မည်သည်ပါတီကိုမှဝေဖန်ပြောကြားခြင်း နှင့် နှောက်ယှက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်မည်မဟုတ်ဟု ဦးစိုးမောင်ပြောကြား – iSeeMedia
Local

မည်သည်ပါတီကိုမှဝေဖန်ပြောကြားခြင်း နှင့် နှောက်ယှက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်မည်မဟုတ်ဟု ဦးစိုးမောင်ပြောကြား

ရန်ကုန်၊ဇူလိုင် ၂၉

အမျိုးသားနိုင်ငံရေး ဒီမိုကရက် တစ်ပါတီအနေဖြင့် မည်သည့်ပါတီကိုမှဝေဖန်ပြောကြားခြင်းမျိုးကို ပြုလုပ်မည်မဟုတ်သည့်အပြင် မည်သည့်ပါတီကိုမှ နှောက်ယှက်ခြင်းမျိူးကိုပြုလုပ်သွားမည်မဟုတ်ကြောင်း ပါတီ ဥက္ကဋ္ဌ ဦးစိုးမောင်က ပြောသည်။

အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုးမောင်သည် ယခင်က ပြည်ခိုင်ဖြိုးပါတီ ဝင်တစ်ဦးဖြစ်ခဲ့ သော်လည်း ယခုကဲ့သို့ ပါတီထောင်ခြင်းသည် ကိုယ်လမ်းကိုယ်ဖောက်ခြင်းဖြစ်သည် ဟုဆိုသည်။

” သူတို့နဲ့ ကျွန်တော်တို့က ထိပ်တိုက်တွေ့စရာအကြောင်းမရှိဘူး။သူကလည်း သူတို့လမ်းလျှောက်သလို ကျွန်တော်တို့ကလည်း ကျွန်တော်တို့လမ်းလျှောက်မှာပဲ။ကျွန်တော်တို့က ဘယ်ပါတီဘယ်သူကိုမှ ဝေဖန်ခြင်း မရှိဘူး။အနှောက်ယှက်ပေးခြင်းမျိုးလည်းမလုပ်ဘူး။ကျွန်တော်တို့လမ်း ကျွန်တော်တို့ လျှောက်သွားမှာဖြစ်ပါ တယ်”ဟု ဦးစိုးမောင်က ပြောသည်။

လက်ရှိ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီအား တည်ထောင်ခြင်းသည် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေအား လိုအပ်ချက်ကြောင့်စုပေါင်းကာ တည်ထောင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

” ကျွန်တော်တို့ ၂၀၂၀ ကို လူထုရဲ့သဘောထားအခြေအနေကို အကဲခက်ကြည့်ရတာကတော့ ကျွန်တော်တို့ အခြေအနေ ကောင်းနိုင်ပါတယ်” ဟု ဦးစိုးမောင်က ပြောသည်။

ပြီးခဲ့သည့် လပိုင်းက ဗိုလ်ချုပ်ကြီးအငြိမ်းစားတစ်ဦးဖြစ်သည့် သူရဦးရွှေမန်းအနေဖြင့် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီအား ထူထောင်ခဲ့ပြီး အငြိမ်းစားဒုတိယ ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သည့် ဦးစိုးမောင် အနေဖြင့်လည်း အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီကိုလည်းတည်ထောင်ထားသည်။

နိုင်နိုင်း

Click to comment

Most Popular

To Top