၂၀၂၀ ရွှေးကောက်ပွဲအတွက် မြို့နယ်အလုပ်မှုဆောင်များ နှင့် လွှတ်တော်ကိုယ်စားလှယ်များကို အပြောင်းအလဲပြူလုပ်မည် – iSeeMedia
Local

၂၀၂၀ ရွှေးကောက်ပွဲအတွက် မြို့နယ်အလုပ်မှုဆောင်များ နှင့် လွှတ်တော်ကိုယ်စားလှယ်များကို အပြောင်းအလဲပြူလုပ်မည်

ရန်ကုန်၊ဇူလိုင် ၂၆

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် လူထု နှင့် တသားထဲမကျသည့် လွှတ်တော်ကိုယ်စားလှယ်များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့် အပြောင်းအလဲများပြုလုပ်သွားမည်ဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့် ကပြောသည်။

၂၀၂၀ ရွှေးကောက်ပွဲမတိုင်မှီ လူထု နှင့် တသားထဲမကျသည့်လွှတ်တော်ကိုယ်စားလှယ် များကို ပါတီတာဝန်များမှရုတ်သိမ်းမှုအချို့ရှိနေသည့်အပြင် လွှတ်တော်ကိုယ်စားများနှင့် ပတ်သက်သည့် အရည်အသွေးများကိုလည်း ပါတီအနေဖြင့် လေ့လာစောင့်ကြည့် မှုများပြုလုပ်လျက်ရှိကြောင်း ၎င်းကဆိုသည်။

” ရွေးကောက်ပွဲပြောင်းလဲတိုင်းမှာ ကိုယ်စားလှယ်တွေဟာထပ်တူမကျတာကများပါတယ်။အဲ့ဒီဟာမှာကျွန်တော် တို့က ဘာနဲ့တိုင်းတာမလဲဆိုတော့ သူက ပြည်သူနဲ့ ထိတွေ့မှုများမယ်။မိမိအလုပ်ကိုလည်း တာဝန်ကျေမယ် ဆိုရင် သူကနောက် ၅ နှစ်တာ အတွေ့အကြုံနဲ့ အသာစီးနဲ့ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ဒါမှမဟုတ် မိမိတို့ အခြင်းခြင်း၊ လွှတ်တော်ကိုယ်စားလှယ်အခြင်းခြင်း၊အလုပ်မှုဆောင်အခြင်းခြင်း၊ ပြည်သူတွေ နဲ့ ထိတွေ့ ဆက်ဆံရာမှာ မောက်မာမှုတွေရှိတယ်ဆိုရင် ပြည်သူတွေကကော ပါတီအလုပ်မှုဆောင်တွေကကော သူလုပ်ဆောင်ချက်ကို ကျေနပ်အားမှုမရှိဘူးဆို သူနေရာမှာတကယ်တန်းလုပ်ဆောင်နိုင်တဲ့သူနဲ့ အစားထိုးလဲလှယ်ဖို့စဉ်းစားရမှာဖြစ်ပါတယ်” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်၊လွှတ်တော်သက်တမ်း ၃ နှစ်ကျော်အတွင်း လွှတ်တော်ကိုယ်စားလှယ် ၁၀ဦးထက်မနည်းကို ပါတီတာဝန်မှ ရုတ်သိမ်းမှုရှိခဲ့ကာ တိုင်ကြားစာအရ လွှတ်တော်ကိုယ်စားလှယ် ၁၀၀ နီးပါးကိုလည်း တိုင်ကြားစာကော်မတီအနေဖြင့် အပြစ်ပေးအရေးယူ နိုင်မှုရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ရပ်ကွက်၊ကျေးရွာနှင့်မြို့နယ်အဆင့်များရှိ အလုပ်အမှုဆောင်အဖွဲ့များတွင် ရာထူးတာဝန်များရယူထား ပြီး လုပ်ငန်းဆောင်ရွက်နိုင်ခြင်းမရှိသည့် ပါတီဝင်များတွင်လည်း လူစားထိုးလဲလှယ်မှုများလုပ်ဆောင်သွားမည် ဖြစ်ပြီး ယင်းနေရာတွင် ပိုမိုတက်ကြွစွာလုပ်ကိုင်ဆောင်ရွက်မည်သူများကို အစားထိုးလဲလှယ်ရန်စီစဉ်ထားကြောင်းလည်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

နိုင်နိုင်း

Click to comment

Most Popular

To Top