ကြံ့ခိုင်ရေးပါတီ၏ စေဒကတက်မှုများ အခြေခံဥပဒေခုံရုံးမှ ပလပ် – iSeeMedia
Local

ကြံ့ခိုင်ရေးပါတီ၏ စေဒကတက်မှုများ အခြေခံဥပဒေခုံရုံးမှ ပလပ်

နေပြည်တော်၊ ဇူလိုင်လ ၂၅

အခြေခံဥပဒေခုံရုံးသို့ တင်သွင်းသော ကြံ့ခိုင်ရေးပါတီ၏ စေဒကတက်မှုများကို ယနေ့ဇူလိုင် ၂၅ ရက်နေ့က ခုံရုံးက ပလပ်လိုက်ကြောင်းသိရသည်။

“ဘာကြောင့်ပလပ်လဲဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဥပဒေပုဒ်မ ၁၂(ခ)(ဂ) မှာ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ပြည်ထောင်စုလွှတ်တော်တို့၊ တိုင်းဒေသကြီး ပြည်နယ်လွှတ်တော်တွေက ပြဋ္ဌာန်းတဲ့ဥပဒေတွေနဲ့ ပြည်ထောင်စုအဆင့်နဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အစိုး ရတွေရဲ့ ဆောင်ရွက်ချက်တွေကိုသာ ဆောင်ရွက်ရမယ်။ ၎င်းတို့ရဲ့ လုပ်ဆောင်ချက်တွေကိုသာ ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးက ဆောင်ရွက်နိုင်တယ်။ လွှတ်တော်တွင်းဆောင်ရွက်ချက်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေ က ဝင်ရောက်စွက်ဖက်လို့မရဘူး။ ဒါ့ကြောင့် ဒီအမှုတွေကို ပလပ်လိုက်တာဖြစ်ပါတယ်´´ ဟု ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးတာဝန်ရှိသူတစ်ဦးကရှင်းပြသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၁ ပြင်ဆင်ရန်တင်သွင်းသည်ကို လွှတ်တော်တွင် သီးခြားဆွေးနွေးခြင်းမပြုတော့ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) ပြင်ဆင်ရေးပူပေါင်းကော်မတီတွင် တပါတည်း ထည့်သွင်းခဲ့ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွှတ်ခြင်းမရှိသည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးအနေဖြင့် ဖြေကြားပေးရန် ကြံ့ခိုင်ရေးပါတီမှ ဦးသိန်းထွန်းကတင်သွင်းသော အမှုကိုနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ပလပ်လိုက်ခြင်းဖြစ်သည်။

ထို့အပြင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်၏ ပြည်ထောင်စုလွှတ်တော်သို့ အရေးကြီးအဆိုအဖြစ်တင်သွင်းခဲ့သည့် “နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီတစ်ရပ်ဖွဲ့စည်းရန် တိုက်တွန်းကြောင်း အဆိုကို အတည်ပြုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီ ဖွဲ့စည်းလုပ်ဆောင်နေခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂) ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းရှိ/မရှိ သဘောထားရယူပေးနိုင်ရန် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ စိုင်းဆိုင်ကျောက်ဆမ် အပါအဝင် (၂၅) ဦး၏ တင်ပြချက်ကိုလည်း ခုံရုံးကပလပ်လိုက်သည်။

ဇွဲခန့်

Click to comment

Most Popular

To Top