ကမ္ဘာ့အရှားပါးဆုံးငှက်မျိုးစိတ်ဝင် ဘလ်ပိုချက်ခေါ် ရှားပါးရေဘဲမျိုးစိတ်တမျိုး ပုလိပ်အင်းထဲ အဆိပ်ချမှုကြောင့် သေဆုံး – iSeeMedia
Local

ကမ္ဘာ့အရှားပါးဆုံးငှက်မျိုးစိတ်ဝင် ဘလ်ပိုချက်ခေါ် ရှားပါးရေဘဲမျိုးစိတ်တမျိုး ပုလိပ်အင်းထဲ အဆိပ်ချမှုကြောင့် သေဆုံး

ပုလိပ်အင်းထဲမှာ အဆိပ်ချမှုကြောင့် ကမ္ဘာပေါ်တွင်အရှားပါးဆုံး ငှက် မျိုးစိပ်တစ်ခုဖြစ်သည့် ဘဲပို့ချတ်လည်း သေဆုံးသွားခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးရဲမြင့်ဆွေကဆိုသည်။

ယနေ့ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက်ပုံမှန်အစည်း အဝေး (၁၅) ရက်မြောက်နေ့တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချိုမေးမြန်းသော မေးခွန်းကို ရှင်းလင်းစဉ်ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

“ကမ္ဘာပေါ်မှာ အရှားပါးဆုံး ငှက်မျိုးစိပ်ဖြစ်ပြီး အကောင်ရေ ၁၅၀ နှင့် ၇၀၀ အတွင်းသာ ကျန်ရှိတော့ သည့် ရုရှားနှင့် တရုတ်နိုင်ငံမြောက်ပိုင်းတွင် သားပေါက်သည့် ဘဲပို့ချတ် Baer’s Pochard (Aythya baerl) ဟုခေါ်သည့် ရှားပါးရေဘဲမျိုးစိတ်တမျိုး လာရောက်ဆောင်းခိုကျက်စားသည့် မြန်မာနို်င်ငံရှိ နေရာအနည်းငယ်တွင် ပုလိပ်အင်းလည်းအပါအဝင်ဖြစ်ပါ တယ်။ ပုလိပ်အင်းအတွင်း အဆိပ်ချမှုကြောင့် သေဆုံးရတဲ့ ငှက်မျိုးများတွင် အဆိုပါရေဘဲများလည်းပါဝင်သဖြင့် ဇီဝမျိုး စုံမျိုးကွဲ ထိန်းသိမ်းကာကွယ်မှုတွင် ကြီးမားတဲ့ နစ်နာဆုံးရှုံးမှုဖြစ်ပါတယ်” ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးရဲမြင့်ဆွေကပြောသည်။

မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ်၊ ပလိပ်အင်းမှ ငှက်များကို အဆိပ်ချဖမ်းဆီးနေကြောင်း facebook တွင်တွေ့ရှိခဲ့တာကြောင့် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် သစ်တောဦးစီးဌာန Wildlife Mobile Rescue အဖွဲ့မှ ပုလိပ်အင်းသို့ သွားရောက်ပြီး သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အဆိပ်ချမှုအား ကွင်းဆင်းစစ်ဆေးခြင်း၊ တွေ့ရှိရသော အဆိပ်များအား ဖယ်ရှားခြင်း၊ စောင့်ကြည့်ခြင်း၊ ပညာပေးစည်းရုံးခြင်း၊ အသိပညာပေးပိုစတာများကပ်ခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ကြောင်းကိုလည်းထည့်သွင်းပြောကြားခဲ့သည်။

ငှက်များ သတ်ဖြတ်ခံရခြင်း၏ အဓိက အကြောင်းအရင်းမှာ အခြေခံစားဝတ်နေရေးအတွက် သက်ဖြတ်ရောင်းချခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိရပြီး၊ ဥပဒေဖြင့် ထိန်းကျောင်းခြင်းဖြင့် ဆောင်းခိုငှက်များ သတ်ဖြတ်ခံရမှုကို တားဆီးရန်ခက်ခဲမည်ဖြစ်၍ ထိန်းသိမ်းကာကွယ်ခြင်းဖြင့် ဒေသခံပြည်သူများ၏ ဝင်ငွေနှင့် အလုပ်အကိုင်တိုးပွားစေမည့် ဒေသခံအခြေပြု သဘာဝအခြေခံခရီးသွားလုပ်ငန်းကို မိုးယွင်းကြီးအင်းဘေးမဲ့တော၊ မိန်းမလှကျွန်းနှင့် အင်းတော်ကြီးတောရိုင်းတိရိစာ္ဆန်ဘေးမဲ့တောတို့မှာ အကောင်အထည်ဖော်ရန်စီစဉ်ဆောင် ရွက်လျှက်ရှိနေသည်ဟုသိရသည်။

အောင်ခန့်(နေပြည်တော်)

Click to comment

Most Popular

To Top