လုံလောက်သည့် ခွင့်ရရှိဖို့နှင့် ပညာရေးကောလိပ်ကျောင်းသားများသမဂ္ဂ များအပေါ် ဖိနှိပ်မှုများ ရပ်တန့်ရေး အတွက် ရန်ကင်းပညာရေး ေကာလိပ်တွင် ဖဲကြိုးစိမ်းလှုပ်ရှားမှု ပြုလုပ် – iSeeMedia
Local

လုံလောက်သည့် ခွင့်ရရှိဖို့နှင့် ပညာရေးကောလိပ်ကျောင်းသားများသမဂ္ဂ များအပေါ် ဖိနှိပ်မှုများ ရပ်တန့်ရေး အတွက် ရန်ကင်းပညာရေး ေကာလိပ်တွင် ဖဲကြိုးစိမ်းလှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ဩဂုတ် ၂၁

ပညာရေးကျောင်းသား၊ကျောင်းသူများအတွက် လုံလောက်သည့်ခွင့်ရရှိစေရေးနှင့်ပညာရေးကောလိပ်ကျောင်းသားများသမဂ္ဂအဖွဲ့များအပေါ် ဖိနှိပ်မှုများရပ်တန့် ရေးအတွက် ဖဲကြိုးစိမ်းလှုပ်ရှားမှုကို ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်ရှိ ရန်ကင်းပညာရေး ကောလိပ် အတွင်း၌ ရန်ကင်းပညာရေးကောလိပ်ကျောင်းသားသမဂ္ဂက ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ဖဲကြိုးစိမ်းလှုပ်ရှားမှုကမ်ပိန်းကို ယနေ့ဩဂုတ် ၂၁ ရက်၊ နံနက် ၈ အချိန်က ရန်ကင်းပညာရေးကော လိပ်ကျောင်းဝင်းအတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ အခုလုပ်တဲ့ ရည်ရွယ်ချက် ကတော့ BA(Edu)၊Bsc(Edu)နဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးဖို့ ၊ အခြေခံ ပညာကနေ အဝေးသင်တက်ရောက် ရာမှာ လုံလောက်တဲ့ ခွင့်ရရှိဖို့၊ ပညာရေ ကောလိပ်ကျောင်းသားများ သမဂ္ဂ များ အပေါ် ဖိနှိပ်မှုတွေရပ်တန့်ဖို့ ဆိုတဲ့ ရည်ရွယ်ချက် နဲ့ ဒီဖဲကြိုးစိမ်း လှုပ်ရှားမှုကို တစ်နေ့ကို( ၂)ကျောင်းနှုန်းနဲ့ ပြုလုပ်တာပါ” ဟု ရန်ကင်းပညာရေးကောလိပ်ကျောင်းသားများ သမဂ္ဂ မှ ကိုသုတစိုး က iSee Mediaသို့ ပြောကြားသည်။

အဆိုပါ ဖဲကြိုးစိမ်းလှုပ်ရှားမှုကိုပညာရေးကောလိပ်ကျောင်းများတွင် တစ်ရက်လျှင်နှစ်ကျောင်းနှုန်းဖြင့် ပြုလုပ်သွားမည်ဖြစ်ရာ ပြီးခဲ့သည့် ဩဂုတ်လ ၁၉ ရက်မှစတင်ကာ မန္တလေး နှင့် မုံရွာပညာရေးကော လိပ် တွင်လည်းကောင်း၊ ဩဂုတ် ၂၀ရက်တွင် ပခုက္ကူပညာရေးကောလိပ်တွင်လည်းကောင်း ယင်းဖဲကြိုးစိမ်းကမ် ပိန်းကို ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဖြူရောင်

Click to comment

Most Popular

To Top