လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနဝန်ကြီး ဒေါ်မိုးမိုးစုကြည်ခန့်အပ်သည့်တွင် လုပ်ငန်းတာဝန်များ စတင်ထမ်းဆောင်နေပြီဟုဆို – iSeeMedia
Local

လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနဝန်ကြီး ဒေါ်မိုးမိုးစုကြည်ခန့်အပ်သည့်တွင် လုပ်ငန်းတာဝန်များ စတင်ထမ်းဆောင်နေပြီဟုဆို

ရန်ကုန်
ဇူလိုင် ၂

အသစ်တိုးချဲ့ဖွဲ့စည်းလိုက်သည့် လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၏ ဝန်ကြီးအဖြစ် တင် မြှောက်ခြင်းခံထားရသည့် ဝန်ကြီးဒေါ်မိုးမိုးစုကြည်သည့် လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်း အမြစ် ဝန်ကြီး ဌာနလုပ်ငန်းများနှင့်ပတ်သက်၍ စတင်တာဝန်ထမ်းဆောင်နေပြီဖြစ်ကြောင်း ကရင်တိုင်းရေး သားရေး ရာဝန်ကြီး ဒေါ်နော်ပန်းသဥ္ဖာမျိုးက ပြောကြားသည်။

“အခုလွှတ်တော်က အတည်ပြုလိုက်ပြီဆိုတော့ တာဝန်စတင်ထမ်းဆောင်နေပါပြီ” ဟု ကရင်တိုင်းရင်းသားရေး ရာဝန်ကြီး ဒေါ်နော်ပန်းသဥ္ဖာမျိုးက ပြောကြားသည်။ ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊နဝမပုံမှန်အစည်းအဝေး၏ အဋ္ဌမနေ့ အစည်းအဝေးအပြီးတွင် သတင်းမီဒီယာများနှင့်တွေ့ဆုံစဉ် ကရင်တိုင်းရင်းသားရေးဝန်ကြီးဒေါ်နော်ပန်းသဥ္ဖာမျိုးက ပြောကြားခဲ့ခြင်းဖြစ် သည်။

မရမ်းကုန်းမဲဆန္ဒနယ်မှတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်မိုးမိုးစုကြည်ကို အသစ်တိုးချဲ့ ဖွဲ့စည်းလိုက်သည့် လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၏ ဝန်ကြီးအဖြစ်ခန့်အပ်တာဝန် ပေးလိုကြောင်းကို ဇူလိုင် ၁ရက်က ပြုလုပ်သည့် တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် တိုင်းလွှတ်တော် ဒုတိယဥက္ကဌက လွှတ်တော်၌ကြေညာခဲ့ပြီး ယနေ့လွှတ်တော်အစည်းအဝေးတွင် အတည်ပြုခဲ့ခြင်းဖြစ်ကြောင်းသိရ သည်။

လက်ရှိတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါ်မိုးမိုးစုကြည်ကို လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်း အားအရင်းအမြစ်ဝန်ကြီးဌာန၏ ဝန်ကြီးအဖြစ်ခန့်အပ်ပြီးဖြစ်သည့်အတွက် ဝန်ကြီးတစ်ဦး၏အဆောင်အယောင် များနှင့်ရုံးခန်းအတွက်ပြင်ဆင်ပြီးဖြစ်ကြောင်းလည်း ကရင်တိုင်းရင်းသားရေးဝန်ကြီးဒေါ်နော်ပန်းသဥ္ဖာမျိုးက ပြောကြားသည်။

“ဝန်ကြီးအသစ်အတွက် လည်း ကျွန်မတို့ရုံးခန်းတွေအတွက် ကျွန်မတို့ပြင်ဆင်ထားပါပြီ။နေတဲ့အိမ် အတွက် လည်း ကျွန်မတို့စီစဉ်ပြီးပါပြီ။ဝန်ကြီး တစ်ယောက်ရဲ့အဆောင်အယောင်တွေအကုန်လုံးကို ပြင်ဆင်ပြီးပါပြီ” ဟု ကရင်တိုင်းရင်းသားရေးဝန်ကြီးဒေါ်နော်ပန်းသဥ္ဖာမျိုးက ပြောကြားသည်။

ယခင်က လူဝင်မှုကြီးကြပ်ရေးကဏ္ဍကို ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဦးဇော်အေးမောင်ကတာဝန်ယူဆောင် ရွက်ခဲ့သော်လည်း ယခုအခါလူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများကို အသစ်ခန့်အပ်လိုက်သည့် ဝန်ကြီးက ကိုင်တွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

BNA

Click to comment

Most Popular

To Top