ကိုယ့်ဂီတပုံစံပဲ အဓိကထားပြီး အရိုးသားဆုံးဆိုပြထားတယ်ဆိုတဲ့ မယ်ရီ MARY – iSeeMedia
Entertainment

ကိုယ့်ဂီတပုံစံပဲ အဓိကထားပြီး အရိုးသားဆုံးဆိုပြထားတယ်ဆိုတဲ့ မယ်ရီ MARY

ဂီတပုံစံသစ်တစ်ခုနဲ့ ဂီတလမ်းကြောင်းကိုလျှောက်လှမ်းလာတဲ့ အဆိုတော် မယ်ရီ က ခုခါမှာတော့ Mignight Thoughts သန်းခေါင်ယံ အတွေးများ ဆိုတဲ့ တစ်ကိုယ်တော်တေးအယ်လ်ဘမ်ကို
ပရိသတ်ဆီအရောက်ပို့လိုက်ပါပြီ…။

အွန်လိုင်းပေါ်မှာ သီချင်းတွေတင်ရင်း ပရိသတ်အားပေးမှုတွေရရှိခဲ့တဲ့ မယ်ရီ အနေနဲ့ တစ်ကိုယ်တော်အယ်လ်ဘမ်ထုတ်လုပ်ရန်အတွက် စဉ်းစားမှုများစွာရှိခဲ့ပြီး အကောင်းဆုံးကြိုးစားမှုတွေ ပြုလုပ်ထားကြောင်း သိရပါတယ်။

မယ်ရီ အခုလို တေးအယ်လ်ဘမ်တစ်ခုလုံးအနေနဲ့ထွက်ရှိဖို့အတွက် အများကြီး စဉ်းစားရပါတယ်…မယ်ရီက အွန်လိုင်းပေါ်မှာပဲ သီချင်းတွေတင်ရင်းပရိသတ်သိလာတဲ့သူဆိုတော့ အခုလို အယ်လ်ဘမ်လိုက်ထုတ်ရင်ရော ပရိသတ်လက်ခံပါ့မလား. ဆိုတဲ့ အတွေးတွေရှိတယ်..ပြီးတော့ မယ်ရီက သီချင်းတွေကိုလည်း မယ်ရီ့ပုံစံအတိုင်းသွားတာများတော့ တစ်ခွေလုံးစီစဉ်တဲ့အခါရသ
တစ်မျိုးတည်းမဖြစ်အောင် စဉ်းစားရပါတယ်.. .။

ပရိသတ်ကိုပြောချင်တာက မယ်ရီ ဒီအခွေထဲမှာ သီချင်းအသစ်ရော၊အဟောင်းရော ထည့်ထားပါတယ်…သီချင်းတွေအပေါ်မှာ အရိုးသားဆုံးပဲ ကြိုးစားထားပါတယ်….ပရိသတ်အတွက် နားထောင်လို့ကောင်းမယ်ထင်တဲ့သီချင်းမျိုးလေးတွေကို ခံစားပြီးထည့်ထားပါတယ်…မယ်ရီ့ကြိုးစားမှုကို အသိအမှတ်ပြုပေးပါလို့ တောင်းဆိုချင်ပါတယ်…။

မယ်ရီရဲ့ Midnight Toughs သန်းခေါင်ယံ အတွေးများ တေးအယ်လ်ဘမ် ကို ဒီဇင်ဘာ၂ ရက်နေ့မှာ စတင်ဝယ်ယူနိုင်ပြီဖြစ်ကြောင်းနဲ့ မယ်ရီရဲ့ ဓာတ်ပုံ၊ကဗျာ၊ပန်းချီများ၊ သီချင်းစာသားများပါဝင်တဲ့ Album စာအုပ်ကိုလည်းရောင်းချသွားမယ်လို့သိရပါတယ်…။

ခင်ရတီ

Click to comment
To Top