ရန်ကုန် စက်တင်ဘာ ၃
ရန်ကုန်စည်ပင်က စမ်းသပ်စီမံကိန်းအနေဖြင့် ဆောင်ရွက်နေသော စက်ဘီးစီးလမ်းပါသည့် အဆင့်မြင့်ပလက်ဖောင်းသည် အောက်တိုဘာတွင်ပြီးစီးမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါစီမံကိန်းကို ဆိပ်ကမ်းသာအောက်ဘလောက်လူသွားလမ်းအဆင့်မြှင့် တင်ခြင်းလုပ်ငန်းအဖြစ်ဆောင်ရွက်နေခြင်းဖြစ်ပြီး ကမ်းနားလမ်းနှင့်ကုန်သည် လမ်းအကြားတွင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ရန် ကုန်စည်ပင်၊အင်ဂျင်နီယာဌာန၊ လမ်းတံတားဆိုင်ရာလုပ်ငန်းတာ ဝန်ခံအဖွဲ့အတွင်းရေးမှူးဦးလင်းခိုင်ကပြောသည်။
“အခု စတင်ဆောင်ရွက်နေပါပြီ။ဒီတစ်လလောက်အတွင်းမှာပြီးနိုင်ဖို့ကိုရည်မှန်းပြီးတော့ လုပ်နေပါတယ်။ ဒီလမ်းက ပထမဆုံးစတာပါ။”ဟု ၎င်းက ပြောသည်။
စီမံကိန်းအတွက် ရန်ကုန်စည်ပင်က ဘတ်ဂျက်ကျပ်သိန်း၆၀ဝ ကျော်သုံးစွဲမည်ဖြစ်ကာလမ်းအရှည်မှာပေ၈၀ဝ ရှိကြောင်းသိရသည်။
ယင်းလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား ပညာရှင်များနှင့် အင်ဂျင်နီယာဌာန၊ လမ်းတံတား အဖွဲ့တို့ပူးပေါင်းလုပ်ဆောင်မည်ဖြစ်ကြောင်းသိရသည်။
အဆိုပါလမ်းအဆင့်မြှင့်တင်ရေး ရာတွင်လူသွားလမ်းမှာအသင့်အ တင့်ကျယ်ဝန်းမည်ဖြစ်ပြီးယာဉ် တစ်လမ်းမောင်းဆောင်ရွက်မည် ဖြစ်ကာစက်ဘီးသွားရန်လမ်းတစ် လမ်းပါပါဝင်မည်ဖြစ်ကြောင်းသိရ သည်။
ဇွဲခန့်
