ဆူးလေစေတီတော်ကို အသုတ်အမတ်ကြီး တည်ခဲ့တဲ့အတွက် ကျိုက် အသုတ်စေတီ၊ နတ်လူတို့ စုဝေးရာအရပ်မို့ စုဝေးစေတီ၊ ဘုရားလေးဆူကို မီခဲ့တဲ့ လေးဆူနတ်ကြီး (ခ) ဆူးလေနတ်ကြီးကို အစွဲပြုပြီး ဆူးလေ စေတီ စသဖြင့် ခေါ်တွင်ခဲ့တဲ့ ဆူးလေ စေတီတော်ကြီးဟာ ယခုအချိန်မှာတော့ ဘက်စုံမွမ်းမံမှုများ များစွာကြောင့် ကြည်ညိုအဆင်းနဲ့ သပ္ပါယ်လျက်ရှိနေပါတယ်။
