ဧရာဝတီတိုင်း ဒေသကြီး မအူပင်မြို့နယ်၊ ရေလဲကလေးကျေးရွာရှိ လှေဆိပ်တွင် ဖြတ်သန်းသွားလာခွင့် ကောက်ခံနေမှုကြောင့် ရွာသူ ရွာသားများနှင့် လှေမောင်းသူများ အခက်အခဲများ ဖြစ်ပေါ်နေပြီး ယင်းသို့ ကောက်ခံနေမှုကို ရွာသူရွာသားများနှင့် အတူ ကန့်ကွက်သွားမည်ဖြစ်ကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောဆိုခဲ့သည်။
အဆိုပါ တူးမြောင်းကို ၁၉၇၀ ခုနှစ်က ရွာသူ ရွာသားများ ကိုယ်တိုင်တူးဖော်ခဲ့ကာ
၁၉၉၅ ခုနှစ်တွင် ကုမ္ပဏီတစ်ခုက ပြန်လည် တူးဖော်ပြီးနောက် နှစ်စဉ်ကြေးဖြင့် အငှားချခြင်းဖြစ်ကြောင်း သိရသည်။
