ပိုးသတ်ဆေးများတင်သွင်းခြင်း ကြပ်မတ်ရန်နှင့် ဓာတ်မြေဩဇာများ စနစ်တကျအသုံးပြုနိုင်စေရေးအဆို အောင်မြင် – iSeeMedia
Local

ပိုးသတ်ဆေးများတင်သွင်းခြင်း ကြပ်မတ်ရန်နှင့် ဓာတ်မြေဩဇာများ စနစ်တကျအသုံးပြုနိုင်စေရေးအဆို အောင်မြင်

နေပြည်တော် ဇူလိုင် ၂၅

ယနေ့ကျင်းပသော ဒုတိယအကြိမ်​ပြည်သူ့လွှတ်​တော်(၁၃)ကြိ်​မ်မြောက်ပုံမှန်အစည်းအဝေးစတုတ္ထနေ့တွင် စစ်ကိုင်းတိုင်း​ဒေသကြီးဝက်လက်မဲဆန္ဒနယ်မှပြည်သူ့လွှတ်​တော်ကိုယ်စားလှယ်ဦးမြင့်သိန်းက လယ်ယာကဏ္ဍအတွက် ဓာတုပိုးသတ်ဆေးများတင်သွင်းခြင်းကိုစိစစ်ကြပ်မတ်ရန်နှင့်ဓာတ်မြေဩဇာများကိုတောင်သူများနည်းစနစ်တကျအသုံးပြုနိုင်စေရေးအတွက်အစိုးရကိုတိုက်တွန်းကြောင်းအဆို ကိုတင်သွင်းခဲ့ပြီး ကန့်ကွက်သူမရှိသဖြင့် လွှတ်တော်ဥက္ကဌကအဆိုကို ဆက်လက်ဆွေးနွေးရန်အတည်ပြုခဲ့သည်။

အဆိုတင်သွင်းသူ လွှတ်တော်ကိုယ်စားလှယ်က ဓာတု​ဆေးသုံးအစားအ​သောက်များနှင့်ပတ်သတ်ပြီး စီးပွား​ရေးလုပ်ငန်းရှင်တစ်ချို့က ၎င်းတို့ရဲ့အကျိုးစီးပွားတိုးတက်​ရေးကိုသာ​ရှေးရှုပြီး “ဘယ်သူ​သေ​သေ င​တေမာပြီး​ရော” ဆိုသည့်စိတ်ဓာတ်များ​ကြောင့်အများပြည်သူ၏ကျန်းမာ​​ေရး​ဖောက်ပြားလာခြင်း၊​​အသက်ဆုံးရှုံးခြင်းနှင့်နိုင်ငံ​တော်ဖွံ့ဖြိုးတိုးတက်​မှု​တေ​ွကိုဥ​ပေက္ခာပြုကာထုတ်လုပ်လာကြသည့်အတွက်စားသုံးသူပြည်သူများဒုက္ခ​ရောက်လာကြသည်ဟုထောက်ပြခဲ့သည်။

“​ဒါဟာတိုင်းပြည်ကိုအလွန်နစ်နာ​စေတဲ့အချက်လည်းဖြစ်ပါတယ်။ဓာတု​ဆေးသုံးအစားအ​သောက်များ​ကြောင့်လူထုကျန်းမာ​ရေး​ဖောက်ပြားလာတာဟာအစိုးရကို ဝန်ပိုပိ​စေပါတယ်။တိုင်းပြည်ရဲ့လူ့စွမ်းအားရင်းမြစ်​တွေကိုလည်းဆုံးရှုံးလာ​စေပါတယ်”ဟု စစ်ကိုင်းတိုင်း​ဒေသကြီးဝက်လက်မဲဆန္ဒနယ်မှပြည်သူ့လွှတ်​တော်ကိုယ်စားလှယ်ဦးမြင့်သိန်းကဆိုသည်။

စားသ​ုံးသူများ​နေ့စဉ်စားသုံး​နေသည့်ဟင်းသီးဟင်းရွက်အသီးအနှံအားလုံးတွင်ဓာတု​ဆေးဝါးများနှင့်မကင်းဘဲစနစ်တကျအသုံးပြုထားခြင်းမရှိသည့်အတွက် စားသုံးရန်မသင့်​လျော်သည့်အပြင် ယုံကြည်စိတ်ချမှုပါမရှိ​ကြောင်းလူများကသိ​သော်လည်း​ရေ​ွးချယ်စရာမရ​ှိ၍ရရာကိုဝယ်ယူစားသုံး​နေသည့်အတွက်​ရောဂါမျိုးစုံဖြစ်ပွားခြင်းနှင့်အစာအဆိပ်သင့်ခြင်းများစသည့်မလိုလားအပ်တဲ့ဆိုးကျိုးများကိုခံစား​နေကြသည်ဟုလည်း လွှတ်တော်သို့တင်ပြခဲ့သည်။

လူသားတို့အတွက်​နေ့စဉ်လိုအပ်သည့်အဟာရဓာတ်များကိုဟင်းသီးဟင်းရွက်နှင့်အသီးအနှံများမှသာအများဆုံး​ပေးစွမ်းနိုင်ခဲ့ကြောင်းသို့​သော်ဟင်းသီးဟင်းရွက်နှင့်အသီးအနှံများစိုက်ပျိုးသည့်အခါ၌ပိုးမွှားကျ​ရောက်မှုအန္တရာယ်ကာကွယ်ရန်အတွက်ပိုးသတ်​ဆေး၊မှိုသတ်​ဆေး၊​ပေါင်းသတ်​ဆေးများအလွန်အကျွံသုံးစွဲလာခြင်း​၊နည်းမှန်လမ်းမှန်သုံးစွဲနည်းများကိုလိုက်နာ​ဆောင်ရွက်မှုအားနည်းလာခြင်းများ​ကြောင့်စားသုံးသူများအတွက်မလိုလားအပ်သည့်ဆိုးကျိုးများဖြစ်​ပေါ်လာ​စေ​ကြောင်းဝေဖန်တင်ပြခဲ့သည်။

ဆက်လက်ပြီး၎င်းက မြန်မာနိုင်ငံ၌လယ်ယာစိုက်ပျိုး​ရေးကဏ္ဌအတွက်တစ်နှစ်လျှင်ပိုးသတ်​ဆေးတန်ချိန် သုံး​သောင်း​ကျော် သုံးစွဲလျက်ရှိ​နေ​ကြောင်း၊လူနှင့်သတ္တဝါများအတွက်အန္တရာယ်ကျ​ရောက်​စေမည့်ပိုးသတ်​ဆေး(၃၉)မျိုးကိုသုံးစွဲခြင်းမပြုကြရန်ကမ္ဘာ့စာစနပ်ရိက္ခာအဖွဲ့ကတားမြစ်ထား​သော်လည်းမြန်မာနိုင်ငံ၌ ဝိသမ​လောဘ စီးပွား​ရေးသမားများကတားမြစ်ချက်​များကိုလိုက်နာခြင်းမရှိဘဲ အခြားနိုင်ငံများမှာသုံးစွဲခွင့်မရှိတဲ့ပြင်းအားများသည့်ဓာတု​ဆေးဝါးများကို​မှောင်ခိုလမ်း​ကြောင်းများမှတင်သွင်းဖြန့်ဖြူး​ရောင်းချလျက်ရှိ​ကြောင်းကိုလည်း အသိပေးတင်ပြခဲ့သည်။

၎င်းကိစ္စများအတွက် သက်ဆိုင်ရာအစိုးရဋ္ဌာနများမှစနစ်တကျပူး​ပေါင်းစိစစ်ကြပ်မတ်ပြီးဥပ​ဒေနှင့်မညီသည့်စံချိန်လွန်​ဆေးဝါးများကိုဖမ်းဆီးခြင်းနှင့်ပြင်းပြင်းထန်ထန်အ​ရေးယူခြင်းများကို​ဆောင်ရွက်ရန်အထူးလိုအပ်​နေ​ကြောင်းကိုလည်း နှိုးဆော်ခဲ့သည်။

မြန်မာနိုင်ငံ၏်လယ်ယာကဏ္ဌမြင့်မားလာ​ရေးအတွက်ဓာတုသုံးပိုးသတ်​ဆေးများ၊ဓာတ်​မြေသြဇာများတင်သွင်းခြင်း၊ထုတ်လုပ်ခြင်းများကိုနိုင်ငံ​တော်အစိုးရမှစိစစ်ကြပ်မတ်​ပေးရန်လိုအပ်ပြီးဥပ​ဒေနှင့်တားမြစ်ထားသည့်စိုက်ပျိုး​ရေးသုံးဓာတုပစ္စည်းများတင်သွင်းခြင်းကိုထိထိ​ရောက်​ရောက်ဖမ်းဆီးအ​ရေးယူခြင်းနှင့်ခွင့်ပြုထား​သောဓာတုပိုးသတ်​ဆေးနှင့်ဓာတ်​မြေသြဇာများကို​တောင်သူဦးကြီးနည်းမှန်လမ်းမှန်နှင့်သုံးစွဲတတ်​​အောင်​ဆောင်ရွက်​ပေးရန်နိုင်ငံ​တော်အစိုးရ​အားတိုက်တွန်းသည့်အဆိုကိုတင်သွင်းခဲ့ခြင်းဖြစ်သည်။

အောင်ခန့်၊KKT(နေပြည်တော်)

Click to comment

Most Popular

To Top