ခြေဥပြင်ဆင်ရေးအစီရင်ခံစာဆွေးနွေးမည့်အချိန် လွှတ်တော်နာယကကြေညာမှု အချိန်မလောက်ဟု USDPနှင့်NLDပါတီကိုယ်စားလှယ်ကန့်ကွက် – iSeeMedia
Local

ခြေဥပြင်ဆင်ရေးအစီရင်ခံစာဆွေးနွေးမည့်အချိန် လွှတ်တော်နာယကကြေညာမှု အချိန်မလောက်ဟု USDPနှင့်NLDပါတီကိုယ်စားလှယ်ကန့်ကွက်

နေပြည်တော်၊ဇူလိုင် ၁၅ရက်

ယနေ့ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ခြေဥပြင်ဆင်ရေးအစီရင်ခံစာနှင့်ပတ်သတ်၍ ဆွေးနွေးရမည့် အချိန်ကို နာယကက ကြေညာနေစဉ် ကြံ့ခိုင်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် စက်မှုဝန်ကြီးဟောင်းဦးမောင်မြင့်က ဆွေးနွေးမည့်အချိန်မလောက်ကြောင်း မတ်တပ်ရပ်ကာ ကန့်ကွက်ခဲ့သည်။

လွှတ်တော်နာယက၏ အစီရင်ခံစာနှင့် ပါတ်သတ်ပြီး ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များအား ဇူလိုင်လ ၁၇ရက်နေ့ နောက်ဆုံးထားကာ စာရင်းပေးရန် တင်ပြချက်ကို စက်မှုဝန်ကြီးဟောင်းဦးမောင်မြင့်က မတ်တပ်ရပ်ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ကန့်ကွက်မှုကြောင့် လွှတ်တော်နာယကက အချိန်ကို နောက်ဆုတ်ကာ ဇူလိုင်လ ၂၂ရက်နေ့ အထိ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်စာရင်းပေးရန် ပြင်ဆင်သတ်မှတ်ပေးခဲ့သည်။

အောင်ခန့်(နေပြည်တော်)

Click to comment

Most Popular

To Top