အခြေခံဥပဒေခုံရုံးမှအားကိုးမရရင် မည်သူ့အားကိုးရမလဲဟု ကြံ့ခိုင်ရေးအမတ်မေးခွန်းထုတ် – iSeeMedia
Local

အခြေခံဥပဒေခုံရုံးမှအားကိုးမရရင် မည်သူ့အားကိုးရမလဲဟု ကြံ့ခိုင်ရေးအမတ်မေးခွန်းထုတ်

နေပြည်​တော်၊ ဇူလိုင် ၂၇

ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေပြင်ဆင်သည့်​ဥပ​ဒမူကြမ်း​ကိုတင်သွင်းရာတွင် ပြည်​ထောင်စုလွှတ်​တော်မှ လက်ခံ​ဆွေး​နွေးရမည်ဆိုသည့်​ ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေအခန်း (၁၂) ပုဒ်မ (၄၃၅) ကို အဓိပ္ပါယ်​ဖော်​ပေးပါရန်နှင့် ပုဒ်မ ၂၁၆ကို ထည့်သွင်းဆွေးနွေးပေးရန် ခုံရုံးသို့တင်သွင်းမှု ဖွဲ့စည်းပုံအခြေခံဥပဒေခုံးမှအားကိုးမရပါက မည်သူ့ကိုအားကိုး ရမည်လဲဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ပျော်ဘွယ်မဲဆန္ဒနယ်မှပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးသောင်းအေးက မေးထုတ်ပြောကြားလိုက်ကြောင်းသိရသည်။

“အန်ကယ်တို့ကဥပ​ဒေနဲ့မညီဘူးလို့ လွှတ်​တော်ရဲ့​ရေးရာကိစ္စ​တွေမှာ ခုံရုံးကိုမ​ပြောရင်ဘယ်သူ့ကို​ပြောရမလဲ ။ အဲ့​တော့ခုံရုံးကလည်းပဲ သူ့လုပ်ပိုင်ခွင့်မူ​ဘောင်ထဲက​နေပြီး​တော့တိုင်းပြည်​ကောင်းစား​စေချင်တယ်ဆို ဒီလွှတ်​တော်ထဲမှာလုပ်​ဆောင်ချက်​တွေဘဲဖြစ်ဖြစ်၊ဥပ​ဒေပြုတဲ့ကိစ္စ​​တွေဘဲဖြစ်ဖြစ်​၊ခုံရုံးဟာ မှန်ကန်တဲ့ဘက်က ရပ်တည်ဖို့ဟာ သင့်​တဲ့လုပ်ငန်းတစ်ခုဘဲ။မှန်မှန်ကန်ကန်မရပ်တည်ဘူးဆိုရင် အန်ကယ်တို့ ဒီမဏ္ဍိုင်ကိုဘယ်သူထိန်း​ပေးမှာလဲ။ပြည်သူ​တွေက ဒီအခွင့်အ​ရေးကို ဘယ်လိုလုပ်ရ​တော့မှာလဲ။ ဒါဟာအင်မတန်မှ ဝမ်းနည်းစရာ​ကောင်း တဲ့ကိစ္စဖြစ်တယ်။ ဒါကိုရိုးရိုး​လေးပဲ ခုံရုံးရဲ့လုပ်ပိုင်ခွင့်ဆုံးဖြတ်ဖို့မလိုတဲ့အတွက် ဒါကိုပလပ်လိုက်တယ်ဆိုတာ သာမန်အားဖြင့်ဟုတ်သလိုလိုဘဲ။ ဒါ​ပေမဲ့ အန်ကယ်တို့တစိုက်မတ်မတ်​ပြောခဲ့တဲ့ ဒီလုပ်ငန်းစဉ်ကြီးဟာ မမှန်ဘူးဆိုတဲ့ကိစ္စ၊ ဥပ​ဒေနဲ့မညီဘူးဆိုတဲ့ကိစ္စကို ဒါဆိုဘယ်သူကအဆုံးဖြတ်​ပေးမ​ှာလဲ။အန်ကယ်တို့ ဘယ်သူ့အား ကိုးရမှာလည်း” ဟု ပျော်ဘွယ်မဲဆန္ဒနယ်မှ ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ် ​ဦး​သောင်း​အေးက ပြောသည်။

​ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေပြင်ဆင်သည့်​ဥပ​ဒမူကြမ်း​ကိုတင်သွင်းရာတွင် ပြည်​ထောင်စုလွှတ်​တော်မှ လက်ခံ​ဆွေး​နွေးရမည်ဆိုသည့်​ ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေအခန်း (၁၂) ပုဒ်မ (၄၃၅) ကို အဓိပ္ပါယ်​ဖော်​ပေးပါရန် ခုံရုံးသို့တင်သွင်းသည့်​ တင်သွင်းလွှာနှစ်ခုလုံးကို ဇူလိုင် ၂၅ ရက်​က ခုံရုံးမှပလပ်လိုက်ခြင်းဖြစ်သည်။

ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေပြင်ဆင်​ရေးနှင့်​ပတ်သတ်၍ မကွေးတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ် (၄)မှ
ဦး​အောင်ကြည်ညွှန့်က အ​ရေးကြီးအဆိုတင်သွင်းသည့်အခါတွင် အ​ရေးကြီးအဆိုမ​မြောက်​ကြောင်းကို ပြည်ခိုင်ဖြိုးပါတီ​ အပြင်တပ်မ​တော်သား​များကပါ ပြဋ္ဌာန်းထားသည့်​နည်းဥပ​ဒေနှင့်အညီ​ထောက်ပြခဲ့သည်ဟုလည်း ​​ဆိုသည်။

“အ​ရေးကြီးအဆိုမ​မြောက်တဲ့အတွက် ဒီ ၄၅ဦး​ကော်မတီဖွဲ့လို့ကိုမရဘူး။သို့​သော်လည်းပဲ ဒါကိုကန့်ကွက်တဲ့ကြားက​နေမဲခွဲပြီး​တော့ ၄၅ ဦး​ကော်မတီကိုဖွဲ့တယ်။ ဖွဲ့ပြီး​တော့ ဒီပြင်ဆင်​ရေးကိစ္စကိုဆက်လုပ်တယ် ။ အဲ့ဒီလိုဖြစ်​ေနတာဖြစ်တဲ့အတွက် အန်ကယ်တို့က အ​ခြေခံဥပ​ဒေနဲ့အညီ တိုင်းရင်းသားအခွင့်​ရေးရရှိဖို့တွက် ပုဒ်မ ၂၆၁ ကို ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းကလက်မှတ်ထိုးပြီးတင်ခဲ့တယ်။သို့​သော်လည်းပဲ ဒါကိုကန့်ကွက်တဲ့ကြားက​နေ မဲခွဲပြီး​တော့ ၄၅ ဦး​ကော်မတီကိုဖွဲ့တယ်။ဒီပြင်ဆင်​ရေးကိစ္စကိုဆက်လုပ်တယ်။အဲ့ဒီလိုဖြစ်​နေတဲ့ အတွက် အန်ကယ်တို့ကအ​ခြေခံဥပ​ဒေနဲ့အညီ တိုင်းရင်းသားအခွင့်​ရေးရရှိဖို့တွက် ပုဒ်မ ၂၆၁ ကို ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းကလက်မှတ်ထိုးပြီးတင်ခဲ့တယ်။ဒါ​ပေမဲ့ပြည်​ထောင်စုလွှတ်​တော်က တင်ခဲ့တဲ့ဟာကို ဥပ​ဒေကြမ်း​ပူး​ပေါင်း​​ေကာ်မတီဖွဲ့စည်းပြီး​တော့ ဖွဲ့စည်းမိန့်ထုတ်ပြီး​ပေး​သော်လည်းဘဲ ဥပ​ဒေကြမ်းပူး​ပေါင်း​ကော်မတီရဲ့ထုတ်ပြန်ချက်ဟာ အန်ကယ်တို့တင်ထားတဲ့ ဥပ​ဒေကြမ်းအ​ပေါ်မှာ​ ဆွေး​နွေးတာမဟုတ်ဘဲနဲ့ တင်ထားတဲ့ကိုယ်စားလှယ်​တွေရဲ့​ဆောင်ရွက်ချက်အ​ပေါ်မှာဘဲ သူကသူရဲ့လုပ်ပိုင်ခွင့်နဲ့မဆိုင်နဲ့​ဝေဖန်မှု​တွေလုပ်လာတယ်”ဟု ဦး​သောင်း​အေးကဝေဖန်ခဲ့သည်။

“လုပ်လာပြီး​တော့ ဒါကိုလည်းပဲ လူ​ပေါင်း ၆၀ ​ကျော်​ဆေ​ွး​နွေးပြီး​တော့မှ တစ်ခါလွှတ်​တော်နာယက ကလည်း အဆုံးအဖြတ်မ​ပေးဘဲနဲ့​ နောက်ထပ်ထပ်ပြီးသ​ဘောထားမှတ်ချက်​တောင်းတဲ့အတွက် ပူး​ပေါင်း​ကော်မတီ က ထပ်ပြီး​တော့ သ​ဘောထားမှတ်ချက်​ပေးပြီး​တော့ လုပ်ငန်းစဉ်နှစ်ရပ်ဖြစ်​နေတဲ့အတွက် ၄၅ ဦး​ကော်မတီက မူကြမ်းတက်လာ​တော့မှဘ​ဲ​ ဆွေး​နွေးမယ်ဆိုတဲ့ လမ်း​ကြောင်းကို​ပြောင်းသွားတယ်”ဟု​ပြောသည်။

ဒုတိယအကြိမ် ပြည်​ထောင်စုလွှတ်​တော် (၁၃) ကြိမ်မြောက်၊ပုံမှန်အစည်းအ​ဝေး၊ပဉ္စမ​နေ့အစီအစဉ်အပြီးတွင် ​ပျော်ဘွယ်မဲဆန္ဒနယ်မှ ပြည်ခိုင်ဖြိုးပါတီဝင် ဦး​သောင်း​အေးက မီဒီယာများနှင့်တွေ့ဆုံစဉ် ယခုကဲ့သို့ပြောကြား ခဲ့ခြင်းဖြစ်သည်။

KKT(နေပြည်တော်)

Click to comment

Most Popular

To Top