တပ်မတော်မီအာဏာပြန်သိမ်းမည့်အခြေအနေများကို စိုးရိမ်ဖွယ်မရှိဟုဆို – iSeeMedia
Local

တပ်မတော်မီအာဏာပြန်သိမ်းမည့်အခြေအနေများကို စိုးရိမ်ဖွယ်မရှိဟုဆို

ရန်ကုန်၊ဇူလိုင် ၂၀

လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး နှင့် ပတ်သက်၍ ပြည်သူလူထုအနေဖြင့် တပ်မတော် အာဏာသိမ်းမည်ကို စိုးရမ်လျက်ရှိသော်လည်ူ အဆိုပါ ကိစ္စသည် စိုးရိမ်ဖွယ်မရှိကြောင်း မုံရွာအောင်ရှင်က ပြောသည်။

တပ်မတော်အနေဖြင့် အာဏာသိမ်းခြင်းမျိုးသည် ယနေ့ခေတ်အချိန်ကာလတွင် ဖြစ်နိုင်ခြေမရှိသည့်အပြင် ယင်းအခြေအနေကိစ္စရပ်မျိုးမရှိကြောင်း ၎င်းကထပ်လောင်းပြောဆိုသည်။

” အာဏာသိမ်းလောက်တဲ့ အထိတော့ဘကျွန်တော်အနေနဲ့ လောလောဆယ်တော့ မထင်မိဘူး ဘာကြောင့်လဲဆိုရင် ဒီကနေ့ခေတ် ဒီကနေ့ ကာလတွေဟာ အာဏာသိမ်းလိုက်တာနဲ့ ပြေလည်သွားနိုင်တဲ့ အခြေအနေမျိုးမဟုတ်တော့ဘူး အာဏာသိမ်းတာနဲ့ ဒီပြဿနာတွေ ရှင်းသွားလိမ့်မယ်လို့ မထင်ဘူး အဲ့ဒါကြောင့် အာဏာ သိမ်းမယ်ဆိုတဲ့ ထင်မြင်ယူဆချက်က အားနည်းတယ်လို့ မြင်တယ်” ဟု မုံရွာအောင်ရှင်က ပြောသည်။

ထို့ပြင်အမျိုးသားဒီမိုကရေစီ်အဖွဲ့ချုပ်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ဆင်နိုင်ပါကလည်း လူထုအနေဖြင့် ပါတီအား စိတ်ပျက်ခြင်း အားငယ်ချင်းမျိုးရှိမည်မဟုတ်ကြောင်း ၎င်းကဆိုသည်။

” အခု ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ ပြင်ဆင်လို့မရလို့ NLD ပါတီအပေါ်မှာ စိတ်အားပျက်တယ် ထောက်ခံမှုလျော့ကျမယ်ဆိုတဲ့ ကျွန်တော်ကတော့ အဲ့ဒီလိုမထင်မိဘူး ဘာကြောင့်လဲဆိုရင် NLD ပါတီက ပြည်သူလူထုကို ပွင့်လင်းမြင်သာစွာ ချပြပြီးတော့ လုပ်တာ” ဟု မုံရွာအောင်ရှင်ကပြောသည်။

လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးသည် နိုင်ငံရေးပါတီများ၊နိုင်ငံရေးအဖွဲ့အစည်းများ၊အရပ်ဖက်အဖွဲ့အစည်းများကြား နှင့် အများပြည်သူကြားတွင် စောင့်ကြည့်စိတ်ဝင်စားဖွယ်အခြေအနေ၌တည်ရှိနေပြီး လက်ရှိပြင်ဆင်ရေးဆောင်ရွက်နေသူများအနေဖြင့် ပြင်ဆင်ရေးလမ်းကြောင်းတွင် လှုပ်ရှားနေသည့် အဖွဲ့အစည်းအသီးသီးအနေဖြင့် တွေ့ဆုံကာ ညှိနှိုင်းသင့်ပြီဖြစ်ကြောင်း နှင့် ဖွဲ့စည်းပုံပြင်ဆင်ရေးသည် လူထုမှ လိုလားနေသည့် ကိစ္စတစ်ခုဖြစ်ကြောင်း ၎င်းကထပ်လောင်းပြောဆိုခဲ့သည်။

နိုင်နိုင်း

Click to comment

Most Popular

To Top