ရွှေတိဂုံစေတီတော်ပေါ်ရှိ ထူးခြားသော ကိုးဌာန အပိုင်း (၅) – iSeeMedia
Other

ရွှေတိဂုံစေတီတော်ပေါ်ရှိ ထူးခြားသော ကိုးဌာန အပိုင်း (၅)

(ရှင်အဇ္ဇဂေါဏဘုရား)

ရွှေတိဂုံရင်ပြင်တော် ရင်ပြင်တော် တနင်္ဂနွေထောင့်မှာရှိတဲ့ နောင်တော်ကြီး ဘုရားရဲ့ တောင်ဘက် အာရုံခံတန်ဆောင်းအတွင်း ရုပ်ပွားတော် ဖြစ်ပါတယ်။ ရှင်အဇ္ဇဂေါဏဟာ ဆိတ်မျက်လုံးတစ်ဖက်၊ နွားမျက်လုံးတစ်ဖက်ရှိတဲ့ ကိုယ်တော်လို့ ထင်ရှားပါတယ်။ အဂ္ဂိရပ်တန်ခိုးနဲ့ ပုဂံခေတ်က ရွှေမိုး၊ ငွေမိုးရွာအောင် စောင့်မခဲ့သော ကိုယ်တော်လို့လည်း ရှေးက ဆိုကြပါတယ်။ ရှင်အဇ္ဇဂေါဏဆရာတော် တည်ခဲ့မှန်း လူအများသိစေရန် မျက်လုံးတော် တစ်ဖက်ကျဉ်း၊ တစ်ဖက်ကျယ် ထုလုပ်သွားကြောင်း အဆိုရှိပါတယ်။ ရာဟုထောင့် (သို့မဟုတ်) အနောက်မြောက်ထောင့်မှာ တည်ရှိပါတယ်။

Click to comment

Most Popular

To Top