ဘင်္ဂလီပြဿနာ အပြည့်အဝစုံစမ်းစစ်ဆေးရန် ICC ရှေ့နေ့တောင်းဆိုမှု တပ်မတော် ပယ်ချ – iSeeMedia
Local

ဘင်္ဂလီပြဿနာ အပြည့်အဝစုံစမ်းစစ်ဆေးရန် ICC ရှေ့နေ့တောင်းဆိုမှု တပ်မတော် ပယ်ချ

နေပြည်တော်၊ ဇွန် ၂၈
ဘင်္ဂလီ တွေအပေါ် ရာဇာဝတ်မှု ကျူးလွန်မှုတွေကို အပြည့်အ၀ စုံစမ်းစစ်ဆေးဖို့ နိုင်ငံတကာ ရာဇာဝတ်တရားရုံး (ICC) အဖွဲ့ ရဲ့ရှေ့နေဖြစ်သူ တောင်းဆိုချက်တွေကို မြန်မာတပ်မတော်က ပယ်ချလိုက်ကြောင်း ချန်နယ်နယူး အေးရှားသတင်းက ဖော်ပြပါတယ်။
နိုင်ငံတကာ ရာဇာဝတ်ရုံးရှေ့နေဖြစ်သူ ဖာတိုယူဘန်ဆော့ဒါဟာ ဘ င်္ဂလီတွေ ရာဇာဝတ်မှု ကျူးလွန်ခံရမှုတွေအတွက် ၂၀၁၇ ခုနှစ် စက်တင်ဘာလမှာ ကနဦး စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။

ရှေ့နေ ဘန်ဆော့ဒါဟာ ဘင်္ဂလီများ ကျူးလွန်ခံရမှုတွေအတွက်အပြည့်အ၀ စုံစမ်းစစ်ဆေးဖို့ နိုင်ငံတကာ ရာဇာဝတ်တရားရုံးဆီ ပြီးခဲ့တဲ့ ရက်ပိုင်းက ထပ်မံတောင်းဆိုခဲ့ပါတယ်။

အဆိုပါ ဆုံးဖြတ်ချက်ကို ဘယ်အချိန်မှာ ချမှတ်မယ်ဆိုတာကို အတိကျမသိသေးပါဘူး၊ မြန်မာနိုင်ငံဟာ ICC မှာ လက်မှတ်ရေးထိုးပါဝင်ထားတာမရှိပါဘူး။

ဒါပေမယ့် ICC ဟာ ဘင်္ဂလီတွေ ကျူးလွန်ခံရမှုတွေအတွက် စုံစမ်းစစ်ဆေးဖို့ စက်တင်ဘာလတုန်းက ဆုံးဖြတ်ခဲ့ပါတယ်။ မြန်မာတပ်မတော် ပြောရေးဆိုခွင့်ရှိသူကတော့ ICC ရဲ့ စုံစမ်းစစ်ဆေးဖို့ ဆုံးဖြတ်ချက်တွေကို ပယ်ချခဲ့ပါတယ်။

“ မြန်မာတပ်မတော်နဲ့ အစိုးရဟာ ကျူးလွန်ခဲ့တဲ့သူတွေကို အရေးယူနိုင်ဖို့ ကြိုးပမ်းနေတယ်။ မြန်မာနိုင်ငံဟာ ဘင်္ဂလီတွေအပေါ် ကျူးလွန်သူတွေကို စုံစမ်းစစ်ဆေးဖို့ ကော်မတီ ဖွဲ့စည်း စုံစမ်းနေတယ်။ နိုင်ငံတကာ ရာဇာဝတ်တရားရုံးအနေနဲ့ မြန်မာစုံစမ်းစစ်ဆေးရေးအဖွဲ့ ရဲ့လုပ်ဆောင်ချက်တွေကို လေးစားသင့်တယ်။ နိုင်ငံတကာ ရာဇာဝတ်တရားရုံးရဲ့ ကြားဝင်စွက်ဖက်မှုတွေက မြန်မာတပ်မတော်နဲ့ မြန်မာနိုင်ငံရဲ့ ကံကြမ္မာကို ထိခိုက်စေတယ်” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ် အနောက်ပိုင်းမှာ ဘင်္ဂလီ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေကို နယ်မြေရှင်းလင်းချိန်မှာ မြန်မာအစိုးရတပ်ဖွဲ့တွေက အမှာအးယွင်း မလုပ်ခဲ့ကြောင်း မြန်မာအစိုးရနဲ့ တပ်မတော်က ပြောဆိုထားပါတယ်။
သီဟ

Click to comment

Most Popular

To Top