လိင်အင်္ဂါ ပြောင်းလဲပြီးမှ ထင်ရှားလာသူများ – iSeeMedia
Business

လိင်အင်္ဂါ ပြောင်းလဲပြီးမှ ထင်ရှားလာသူများ

သူတို့ကို ရုတ်တရက် ကြည့်လိုက်ရင် အမျိုးသမီးတစ်ဦးလို့ပဲ ထင်နေကြမှာ ဖြစ်ပါတယ်။ သူတို့ရဲ့ အပြင်အဆင်တွေကလည်း သာမန် အမျိုးသမီး တစ်ဦးထက်တောင် ပိုခန့်ညားနေတာ တွေ့မြင်ကြမှာ ဖြစ်ပါတယ်။ သူတို့တွေကတော့ လိင်ပြောင်းလဲမှု ပြုလုပ်ထားကြသူများ ဖြစ်ပြီး အမျိုးသား ဘဝကနေ အမျိုးသမီးဘဝကို ကူးပြောင်းထားသူတွေ ဖြစ်ကြပါတယ်။ လက်ရှိ ကမ္ဘာကြီးမှာ လိင်ပြောင်းလဲထားသူတွေ အများအပြား ရှိနေကြပြီး အချို့ လိင်ပြောင်းလဲထားသူတွေပာာ ထင်ရှား ကျော်ကြားတဲ့ အမျိုးသမီး မော်ဒယ်တွေ အဖြစ် ရပ်တည်နေကြပြီ ဖြစ်ပါတယ်။ ဒါကြောင့် လိင်ပြောင်းလဲပြီးနောက် ထင်ရှားတဲ့ မော်ဒယ် ဖြစ်လာသူတွေ အကြောင်းကို ရေးသား ဖော်ပြပေးလိုက်ပါတယ်။

 

၁။ အန်ဒရီဂျာ ပီဂျစ်

သြစတြေးလျ နိုင်ငံသားအဖြစ် ခံယူထားတဲ့ အန်ဒရီဂျာပီဂျစ်ရဲ့ ဘဝက စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။ အစောပိုင်းမှာ အမျိုးသား၊ အမျိုးသမီး မော်ဒယ်အဖြစ် လုပ်ကိုင်ခဲ့ပြီး နောက်ပိုင်းမှာတော့ လိင်ပြောင်းလဲမှု ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ အန်ဒရီဂျာပီဂျစ်ကို ဘော့စနီးယားနိုင်ငံမှာ မွေးဖွားပြီး မွေးချင်းတွေထဲမှာ အစ်ကိုကြီး တစ်ဦး ဖြစ်ခဲ့ပါတယ်။ အန်ဒရီဂျာပီဂျစ်ကို မွေးဖွားစဉ် ဘော့စနီးယားနိုင်ငံမှာ စစ်ဖြစ်ပွားနေခြင်းကြောင့် အမေ၊ အဘွားဖြစ်သူတို့နဲ့အတူ ဘဲလ်ဂရိတ်ရှိ ဒုက္ခသည်စခန်းမှာ သွားရောက် ခိုလူံခဲ့ပေမယ့် နေတိုးအဖွဲ့က ဗုံးကြဲ တိုက်ခိုက်မူကြောင့် သြစတြေးလျနိုင်ငံကို ပြောင်းရွှေ့သွားခဲ့ခြင်း ဖြစ်ပါတယ်။ သူဟာ မဲလ်ဘုန်းမြို့မှာ အထက်တန်း ပညာကို သင်ယူခဲ့ပြီး ထူးချွန်တဲ့ ကျောင်းသားတစ်ဦး ဖြစ်ခဲ့ပါတယ်။ အသက် (၁၇) နှစ် အရွယ်မှာ မော်ဒယ်ဘဝကို စတင်ခဲ့ပါတယ်။

မဲလ်ဘုန်းမြို့မှာ ရှိတဲ့ ရေကူးကန်မှာ အန်ဒရီဂျာပီဂျစ်ပာာ အလှကို မြင်တွေ့ခဲ့ပြီးနောက် မော်ဒယ်အဖြစ် လုပ်ကိုင်ဖို့ ကမ်းလှမ်းခံရခြင်း ဖြစ်ပါတယ်။ ၂၀၁၁၊ ဇန်နဝါရီမှာ ပြင်သစ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ဖက်ရှင်ပြပွဲကို အမျိုးသားအဖြစ်ရော အမျိုးသမီး အဖြစ်ပါ ဝတ်ဆင်ပြီး ဖက်ရှင်ရှိူး လျှောက်ခဲ့ရာ အောင်မြင်မူရခဲ့ပါတယ်။ ဒီနောက် နယူးယော့ခ်မြို့ အခြေစိုက် ဖက်ရှင် မဂ္ဂဇင်းမှာ မျက်နှာဖုံးရှင် အဖြစ် ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။ အန်ဒရီဂျာပီဂျစ်ပာာ အမျိုးသားထိပ်တန်း ၅၀ ဦးစာရင်းမှာ ထည့်သွင်း ဖော်ပြခံရသလို ဆွဲဆောင်မူအရှိဆုံး အမျိုးသမီး မော်ဒယ်အဖြစ်လည်း သတ်မှတ်ခံခဲ့ရပါတယ်။ ဒီနောက် တဖြည်းဖြည်း လူသိများလာပြီး ထင်ရှားတဲ့ မော်ဒယ်ဖြစ်လာခဲ့တာကြောင့် ၂၀၁၄ မှာ လိင်ပြောင်းလဲခဲ့ပြီး အမျုးိသမီး မော်ဒယ် အဖြစ်သာ လုပ်ကိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ထူးခြားတာက နာမည်ကြီး Vogue မဂ္ဂဇင်းမှာ မျက်နှာဖုံးရှင် အဖြစ် ဖော်ပြခံထားရတဲ့ ပထမဆုံး လိင်ပြောင်းလဲသူအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ အရပ်(၆ပေ၊၁လက်မ)၊ မျက်လုံးက အပြာရောင်၊ ဆံပင်က ရွှေရောင် ပိုင်ဆိုင်ထားတဲ့ အန်ဒရီဂျာပီဂျစ်ပာာ အသက် (၂၃)နှစ်သာ ရှိသေးပြီး လိင်ပြောင်းလဲထားတဲ့ မော်ဒယ်တွေထဲမှာ အထင်ရှားဆုံးအဖြစ် သတ်မှတ်ခံထားရပါတယ်။

 

၂။လီအာတီ

ဘရာဇီးလ်နိုင်ငံဖွား လီအာတီပာာ လိင်ပြောင်းလဲပြီးနောက် ထင်ရှားတဲ့ မော်ဒယ်တစ်ဦး အဖြစ် ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။ နာမည်အရင်းက လန်ဒရိုမီဒီရိုစ်စီရီဇို ဖြစ်ပြီး မော်ဒယ်အဖြစ် လုပ်ကိုင်တဲ့အခါ လီအာတီလို့ ပြောင်းလဲခဲ့ခြင်းဖြစ်ပါတယ်။ ၁၉၈၁ မှာ မွေးဖွားခဲ့တာကြောင့် လက်ရှိအချိန်မှာ အသက် (၃၄) နှစ် ရှိနေပြီဖြစ်တဲ့ လီအာတီပာာ လိင်ပြောင်းလဲထားသူတွေအတွက် စံပြတစ်ဦး ဖြစ်ခဲ့ပါတယ်။ လီအာတီပာာ အီတလီမှာ နေထိုင်ပြီး ကျော်ကြားတဲ့ မော်ဒယ်အဖြစ် ရပ်တည်နိုင်အောင် ကြိုးစားခဲ့ပါတယ်။ လီအာတီရဲ့ ဖခင်ပာာ ဘရာဇီး ဘောလုံးသမားကြီး တိုနီပာိုစီရီဇို ဖြစ်ပါတယ်။ အမျိုးသားတစ်ဦး အဖြစ် မွေးဖွားခဲ့ပေမယ့် အမျိုးသမီးတစ်ဦး ဖြစ်ချင်တာကြောင့် ၂၀၁၁ မှာ လိင်ပြောင်းလဲ ခွဲစိတ်ကုသမူကို စတင်ခံယူခဲ့ပါတယ်။ ဒီနောက် ၂၀၁၂ မှာတော့ ထိုင်းနိုင်ငံကို လာရောက်ပြီး အလုံးစုံ လိင်ပြောင်းလဲမူကို ပြုလုပ်ခဲ့ပါတယ်။

၂၀၁၃၊ ဇန်နဝါရီမှာ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းခန်းမှာ လိင်ပြောင်းလဲခြင်းကြောင့် အမြင်အမျိုးမျိုး ရှိနိုင်တယ်လို့ ပြောကြားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဒီလိုလုပ်ခဲ့ခြင်း အပေါ် ကျေနပ်မိကြောင်း ပြန်ပြောင်း ပြောဆိုခဲ့ပါတယ်။ လီအာတီက မိမိအနေဖြင့် လိင်နှစ်ခုစလုံးတွင် ဆွဲဆောင်နိုင်သူ ဖြစ်လာအောင် လုပ်နိုင်စွမ်းရှိကြောင်း ပြောကြားခဲ့ပါတယ်။ လီအာတီပာာ အမေရိကန် အခြေစိုက် ဆံပင်နဲ့ ပတ်သက်တဲ့ အလှပြင် ပစ္စည်းတွေ ထုတ်လုပ်တဲ့ REDKEN အမှတ်တံဆိပ်ရဲ့ မော်ဒယ်အဖြစ် သတ်မှတ်ခံထားရပြီး မော်ဒယ်ရှိူးပွဲ မြောက်မြားစွာနဲ့ မဂ္ဂဇင်း မျက်နှာဖုံးရှင် အဖြစ် ကြိမ်ဖန်များစွာ ပါဝင်ခဲ့ဖူးပါတယ်။ ထင်ရှားတဲ့ အလှပြင်ပစ္စည်းရဲ့ မော်ဒယ်အဖြစ် သတ်မှတ်ခံရခြင်းပာာ လိင်ပြောင်းလဲထားတဲ့ မော်ဒယ်တွေအတွက် ကြီးကျယ်တဲ့ အောင်မြင်မူ ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။

 

၃။အစ်အစ်ကင်း

လိင်ပြောင်းလဲထားတဲ့ နာမည်ကျော် အမေရိကန် မော်ဒယ်တစ်ဦး ဖြစ်ပါတယ်။ အာဖရိ အမေရိကန် ဖြစ်တာကြောင့် ချောမော လှပသူအဖြစ် သတ်မှတ် ခံထားရပါတယ်။ အမျိုးသားတစ်ဦး အဖြစ် မွေးဖွားခဲ့ပေမယ့် ငယ်စဉ်ကတည်းက အမျိုးသမီးတစ်ဦး အဖြစ် ခံယူခဲ့ပါတယ်။ အစ်အစ်ကင်းပာာ သူ့ရဲ့ ကိုယ်ခန္ဓာပာာ မှားယွင်းနေကြောင်း မကြာခဏ ထုတ်ဖော် ပြောကြားခဲ့ဖူးပါတယ်။ ၁၉၈၅ မှာ မွေးဖွားခဲ့တာကြောင့် အသက် (၃၃) နှစ်ရှိနေပြီ ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက မိန်းမလျာစိတ် ပေါက်နေပေမယ့် ကျောင်းသားဘဝမှာတော့ ဂေးတစ်ဦး ဖြစ်ကြောင်း ပွင့်လင်းစွာ ထုတ်ပြောခဲ့ခြင်း မရှိပါဘူး။ ၂၀၀၇မှာ အမေရိကန် ပြည်ထောင်စုက ဆယ်ကျော်သက် မိန်းမလျာတွေ အကြောင်းရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒီနောက် မိန်းမအဖြစ် ကူးပြောင်းနိုင်ဖို့ ဆေးကုသမူတွေ ပြုလုပ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အမျိုးသမီးအဖြစ် ကူးပြောင်းနိုင်ဖို့ လိင်ပြောင်းလဲမူ ပြုလုပ်ခဲ့ပါတယ်။ ဒီလိုပြုလုပ်ပြီးတဲ့ နောက်မှာ အမေရိကန် ရုပ်ရှင်ဇာတ်လမ်းတွဲမှာ ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုပာာ ဂေးတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီး အမြဲတမ်း တိုက်ပွဲဝင်နေတဲ့ နိုင်ငံဖြစ်ပြီး အစ်အစ်ကင်းပာာ ဂေးတွေအတွက် စံပြ သူရဲကောင်း ဖြစ်လာခဲ့ပါတယ်။

အစ်အစ်ကင်းပာာ မော်ဒယ်လောကမှာ အောင်မြင်မူတွေ ရယူနိုင်ခြင်းပာာ လိင်ပြောင်းလဲထားခြင်းကြောင့် ခွဲခြား ဆက်ဆံနေရသူတွေအတွက် အားတက်စရာ ဖြစ်ခဲ့ပါတယ်။ အစ်အစ်ကင်းပာာ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ပြီးနောက် မဂ္ဂဇင်း မျက်နှာဖုံးတွေမှာ ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။ နာမည်ကြီး အမှတ်တံဆိပ် American Apparel မှာ လိင်ပြောင်းလဲထားသူ အနေနဲ့ ပထမဆုံး ပါဝင်ခွင့်ရသူ ဖြစ်လာခဲ့ပါတယ်။ အစ်အစ်ကင်းက မိမိကို လိင်ပြောင်းလဲထားမူကြောင့် အမျိုးသမီးတစ်ဦးအဖြစ် သိရှိထားသော်လည်း ယင်းသို့ မပြုလုပ်မီ ကတည်းက အမျိုးတစ်ဦး အဖြစ် စိတ်ထဲတွင်ရှိနေပြီးသား ဖြစ်ကြောင်း တွေ့ဆုံမေးမြန်းခန်း တစ်ခုမှာ ဖြေကြားခဲ့ပါတယ်။

 

၄။ ဂျီနာရိုစီရို

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ မွေးဖွားခဲ့သူဖြစ်ပြီး ငယ်စဉ်ကတည်းက အမျိုးသမီးတစ်ဦးလို ဖြစ်အောင် ရင်သားကြီးစေမယ့် ပာိုမုန်းဆေးတွေ ထိုးနှံမူ ပြုလုပ်ခဲ့ပါတယ်။ အလှမယ် ပြိုင်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်ရင်း မော်ဒယ်လောကထဲ ရောက်လာသူဖြစ်ပါတယ်။ အလုပ်သမား မိသားစုက မွေးဖွားခဲ့သူ ဖြစ်တာကြောင့် ဆင်းရဲခဲ့ပါတယ်။ အသက် (၁၅) နှစ်အရွယ်မှာ အလှမယ်ပြိုင်ပွဲ ဝင်ရောက်ခဲ့ပြီးနောက် အသက် (၁၇)နှစ် အရွယ်မှာ မိသားစုနဲ့ အတူ အမေရိကန်ကို ပြောင်းရွှေ့ နေထိုင်ခွင့်ရခဲ့ပါတယ်။ ထူးခြားတာက အမေရိကန်ကို ရွှေ့ပြောင်းတဲ့အခါ သူ့ကိုယ်သူ အမျိုးသမီးတစ်ဦးအဖြစ် ခံယူခဲ့ပြီး ကျား၊မ ခွဲခြားတဲ့ ဖောင်မှာ “မ”လို့ ရေးသားခဲ့ခြင်း ဖြစ်ပါတယ်။ အသက် (၂၁)နှစ် အရွယ်မှာ လိင် ပြောင်းလဲခဲ့ပြီး မော်ဒယ်အဖြစ် စတင် လုပ်ကိုင်ခဲ့ပါတယ်။ နယူးယော့ခ် အခြေစိုက် စားသောက်ဆိုင် တစ်ခုအတွက် ကြော်ငြာမော်ဒယ် အဖြစ် စတင်လုပ်ဆောင်ခဲ့ပြီး နာမည်ကြီး မော်ဒယ်တစ်ခုနဲ့ စာချုပ်ချုပ်ဆိုမှု ပြုလုပ်ခဲ့ပါတယ်။ ၂၀၁၄မှာ အခြား လိင်ပြောင်းထားတဲ့ မော်ဒယ်တွေနဲ့ တွဲဖက်ပြီး မဂ္ဂဇင်း မျက်နှာဖုံးမှာ ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။ မော်ဒယ် အဖြစ် အသက်မွေးခဲ့တဲ့ (၁၂) နှစ်တာ ကာလအတွင်းမှာ အလုပ်မျိုးစုံလုပ်ခဲ့ပြီး ဂေးအခွင့်အရေးတွေကိုလည်း တက်ကြွစွာ ဆောင်ရွက်ခဲ့ပါတယ်။ ဂျီနာရိုစီရိုက မိမိအနေဖြင့် ငယ်စဉ်ကတည်းက အဖြစ်ချင်ဆုံး မော်ဒယ်တစ်ဦး ဖြစ်ခွင့်ရခြင်းကြောင့် ကျေနပ်မိကြောင်း၊ မိမိ၏ အတွင်းစိတ်နှင့် အပြင်စိတ်သည် ကွဲပြားခြားနားခြင်း မရှိကြောင်း ပြောကြားခဲ့ပါတယ်။

Click to comment

Most Popular

To Top