စက်မှုဝန်ကြီးဌာနတွင်ပြည်ထောင်စုဝန်ကြီးအဖြစ်ပြောင်းလဲတာဝန်ထမ်းဆောင်ရမည်ဆိုသည့် သတင်းများမှာ မဖြစ်နိုင်ကြောင်း ပို့/ဆက်ဒုဝန်ကြီးဆို – iSeeMedia
Local

စက်မှုဝန်ကြီးဌာနတွင်ပြည်ထောင်စုဝန်ကြီးအဖြစ်ပြောင်းလဲတာဝန်ထမ်းဆောင်ရမည်ဆိုသည့် သတင်းများမှာ မဖြစ်နိုင်ကြောင်း ပို့/ဆက်ဒုဝန်ကြီးဆို

နေပြည်တော် ဇူလိုင် ၂၅

စက်မှုဝန်ကြီးဦးခင်မောင်ချိုကို နှုတ်ထွက်စေပြီး၎င်းနေရာတွင် ပို့​​ဆောင်​ရေးနှင့်ဆက်သွယ်​ရေးဒုတိယဝန်ကြီးဦးကျော်မျိုးအား အစားထိုးခန့်အပ်မည့်သတင်းများမှာ မဖြစ်နိုင်ဟု ယနေ့ ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် အစည်းအဝေးသို့တက်ရောက်လာသော ပို့/ဆက် ဒုဝန်ကြီး ဦးကျော်မျိုးကဆိုသည်။

“သတင်းထွက်ပေါ်လာတယ်ဆိုတာ မီဒီယာမှာဂျာနယ်မှာ ပြောတဲ့ကိစ္စလေ။ဒီကိစ္စကမဖြစ်နိုင်ပါဘူး။ဘာလို့လဲဆိုရင်ကျွန်တော်ကပို့ဆောင်ရေးဘက်မှာဆိုရင် အရေးကြီးတဲ့လုပ်ငန်းစီမံကိန်းတွေတာဝန်ပေးထားလို့ဆောင်ရွက်နေရတဲ့အနေအထားရှိပါတယ်။အဲ့တော့ကျွမ်းကျင်မှုပိုင်းဆိုင်ရာကျွမ်းကျင်တဲ့တာဝန်တွေကိုပဲဆက်လက်ထမ်းဆောင်ဖို့ရှိပါတယ်”ဟု ယနေ့ကျင်းပသည့်လွှတ်တော်အစည်းအဝေးသို့တက်ရောက်လာစဉ်မှမီဒီယာများကိုဖြေကြားခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးတက်ရောက်လာစဉ် စက်မှုဝန်ကြီးဌာနသို့ ပြည်ထောင်စုဝန်ကြီးအဖြစ်ပြောင်းလဲတာဝန်ထမ်းဆောင်ရမည့်သတင်းများထွက်ပေါ်နေမှုအပေါ်မီဒီယာများက မေးမြန်းခဲ့ခြင်းဖြစ်ပြီး ကျွမ်းကျင်မှုပိုင်းဆိုင်ရာ တာဝန်တွေကိုသာဆက်လက်ထမ်းဆောင်သွားမည်ဟု ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

အောင်ခန့်၊KKT(နေပြည်တော်)

Click to comment

Most Popular

To Top