Victoria အမှုနှင့်ဆက်နွယ်နေသည့်သူများ တိမ်းရှောင်ခြင်း၊ ထွက်ပြေးခြင်းများ မဖြစ်ဖို့အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့က အာမခံထားကြောင်း ဦးဇော်ဌေးပြော – iSeeMedia
Local

Victoria အမှုနှင့်ဆက်နွယ်နေသည့်သူများ တိမ်းရှောင်ခြင်း၊ ထွက်ပြေးခြင်းများ မဖြစ်ဖို့အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့က အာမခံထားကြောင်း ဦးဇော်ဌေးပြော

နေပြည်တော်၊ ဩဂုတ် ၁၇

“အမှုနှင့်ဆက်နွယ်နေတဲ့လူတွေ တိမ်းရှောင်တာတို့ ထွက်ပြေးတာတို့ မဖြစ်ဖို့ကတော့ ရဲတပ်ဖွဲ့က အာမခံထားပြီးဖြစ်ပါတယ်’ ဟု နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေးက ပြောသည်။

ထပ်မံ၍ “သမ္မတရုံးရဲ့မူဝါဒသဘောထားကတော့ ကျွန်တော်တို့ ဒီအမှုနဲ့ပတ်သတ်လို့အမှုမှန်ဖော်ထုတ်ရေး အဲ့တာကိုအလေးထားဆောင်ရွက်ဖို့ဖြစ်တယ်၊ တကယ်လို့ အမှုမှန် တရားခံအမှန် မဖော်ထုတ်နိုင်ဘူးဆိုရင် သက်ဆိုင်ရတာဝန်ရှိတဲ့လူတွေ တာဝန်ယူမှု တာဝန်ခံမှု ယူရလိမ့်မယ်၊ အဲ့တာလည်းကျွန်တော်တို့ပြတ်ပြတ်သာသားပြောထားပြီးဖြစ်ပါတယ်’ ဟု ၎င်းက ထည့်သွင်းပြောသည်။

ဩဂုတ်လ ၁၆ ရက်နေ့ ညနေပိုင်းကပြုလုပ်တဲ့ သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲမှာ မီဒီယာများ၏မေးမြန်းမှုအား ယခုကဲ့သို့ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍ Victoria ကိစ္စသည် တရားရုံးမှစစ်ဆေးစီရင်နေသည့် ကိစ္စဖြစ်သည့်အတွက် အုပ်ချုပ်ရေးပိုင်းအနေနှင့် တစုံတရာ ပြောစရာမရှိကြောင်း ပြောမည်လည်းမဟုတ်ကြောင်း ဦးဇော်ဌေးက ဆိုသည်။အဘယ်ကြောင့်ဆိုသော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အုပ်ချုပ်ရေး၊တရားစီရင်ရေး၊ ဥပဒေပြုရေးများသည် အတတ်နိုင်ဆုံး သီးခြားစီ ပိုင်းခြားလုပ်ခြင်း ဖြစ်သည့်အတွက် တရားရုံး၏ ဆုံးဖြတ်ချက်များအပေါ်တွင် တစုံတရာလွှမ်းမိုးနိုင်သည့်အရာများ မရှိအောင် ဂရုစိုက်ရခြင်းဖြစ်ပြီး အဆိုပါကိစ္စအတွက် မည်သည့်မှတ်ချက်မှတော့ မပေးလိုကြောင်း ၎င်းကဆိုသည်။

KKT (နေပြည်တော်)

Click to comment

Most Popular

To Top