အိန္ဒိယမှ မြန်မာသို့ အိမ်အလုံးပေါင်း ၂၀၀ လွှဲပြောင်းပေးအပ် – iSeeMedia
Business

အိန္ဒိယမှ မြန်မာသို့ အိမ်အလုံးပေါင်း ၂၀၀ လွှဲပြောင်းပေးအပ်

ရခိုင်ပြည်နယ် ဖွံဖြိုးတိုးတက်ရေး အစီစဉ်အရ ရခိုင်ပြည်နယ်တွင် တည်ဆောက်နိုင်ရန် အိမ်ရာ အလုံးပေါင်း ၂၀၀ ကျော် လွှဲပြောင်းပေးသွားမည် ဖြစ်ကြောင်းနှင့် အိန္ဒိယနိုင်ငံအနေနှင့် ရခိုင်ပြည်နယ် ဖွံဖြိုးတိုးတက်ရေး အစီစဉ်အရ ငါးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၂၅ သန်းကိုလည်း ကူညီပေးသွားမည် ဖြစ်ကြောင်း Economic Time သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

အဆိုပါ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအစီစဉ်သည် ရခိုင်ပြည်နယ်အတွင်း လူမူစီးပွား တိုးတက်စေရန် ရည်ရွယ်၍ လုပ်ဆောင်နေခြင်း ဖြစ်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ကျေးရွာသုံးရွာတွင်လည်း ရွှေ့လျားနိုင်သည့် အိမ်ရာအလုံးပေါင်း ၂၅၀ ကိုလည်း တည်ဆောက်ခဲ့ပြီးကြောင်း သိရသည်။

အဆိုပါ အိမ်ရာများကို အိန္ဒိယဆောက်လုပ်ရေး လုပ်ငန်းက တာဝန်ယူ တည်ဆောက်ခြင်း ဖြစ်ပြီး အိန္ဒိယ ဆောက်လုပ်ရေးလုပ်ငန်းစုအနေနဲ့ အိမ်ယာအလုံးပေါင်း ၂၅၀ တည်ဆောက်ပြီးဖြစ်ရာ အိမ် ၅၀ ကို မြန်မာအစိုးရထံ ၂၀၁၈ ခုနှစ် ဒီဇင်ဘာက လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိတွင် ကျန်ရှိနေသည့် အိမ် အလုံးပေါင်း ၂၀၀ ကို မြန်မာ အစိုးရဆီ ထပ်မံလွှဲပြောင်းပေးမည် ဖြစ်ပြီး အဆိုပါ အိမ်များသည် ငလျင်ဒဏ်နှင့် ဆိုက်ကလုန်းမုန်တိုင်းဒဏ်ကို ခံနိုင်ရန် တည်ဆောက်ထားကြောင်း သိရသည်။

အိန္ဒိယအစိုးရ အနေနှင့် ရခိုင်ပြည်နယ် ဖွံဖြိုးတိုးတက်ရေးအစီစဉ်အတွက် ပံပိုးကူညီရန် ၂၀၁၇ ခုနှစ်က လက်မှတ်ရေးထိုးခဲ့သည်။

နေဝန်း
Ref; Economic Time

Click to comment

Most Popular

To Top