ထိုင်းနိုင်ငံ မြန်မာအလုပ်သမားအရေးဆောင်ရွက်သူ ကိုရဲမင်းအား စွဲဆိုထားသည့် အမှုအတွက် လာရောက်အစစ်ဆေးခံ – iSeeMedia
Local

ထိုင်းနိုင်ငံ မြန်မာအလုပ်သမားအရေးဆောင်ရွက်သူ ကိုရဲမင်းအား စွဲဆိုထားသည့် အမှုအတွက် လာရောက်အစစ်ဆေးခံ

ရန်ကုန် ၊ဇူလိုင် ၁၇

ထိုင်းနိုင်ငံသို့အလုပ်သမားပို့ဆောင်နေသည့် မြန်မာအလုပ်သမားအေဂျင်စီအကြောင်းအား ပြန်လည်ကူးယူဖော်ပြမှု နှင့် ပတ်သက်၍ ဆက်သွယ်ရေးဥပဒေ ပုဒ်မ (၆၆) ဖြင့် အမှု ဖွင့်လှစ်ခြင်းခံထားရသော ထိုင်းနိုင်ငံ မြန်မာအလုပ်သမား အရေးဆောင်ရွက်သူ ကိုရဲမင်းသည် ဇူလိုင် ၁၇ ရက်နေ့တွင် သင်္ဃန်းကျွန်း မြို့နယ် တရားရုံး၏ ဆင့်ခေါ်ချက်အရ တွင် လာရောက်အစစ်ဆေးခံခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ ဇူလိုင်လ ၆ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်ရောက်စဉ် ၎င်းအမှု နှင့် ပတ်သက်၍ ပြီးခဲ့သည့် ရက်ပိုင်းက မန္တလေးမြို့ရှိ ကိုရဲမင်းဆိုသူ၏ မိခင်နေအိမ်အား ဝရမ်းကပ်ခဲ့ပြီးနောက် ယခုကဲ့သို့ လာရောက်ကာ အဖမ်းခံခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

” ကျွန်တော်က ဒီအမှုနဲ့ ပတ်သက်လို့ ဘာမှ မသိဘူး ကျွန်တော် ဒီကိုရောက်တော့ ကျွန်တော် ဆက်သွယ်ရေး ဥပဒေ ၆၆ နဲ့ စွဲထားတယ် ဒါကြောင့် လာရောပ်ဖြေရှင်းခြင်းဖြစ်ပါတယ်” ဟု ကိုရဲမင်းက ပြောသည်။

လက်ရှိ တရားစွဲဆိုထားသော အမှု ကိစ္စ နှင့် ပတ်သက်၍ အာမခံလျှောက်ထားရန် အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားအရေး ဆောင်ရွက်သည့် ကိုရဲမင်း၏ အမှုအား လိုက်လံကူညီဆောင်ရွက်ပေးနေသည့် ပရဟိတ မင်းသားဖြစ်သူ ဝေဠုကျော်က ဆိုသည်။

” လျှောက်တာကတော့ တရားလွှတ်တော်ရှေ့နေ ကိုဖိုးဖြူကလျှောက်ပေးနေတယ် ဒီတစ်ပတ်တော့ လျှောက်လို့မရသေးဘူး နောက်အပတ်ကစပြီးတော့ အာမခံလျှောက်ပြီ ဒါကတော့ ကျွန်တော်ပိုင်တဲ့ အိမ်ရယ် ကျွန်တော်ပိုင်တဲ့ မြေရယ် ကျွန်တော်မိသားစုပိုင်တဲ့ မြေကွက် အဖေအမေ နာမည်နဲ့ဖြစ်တဲ့အတွက် ကျွန်တော် အဖေအမေက အာမခံပေး လိုက်လုပ်ပေးမှာပါ” ဟု ကိုဝေဠုကျော်က ပြောသည်။

လက်ရှိ ထိုင်းအလုပ်သမားပို့ဆောင်သည့် အေဂျင်စီက တရားစွဲဆိုထားမှုတွင် ကိုရဲမင်း ၊ ဦးခိုင်ကြီး ၊ ကိုနိုင်ဆိုသည့် လူပုဂ္ဂိုလ် သုံးဦးဖြစ်သော်လည်း ၎င်း၏ နာမည်ပါဝင်သည့်အတွက် တရားရုံးတွင် လာရောက်ကာ ဖြေရှင်းခြင်းဖြစိကြောင်းသိရသည်။

နိုင်နိုင်း

Click to comment

Most Popular

To Top