အမှန်တကယ် ကျူးလွန်ခဲ့သူ မည်သူဖြစ်ကြောင်း ဗစ်တိုးရီးယားကိုယ်တိုင် ရုံးတော်တွင် ယနေ့ထွက်ဆို – iSeeMedia
Local

အမှန်တကယ် ကျူးလွန်ခဲ့သူ မည်သူဖြစ်ကြောင်း ဗစ်တိုးရီးယားကိုယ်တိုင် ရုံးတော်တွင် ယနေ့ထွက်ဆို

နေပြည်တော် စက်တင်ဘာ ၁၁

ယနေ့တွင် ဗစ်တိုးရီးယားအမှု ခြောက်ကြိမ်မြောက်ရုံးချိန်းအဖြစ် ကျူးလွန်ခံရသူ ဗစ်တိုးရီးယားလေးအား ရုံးတော်က ဗီဒီယိုနည်းပညာဖြင့် စစ်မေးခဲ့ရာ သူမအားကျူးလွန်ခဲ့သူ မည်သူဖြစ်ကြောင်း အတိအကျကို ရုံးတော်တွင် ဗစ်တိုးရီးယားက ထွက်ဆိုခဲ့သည်။

ရုံးချိန်းအပြီး ပြန်ထွက်လာသည့် တရားလိုရှေ့နေဒေါ်ရွက်နုအောင်က “စီစီတီဗီမှာပါတဲ့ ကိုအောင်ကြီး ထွက်သွားတဲ့ပုံတွေကို ပြမေးတယ်။ သမီးက ဒါကိုမသိဘူးလို့ပြောတယ်။ ကျန်တဲ့သက်သေခံ(ဂ)မှာ ပါတဲ့ပုံတွေကိုတော့သမီးလေးကိုပြပြီးတော့ မေးတဲ့အခါမှာ သက်သေခံ(ဂ)မှာ တင်တုန်းကလိုပဲ သူရဲ့ ဖင်ဘုကို ဆိတ်တဲ့သူတွေဟာ ဘယ်သူတွေပါဆိုပြီး ဆွဲထုတ်ပြတာ။ တစ်ခုချင်းကိုပြတယ်။ ပြပြီးတော့အဲဒီမှာပဲ မကျေနပ်ဘူးဆိုပြီးတော့ အဲဒီဓါတ်ပုံကို ခြေထောက်တွေနဲ့ ပေါက်တယ်ပေါ့။ စားပွဲပေါ်တင်ထားတဲ့ ဓါတ်ပုံကို ဒီလိုလုပ်ရအောင်ဆိုပြီးတော့မှ တရားရေးအရာရှိအမကို စိတ်ဆိုးတယ်ကွာ ဒီလိုလုပ်ရအောင်ဆိုပြီးတော့ ခြေထောက်တွေနဲ့ ပေါက်တာမျိုး လုပ်တယ်” လို့ ပြောပါတယ်။

ဆက်လက်ပြီး ဗစ်တိုးရီးယားက “ဆရာမနှင်းနုက သူရဲ့ဖင်ဘုကို ရေဆေးပေးတယ်။ ဘယ်နေရာဆိုတာတောင် လက်နဲ့ကိုင်ပြနိုင်တယ်အဲလောက်အထိကို တိတိကျကျဖြေနိုင်ခဲ့တယ်။ ဒီနေရာမှာကလေးက ကိုကိုညီညီလို့မသုံးသွားဘူး။ ကိုကိုအငယ်က သူ့ရင်ဘတ်တွေကိုထုတယ်။ ကိုကိုအကြီးကတော့ သူရဲ့ဖင်ဘုကို ဆိတ်တယ် အဲလိုမျိုး ပြောပါတယ်” ဟုလည်း ဒေါ်ရွက်နုအောင်က မီဒီယာများကို ဖြေကြားခဲ့သည်။

ဒီကနေ့ရုံးချိန်းအတွင်း အခြေအနေများကိုလည်း ဒေါ်ရွက်နုအောင်က အခုလို ရှင်းပြခဲ့သည်။

“သမီးလေးကတော ဒီအမှုတစ်ခုလုံးမှာ အဓိကကျတဲ့သက်သေဘဲလေ။ ရုံးတော်ကလည်း သမီးလေးရဲ့ ထွက်ဆိုချက်တွေကို မြင်တွေ့တဲ့အခါမှာ အရမ်းကိုအံ့ဩတယ်။ ဆရာဦးညိုဌေးနေရာက တရားသူကြီး ဒေါ်သီတာနွယ်ဆိုလည်းအတော်အံ့ဩတယ်။ သမီးလေးက အရမ်းဥာဏ်ကောင်းတယ်ပေါ့။ ကျွန်မတို့ရဲ့ဥပဒေအရာရှိကိုယ်တိုင်က ဒီကနေ့သူသုံးနှုန်းတဲ့ဟာကလေ ကျွန်တော်တို့က တရားမျှတဖို့အရေးကြီးတယ်။ အမှန်တရား ပေါ်ပေါက်ဖို့ အရေးကြီးတယ်ဆိုပြီး ပြောသွားပါတယ်။ ဓါတ်ပုံတွေပြပြီးမေးတာကိုလည်း လက်ခံဆောင်ရွက်ပေးတာ မြင်တဲ့အတွက် ကျွန်မတို့ကတော့ တော်တော်လေးကိုအားရပါတယ်” ဟုဆိုသည်။

ခြောက်ကြိမ်မြောက်ရုံးချိန်းအပြီး တရားစီရင်ရေးနှင့်ပတ်သက်ပြီး ယုံကြည်အားကိုးစရာ ဖြစ်လာလိမ့်မည်ဟုလည်း တရားလို ရှေ့နေဒေါ်ရွက်နုအောင်က သုံးသပ်ခဲ့သည်။

အောင်ခန့်(နေပြည်တော်)

Click to comment

Most Popular

To Top