ချပ်ကို​ အသုံးပြုတပ်ဆင်​ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တစ်အိမ်သုံးဆိုလာစနစ်ဖြင့် မီးလင်းရေးဆောင်ရွက်မည့်​​ကျေးရွာ၂၁ရွာမှာ ခါးဇက်၊ တဲကြီးကုန်း၊ ညောင်ပင်တဲ၊ ရေတွင်းမြောင်(တ)၊ မကျီးကုန်း၊ ကျစ်ဖျား၊မလွန်စမ်း၊ရွာသာယာ၊ချင်းကုန်း၊ကျောက်ထပ်၊ ကိုင်းငယ်ကြီး၊ကိုင်းငယ်လေး၊ ရေတွင်းကြီး၊သဖန်းကိုင်း၊ပင်္ဂ၊လဲဝါ၊စီး၊ကွန်းသွန်း၊ကြက်အုပ်တောင်၊ဇိုင်ဖျားတဲစု၊ကတဲ စသောကျေးရွာများဖြစ်ပြီးဆိုလာတပ်ဆင်မှုလုပ်ငန်းများကို ​အောက်တိုဘာလဆန်းပိုင်းမှစတင်ကာ ဆောင်ရွက်သွားမည်ဖြစ် ကြောင်းသိရသည်။

ပေါ်ဦး

Click to comment

Most Popular

To Top