အင်းဝ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း မြင်းလှည်းခများဈေးတက်မည်ဟုဆို – iSeeMedia
Local

အင်းဝ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း မြင်းလှည်းခများဈေးတက်မည်ဟုဆို

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ အင်း၀ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှ မြင်းလှည်းခဈေးနုန်းများမှာ ယခင်ကျပ်တစ်သောင်းကောက်ခံရာမှ ဩဂုတ် ၁ ရက်မှ စတင်ကာ တစ်သောင်းခွဲကောက်ခံမည် ဖြစ် ၍ ကျပ်ငါးထောင်ဈေးတက်ယူမည်ဟု အင်းဝနယ်မြေမြင်းလှည်းဂိတ် ဥက္ကဌ ဦးထွန်းရွှေ က ပြောသည်။

“အရင်ဈေုးနုန်းက နိုင်ငံခြားခရီးသွားတစ်ယောက် ငါးထောင်နဲ့ နှစ်ယောက်ပဲတင်လို့ တစ်သောင်းပေါ့။ ကျပ်ငါး ထောင်တက်သွားတယ်ဆိုပေမယ့် ခရီးစဉ်ုထပ်တိုးပေးထားတယ်။သတ်မှတ်ချိန်ထက် နာရီဝက်ကျော် ရင် ငါးထောင် ထပ်ကောက်မယ်။

နောက်ပြီး ခရီးစဉ် အပြည့်သွားသည်ဖြစ်စေ မသွားသည်ဖြစ်စေ တစ်သောင်း ခွဲပေးရပါမယ်” ဟု ၄င်းကပြောသည်။

ယခင်ကျပ်တစ်သောင်းမှာ မယ်နုအုတ်ကျောင်း၊ ဗားကရာကျောင်း၊နန်းမြင့်မျှော်စင်နှင့် ရတနာဆီးမီးဘုရားစ သည့် ခရီးစဉ် ၄ခုဖြစ်၍ ပြောင်းလဲမည့်ဈေးနုန်းအရ ကြောင်လိမ်နှင့် ဝင်္ကဘာဘုရားစသည့် နေရာ ၂ ခုထပ်တိုးပြီး ခရီးစဉ် ၆ ခု ကြာချိန်၃ နာရီသတ်မှတ်ထားကြောင်းသိရသည်။

“အင်းဝမှာ တောင်သူ၊ ပန်းရံ၊ လက်သမား၊ သင်ဖျူးဖျာလုပ်သူနဲ့ ကြာပန်းလုပ်သူတွေလည်းရှိတယ်။ မြင်းလှည်းရှိသူက မြင်းလှည်းအဓိကပေါ့။ မြင်းလှည်း ၂ စီးရှိရင် သူ့မိန်းမက တစ်စီးမောင်းတယ်။ နေ့စဉ်မြင်းစာက ၃၀၀၀ ဖိုးကျွေးရပြီးလှည်းအငှားမောင် သူကို တစ်ရက်သုံးထောင်ပေးရတော့ တစ်သောင်း ရတာနဲ့မကိုက်ဘူး”ဟု ဆက်လက်ပြောကြားသည်။

ခရီးသည်နည်းပါးချိန်တွင် တစ်ရက်လျင် မြင်းလှည်း ၁၀ စီးမှ ၂၀ စီးခန့်သာ စီးနင်းသူရှိပြီး ခရီးသွား များချိန်၌ ဂိတ်ပိုင်မြင်းလှည်းအစီးရေ ၁၆၅ စီးအပြင်၂ ခေါက်ပြန်ရသည့် မြင်းလှည်းနှင့် ပေါင်းလျင် အစီးရေ ၁၈၀ ခန့်ထိ စီးနင်းသူများပြား ကြောင်း၊ အနယ်နယ်မှ လာရောက်သည် ပြည်တွင်းဧည့်သည်များလည်း မြင်းလှည်းဖြင့် လည်ပတ်ကြကြောင်းသိရသည်။

ကျော်ထက်

Click to comment

Most Popular

To Top