(လက်ပက်လက်ဘုရား)
ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ် အာရုံခံတန်ဆောင်းအတွင်းရှိ ကကုသန် မြတ်စွာဘုရားရဲ့ ရုပ်ပွားတော် ဖြစ်ပါတယ်။ လိုဏ်ဂူအတွင်းရှိ ကကုသန်ဘုရားရှင် ရုပ်ပွားတော်ရဲ့ လက်ယာဘက် လက်တော်ဟာ တခြား ရုပ်ပွားတော်များလို လက်မှောက်ခုံမဟုတ်ဘဲ လက်တော် ပက်လက်ထား၍ ထုထားတဲ့အတွက် လက်ပက်လက်ဘုရားလို့ ခေါ်ဝေါ်ခြင်းဖြစ်ပါတယ်။
